ဖေဖေ၊ မေမေတို့ မဖြစ်မနေဆောင်ထားသင့်တဲ့ Yin Thway Application

ချစ်စရာ ရင်သွေးလေးတွေရဲ့ ကျန်းမာရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုပိုင်းဆိုင်ရာနဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေအတွက် ဖေဖေ၊ မေမေတို့ ဘယ်လိုလေ့လာနေကြလဲ။ ဆရာဝန်တွေ၊ ဆေးခန်းတွေကို ဖုန်းဆက်မေးလိုက်၊ အင်တာနက်ပေါ်ကလိုက်ရှာလိုက်နဲ့ နေရာစုံက လိုက်ရှာပြီး ရင်သွေးလေးတွေအတွက် ကြိုးစားပေးနေတာတွေက Yin Thway Application နဲ့ဆို အားလုံး အဆင်ပြေသွားပါပြီ။ Yin Thway App ဆိုတာကတော့ ရင်သွေး လေးတွေ ပိုင်ဆိုင်ထားတဲ့ ဖေဖေ၊ မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေကို တစ်နေရာတည်းမှာ လေ့လာဖတ်ရှုနိုင်မဲ့ Application တစ်ခု ဖြစ်ပါတယ်။

Image: YinThway Facebook Page

ပထမအဆင့်အနေနဲ့ Yin Thway Application ကို စတင်အသုံးပြုဖို့အတွက် ဖေဖေ၊ မေမေတို့က ဖုန်းနံပါတ်နဲ့ အကောင့်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အကောင့်ပြုလုပ်ပြီး အထဲရောက်ပြီဆိုတာနဲ့ ကလေးငယ်လေးတွေရဲ့ သွားပေါက်ချိန်၊ (၂) လသားအရွယ်လေး ကနေ (၂) နှစ်အရွယ် ကလေးတွေအထိ သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို ဖတ်ရှု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုအဆင့်တွေပဲလားဆိုတော့ ကလေးတွေအတွက် ဘယ်အချိန်၊ ဘယ်အရွယ်မှာ၊ ဘာကာကွယ်ဆေးကို ထိုးရမယ်ဆိုတဲ့ အချက်အလက်တွေ၊ ကျန်းမာရေးဆောင်းပါးတွေနဲ့ အိပ်ယာဝင်ပုံပြင်တွေကိုပါ တစ်နေရာ တည်းမှာ လေ့လာဖတ်ရှုနိုင်ဦးမှာ ဖြစ်ပါတယ်။

Yin Thway Application ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုယ့်ကလေးကို မန်ဘာဝင်ထားပေးနိုင်သလို ကိုယ်ဝန်ဆောင်အနေနဲ့လည်း မန်ဘာဝင်နိုင်ပါသေးတယ်။ Yin Thway Application မှာ Member ဝင်ထားမယ်ဆိုရင်တော့ ကလေးကျန်းမာရေးနဲ့ပက်သက်လို့ လိုအပ်တဲ့အကြံဉာဏ်တွေကို ချက်ချင်းရယူနိုင်သလို၊ အန္တရာယ်ရှိတဲ့ရောဂါလက္ခဏာ အချိန်မလွန်ခင်သိရှိနိုင်တဲ့အတွက် အချိန်မှီကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၄ နာရီ ၇ ရက်ပတ်လုံး ကလေးကျွမ်းကျင် ဆရာဝန်တွေနဲ့ အကန့်အသတ်မရှိ တိုက်ရိုက်ဆွေးနွေးနိုင်မယ့်အပြင် ကွန်ပြူတာအခြေပြု တစ်သက်တာဆေးမှတ်တမ်းထားရှိနိုင်မှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်ဖုန်းခေါ်ဆိုပြီး ကျန်းမာရေးအခြေအနေကို ဆွေးနွေးမေးမြန်းနိုင်မှာ ဖြစ်တဲ့အတွက် ရင်သွေးလေးတွေပိုင်ဆိုင်ထားတဲ့ ဖေဖေ၊ မေမေ တို့ ဆောင်ထားသင့်တဲ့ Application တစ်ခု ဆိုရင်လည်း မမှားပါဘူး။

Image: Google Play Store

Member ဝင်ချင်တဲ့ ဖေဖေ၊ မေမေ တို့အနေနဲ့ လစဉ်ကြေး –

(၁) လ – ၂၄,၀၀၀ ကျပ်

(၃) လ – ၃၅,၀၀၀ ကျပ်

(၆) လ – ၅၅,၀၀၀ ကျပ်

(၁) နှစ် – ၉၅,၀၀၀ ကျပ်နဲ့ အသီးသီးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Member ဝင်ဖို့အတွက် Yin Thway Customer Service Hotline Phone 09774778000 (လိုင်းခွဲ နံပါတ် -၂) ကိုဆက်သွယ်ခေါ်ယူနိုင်သလို YinThway Maternal & Child Call Center Facebook Page Messenger ကတစ်ဆင့်လည်း အသေးစိတ်မေးမြန်းစုံစမ်းပြီး Member ဝင်ရောက် နိုင်ပါတယ်။

Yin Thway Application ကို Download ပြုလုပ်လိုတဲ့ Android အသုံးပြုသူ ဖေဖေ၊ မေမေတို့အနေနဲ့ Google Play Store မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ iOS အသုံးပြုတဲ့ ဖေဖေ၊ မေမေ တို့အတွက်တော့ iOS Version မထွက်သေးဘူးလို့ သိရပါတယ်။