Microsoft ရဲ့ AI-powered Copilot ကို Android App အဖြစ် အခမဲ့ အသုံးပြုနိုင်ပြီ

Windows 11 တွေပေါ်ကို ရောက်ရှိလာတဲ့ Microsoft ရဲ့ AI-powered Copilot AI ဟာ အတော်လေး အံ့ဩစရာကောင်းသလို ဘက်ပေါင်းစုံမှာ အသုံးတည့်နေတဲ့ AI တစ်ခု ဖြစ်ပါတယ်။ ChatGPT ဟာလည်း ထွက်ရှိလာပြီး အောင်မြင်မှုအတော်အသင့်ရပြီးတဲ့နောက်မှာ Android ဘက်ကို Application အနေနဲ့ ခြေချ လာခဲ့သလိုပဲ Microsoft အနေနဲ့လည်း သူ့ရဲ့ Copilot ကို Android User တွေအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့ကစပြီး အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Image: Google Play Store

အခုလို Android User တွေအတွက် Device တွေထဲမှာ အသုံးပြုစရာ OpenAI ရဲ့ ChatGPT, Microsoft ရဲ့ Bing AI App, Microsoft Copilot တို့လို နာမည်ကြီး Platform တွေရဲ့ AI App တွေ၊ နောက်ဆုံးမော်ဒယ်တွေနဲ့ GPT-4, DALL-E 3 Support ပေးတဲ့ တခြား AI Ap တွေ အသုံးပြုနိုင်လာတဲ့အတွက် AI တွေရဲ့ အခန်းဂဏ္ဍကပိုပြီး ကြီးမားလာနေပြီ ဖြစ်ပါတယ်။

Microsoft Copilot Application ကို ပုံမှန် AI Feature တွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အသုံးပြုသူတွေအနေနဲ့ အကောင့်ဖွင့်စရာမလိုဘဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Microsoft Account နဲ့ ချိတ်ဆက် အသုံးပြုမယ် ဆိုရင်တော့ ပိုများတဲ့မေးခွန်းတွေနဲ့ Conversation အရှည်ကြီးတွေအထိ ခွင့်ပြုထားပါသေးတယ်။ အခကြေးငွေ ပေးဆောင်စရာမလိုဘဲ ChatGPT လို အခမဲ့ Download အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့မေးခွန်းတစ်ခုကို ကိုယ်လိုချင်တဲ့ Tone ပုံစံမျိုးနဲ့ မေးမြန်းဖြေကြားစေနိုင်သလို Microphone Icon ကိုနှိပ်ပြီး အသံနဲ့လည်း Prompt ပေးပြီး မေးခွန်းတွေမေးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံပို့ပြီး ဒါမှမဟုတ် တခြားဓာတ်ပုံတစ်ခုကို Analyze လုပ်ခိုင်းဖို့အတွက်လည်း Copilot ကိုခိုင်းစေနိုင်ပါသေးတယ်။ ပိုပြီး ယုံကြည်တိကျတဲ့ အဖြေတွေ၊ တုန့်ပြန်ချက်တွေအတွက် GPT-4 ကိုပြောင်းလဲနိုင်တာကလည်း အားသာချက်တစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေပိုပြီး အဆင်ပြေစေဖို့ Light Mode, Dark Mode ကိုလည်း ကိုယ်စိတ်ကြိုက်ပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။

Image: Google Play Store

“Copilot ဟာ OpenAi ရဲ့ နောက်ဆုံးပေါ်မော်ဒယ်တစ်ခုဖြစ်တဲ့ GPT-4 နဲ့ DALL-E 3 ထောက်ပံ့ပေးထားတဲ့ Microsoft ရဲ့ Chat Assistant တစ်ခု ဖြစ်ပါတယ်။ ဒီလိုခေတ်ရှေ့ပြေး AI နည်းပညာတွေဟာ မြန်ဆန်တဲ့လုပ်ဆောင်မှု၊ ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို တိချတဲ့တုန့်ပြန်ချက်မျိုးတွေပေးနိုင်တဲ့အပြင် သာမန်ရိုးရှင်းတဲ့ စာသားတစ်ကြောင်း ရေးသားပေးလိုက်တာနဲ့ အံ့အားသင့်စရာကောင်းတဲ့ Visual တွေအထိကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။” လို့ Copilot Application ရဲ့ Product Page မှာ ရေးသားဖော်ပြထားပါတယ်။

Microsoft အနေနဲ့ Bing လို AI မျိုးရှိနေတာတောင် ဘာကြောင့် Copilot ကို ထပ်ပြီးမိတ်ဆက်လိုက်လဲ ဆိုတာကတော့ Microsoft ကုမ္ပဏီမှာ သူ့ရဲ့ Product တွေကို နည်းပညာတွေနဲ့ ပေါင်းစပ်တတ်လေ့ရှိပါတယ်။ ဥပမာ Windows တွေအတွက် Copilot, Microsoft 365 အတွက် Copilot, Azure အတွက် Copilot, GitHub Copilot နဲ့ တခြားအများကြီးရှိပါသေးတယ်။ ကုမ္ပဏီအနေနဲ့ Bing Chat Platform ကိုတောင် Copilot လို့ပြောင်းလဲထုတ်ပြန်လိုက်ပြီး Brand တွေ၊ Concept တွေကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။

Image: Google Play Store

အခုထွက်ရှိလာတဲ့ Microsoft ရဲ့ Microsoft Copilot Application ကို Android အသုံးပြုသူတွေအနေနဲ့ Google Play Store မှာ အခမဲ့ဝင်ရောက် Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ iOS အသုံးပြုသူတွေအတွက်တော့ Application ကိုမချပြခဲ့သေးပေမယ့် iOS Version လည်း မကြာခင်လာတော့မယ်လို့ သိရပါတယ်။

Download Microsoft Copilot App