Riot မှ League+ Application ကို Riot Mobile အဖြစ်ပြောင်းလဲ

Riot Games, Inc ဆိုတာကတော့ League of Legends, League of Legends: Wild Rift, VALORANT နဲ့တစ်ခြား နာမည်ကြီး ဂိမ်းတွေထုတ်လုပ်ဖြန့်ချီတဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အောင်မြင်တဲ့ဂိမ်းတွေကို ပိုင်ဆိုင်ထားပြီး ကစားသူတွေရဲ့ ဆန္ဒတွေကိုလည်း အကောင်းဆုံးဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ ကစားတဲ့သူတွေကို ပိုကောင်းတဲ့ သတင်းအချက်အလက်တွေ ကောင်းမွန်ပြီး ကျယ်ပြန့်တဲ့ ecosystem မျိုးပေးချင်တဲ့အတွက် League+ Application ကို Riot Mobile အဖြစ် upgrade ပြုလုပ်ပြီး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

Photo Source leagueoflegends.com

၂၀၁၉ ခုနှစ်မှာ League+ ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၁ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ League+ ကို Riot Mobile နာမည်တဲ့ ပြောင်းလဲလိုက်မှာ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေနဲ့အတူ ပုံစံအသစ် လုပ်ဆောင်ချက် အသစ်တွေနဲ့ ကစားသူတွေကို ပိုကောင်းတဲ့အတွေ့အကြုံတွေနဲ့ esports ကို ပိုထောက်ပံ့ပေးနိုင်အောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ထွက်ရှိလာမယ့် Riot Mobile v1.0 မှာ Player Profiles, Cross-Game & Cross-Region Chat နဲ့ Friends တွေရှာဖွေတာ Conversations တွေစတင်ရလွယ်ကူအောင် ပြုလုပ်တာတွေ ပါဝင်မှာပါ။

Riot Mobile မှာဆိုရင်တော့ Riot ကထွက်ရှိခဲ့တဲ့ League of Legends, League of Legends: Wild Rift, VALORANT, Legends of Runeterra, Team Fight Tactics စတဲ့ဂိမ်းတွေရဲ့ Newsfeed တွေပါဝင်မှာဖြစ်ပါတယ်။ ဂိမ်းတွေရဲ့ Update တွေ သတင်းတွေနဲ့ Event တွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။ Riot ရဲ့ ဂိမ်းတစ်မျိုးတည်း ဆော့ကစားတဲ့ သူတွေအတွက်လည်း Newsfeed တွေကို Filter အသုံးပြုပြီး စီစစ်ကြည့်လို့ရပါတယ်။

Riot Mobile ကိုစတင်အသုံးပြုဖို့အတွက် ဂိမ်းတွေမှာ Login ပြုလုပ်သလိုပဲ Riot Account, Facebook, Google နဲ့ Apple ID အကောင့်တွေအသုံးပြုပြီး ဂိမ်းအကောင့်ကို ဝင်ရောက်နိုင်ပါတယ်။ ဂိမ်းနဲ့ပက်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေဖော်ပြပေးမယ့် News, Esports ပွဲစဉ်တွေ အချိန်ဇယားတွေကို ဖော်ပြပေးမယ့် Esports, ကိုယ်ဆော့တဲ့ ဂိမ်းထဲက သူငယ်ချင်းတွေနဲ့ စကားပြောနိုင်မယ့် Social နဲ့ ကိုယ့်ရဲ့အကောင့်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

Photo Source leagueoflegends.com

League+ application အသုံးတဲ့သူတွေကတော့ အသစ်ထပ်မံ download ဆွဲစရာမလိုဘဲ update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Riot Mobile application ကို android နဲ့ iOS အသုံးပြုသူတွေအတွက် Google Play Store နဲ့ App Store တို့မှာ အခမဲ့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ SEA Region ကို support မလုပ်သေးတဲ့အတွက် Download ဆွဲတာဖြစ်ဖြစ် App ထဲဝင်တာဖြစ်ဖြစ် Region ကိုတော့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။