မြန်မာပြည်တွင်း အလွယ်တကူ Hotel Booking တင်နိုင်မယ့် Book It Application

ပိတ်ရက်မှာ မိသားစုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Vacation တွေထွက်ရင်း သွားဖို့၊ နားဖို့၊ တည်းဖို့ဆိုရင် မြန်မာနိုင်ငံတွင်းမှာတော့ ဟိုတယ်တွေကို Social Media တွေပေါ်ကနေလိုက်ရှာ၊ Google Map ကနေလိုက်ရှာရင်း ဖုန်းတွေဆက်၊ Reservation တွေလုပ်နေရပါတယ်။

အခုအသစ်မိတ်ဆက်လိုက်တဲ့ Book It Application ဟာ သွားဖို့၊ တည်းဖို့၊ နားဖို့ဆိုတဲ့ သူတွေအတွက် မြန်မာနိုင်ငံတွင်း Hotel တွေကို ဈေးနှုန်းတွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံတွေအပြင် Review တွေပါ ကြည့်ရင်း Hotel Booking လုပ်ခွင့်ရနိုင်မယ့် Application တစ်ခု ဖြစ်ပါတယ်။ Booking.com, Airbnb တို့လို App တွေကနေလည်း Booking တင်လို့ရတယ်ဆိုပေမယ့် မြန်မာနိုင်ငံတွင်း ဟိုတယ်တွေပဲ သီးသန့်ထည့်ပေးထားသလို ပိုပြီး အဆင်ပြေတဲ့ App တစ်ခုဆိုရင်လည်း မမှားပါဘူး။

Image: Book It

Book It Application ကို iOS အသုံးပြုသူတွေအနေနဲ့ App StoreAndroid အသုံးပြုသူတွေအနေနဲ့ Google Play Store ကတစ်ဆင့် Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Download ပြုလုပ်ပြီးတာနဲ့ အသုံးပြုလုပ်ဖို့အတွက် အကောင့်ပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။ အကောင့်ပြုလုပ်ပြီးတာနဲ့ Book It Application မှာ ကိုယ်တည်းချင်တဲ့ ဟိုတယ်ကို နာမည်သိရင်လည်း နာမည်ရိုက်ရှာနိုင်သလို ကိုယ်တည်းချင်တဲ့နေ့ရက်၊ လူဦးရေ အရေအတွက်၊ အခန်းအရေအတွက်တွေကို Filter နဲ့လည်း ရှာဖွေနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်တွေကိုလည်း မြန်မာနိုင်ငံတွင်း ပြည်နယ်နဲ့ တိုင်းအလိုက် မြို့အလိုက် ဟိုတယ်တွေကို ပြန်လည်ရှာဖွေနိုင်မယ့်အပြင် ဟိုတယ် အခန်းခဈေးတွေကိုလည်း သတ်မှတ် ရွေးချယ်နိုင်ပါသေးတယ်။ ဟိုတယ်တစ်ခုချင်းစီတိုင်းအတွက်လည်း အချက်အလက်အသေးစိတ်ကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။

“Enhance Your Travel Experience with BOOK IT”

Application မှာ ကိုယ် Booking တင်ထားတဲ့ Hotel, booking တင်ခဲ့တဲ့ မှတ်တမ်းတွေကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Promotion တွေကိုလည်း Book It App ထဲမှာ ဝင်ကြည့်နိုင်ဦးမှာ ဖြစ်ပါတယ်။ Booking တင်ရင်း Payment ပြုလုပ်ချင်သူတွေအတွက် Global Card, Local Card, Digital Payment, QR Payment, Mobile Banking, Web Pay တွေအပြင် Over The Counter စနစ်တွေကတစ်ဆင့်လည်း ပေးချေနိုင်ပါတယ်။

Book It အသုံးပြုသူတိုင်းအတွက် Promotion တွေနဲ့ နောက်ဆုံးအချက်အလက်တွေအတွက်လည်း Book It Facebook Page ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။