၂၀၂၄ အတွက် Social Media Image Size များ

Social media အသုံးပြုပြီး အလုပ်လုပ်နေရသူတွေအတွက် Visual ကလည်း အဓိကအရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ Research တွေအရ မြန်မာနိုင်ငံမှာ အသုံးအများဆုံးဖြစ်တဲ့ Facebook Platform မှာတောင် ဓာတ်ပုံပါဝင်တဲ့ Post တွေဟာ မပါဝင်တဲ့ Post တွေထက် Engagement ၂.၃ ဆပိုပြီး ထိရောက်မှုရှိခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ထည့်လိုက်တဲ့ပုံတွေကိုလည်း Graphic ကောင်းကောင်း၊ Ratio မှန်မှန်၊ Resolution ကောင်းကောင်းဖြစ်အောင် ဂရုစိုက်ဖို့ကလည်း မေ့ထားလို့မရပါဘူး။ Social media တွေရဲ့ Image အရွယ်အစား တွေကလည်း အမျိုးအစားပေါ်လိုက်ပြီး နှစ်စဉ်နှစ်တိုင်း ပြောင်းလဲမှုတွေလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် ၂၀၂၄ ခုနှစ်အတွက် Social Media Image Size တွေကို တစ်ခုတစ်စည်းထဲ ဖော်ပြပေးလိုက်ပါတယ်။

Image: Facebook

အခြေခံ Facebook Image Size များ

  • Profile Picture:Desktop အတွက် 170×170 pixels, ဖုန်းအတွက်
  • Cover Photo:Desktop အတွက် 851×315 pixels, ဖုန်းအတွက် 640×360.
  • Landscape Images:1200×630 pixels.
  • Portrait Images:630×1200 pixels.
  • Stories and Reels:1920×1080 pixels, 16:9 aspect ratio.

Facebook Platform ပေါ်မှာ Content Type မျိုးစုံရှိသလို Post တွေအတွက်လည်း Image Template ပုံစံတွေ အများကြီးရှိပါသေးတယ်။ Facebook မှာ upload လုပ်လို့ရတဲ့ Panorama ဒါမှမဟုတ် 360 ပုံတွေအတွက် အရွယ်အစားအမျိုးမျိုးကွဲပြားပေမယ့် 2:1 Ratio ကိုစံထားပြီး သတ်မှတ်နိုင်ပါတယ်။

Ads အတွက် Facebook Image Size များ
  • Single Image and Carousel Ads:1080×1080 pixels (1:1 aspect ratio) or 1200 x 628 pixels (1.91:1 aspect ratio).
  • In-Stream Video Ads:1080×1080 pixels (1:1 aspect ratio).
  • Slideshow Ads:1280×720 pixels, Aspect Ratio အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။
  • Marketplace Ad Sizes:ဓာတ်ပုံအတွက် 600×600 pixels; ဗီဒီယိုအတွက် 120×120 pixels.

Image: Myanmar Tech Press

အခြေခံ Instagram Image Size များ

  • Profile Picture: 320×320 pixels.
  • Square Posts: 1080×1080 pixels.
  • Portrait Posts: 1080×1350 pixels.
  • Landscape Posts: 1080×566 pixels.
  • Stories and Reels: 1080×1920 pixels, 9:16 aspect ratio.

Image အနေနဲ့သူ့ရဲ့ Platform ပေါ်ကပုံတွေရဲ့ Dimension တွေကို ဂရုစိုက်ပြီး High-resolution image တွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဒါမှလည်း ဘယ် Device ပေါ်ကကြည့်ကြည့် Engaging ဖြစ်ပြီး ကြည့်ကောင်းတဲ့ပုံမျိုးတွေ ဖြစ်နေမှာပါ။

Instagram Post Size များ (Feed Photos)
  • Square Posts: 1080 x 1080 pixels.
  • Landscape Posts: 1080 x 566 pixels.
  • Portrait Posts: 1080 x 1350 pixels.

Instagram Platform ကို စတင်ခဲ့ချိန်က Square ပုံအရွယ်အစားတွေကိုပဲ အဓိကထားသုံးခဲ့ပေမယ့် အခုအချိန်မှာတော့ Landscape နဲ့ Portrait ပုံအမျိုးအစားတွေကိုပါ အသုံးပြုနေပါပြီ။ Crop မလုပ်ဘဲ ကိုယ့်ပုံတွေကို Dimension မှန်မှန်အသုံးပြုထားဖို့ အရေးကြီးပါတယ်။

Instagram Ads Image Size များ
  • Square Ads: 1080×1080 pixels.
  • Landscape Ads: 1200×628 pixels.
  • Vertical Ads: 1080×1350 pixels.

Image: Myanmar Tech Press

အခြေခံ X (ယခင် Twitter) Platform အတွက် Image Size များ

  • Profile Picture: 400×400 pixels.
  • Header Photo: 1500×500 pixels.
  • Square Photo: 1080×1080 pixels.
  • Portrait Photo: 1080×1350 pixels.

Engagement ကောင်းပြီး Visual Content ပိုင်းမှာ ဂရုစိုက်တတ်တဲ့ X အနေနဲ့လည်း သူ့ရဲ့ Image အခြေခံ Size တွေကို Resolution ကောင်းတာတွေကိုပဲ အသုံးပြုထားပါတယ်။

Ads အတွက် X (Twitter) Image Size များ
  • Single and Multi-Image Ads: 600×335 pixels (minimum).
  • Website Card Image: 800×418 pixels for 1.91:1 aspect ratio; 800×800 pixels for 1:1 aspect ratio.
  • App Card Image: 800×800 pixels for 1:1 aspect ratio; 800×418 pixels for 1.91:1 aspect ratio.

Image: Myanmar Tech Press

အခြေခံ LinkedIn Image Size များ

Professional Network တစ်ခုဖြစ်တဲ့ LinkedIn မှာ သူ့ရဲ့ Image Guidelines တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Profile Picture: 400×400 pixels.
  • Banner Image: 1128×191 pixels.
  • Portrait Images: 627×1200 pixels.
  • Post Images: 1200×1200 pixels (square) or 1080×1350 pixels (portrait).
  • Article Images: 1200×627 pixels.
Ads အတွက် LinkedIn Image Size များ
  • ads အတွက် Company logo size: 100×100 pixels
  • Spotlight ads logo size: 100×100 pixels
  • Spotlight ads custom background image: 300×250 pixels
  • Sponsored content carousel image size: 1080×1080 pixels (1:1 aspect ratio)

Image: Myanmar Tech Press

YouTube Image Size များ

YouTube Banner Image Size: 2024×1152 pixels.

YouTube Channel ထဲအရင်ဝင်လိုက်တာနဲ့ Visitor တွေမြင်တွေ့ရမှာက Banner Image ပဲဖြစ်ပါတယ်။ Channel ရဲ့ အပေါ်ဆုံးမှာနေရာယူထားသလို ကိုယ့် Brand ရဲ့ပုံရိပ်ဆိုရင်လည်း မမှားပါဘူး။ Device တိုင်းမှာ ကြည့်ကောင်းဖို့ အတွက် Banner Image ကို သေချာပြုလုပ်ထားဖို့လိုပါတယ်။ နောက်ထပ်မေ့ထားလို့မရတဲ့ အချက်ကတော့ Device အားလုံးအတွက် Banner Image Safe Area က 1546×423 pixels ဖြစ်ပါတယ်။

YouTube Video Size: 1080p လို့လည်း သိကြတဲ့ 1920×1080 pixels.

240p ကနေ 8K အထိ Resolution ပေါင်းများစွာထဲကမှ 1080p ကအသုံးအများဆုံး Resolution တစ်ခု ဖြစ်ပါတယ်။ Resolution မြင့်လေလေ File အရွယ်အစားကြီးလေလေဖြစ်သလို Upload လုပ်ဖို့နဲ့ Video Edit ဖို့အချိန်တွေကလည်း ပိုပြီး ကြာသွားနိုင်ပါတယ်။

YouTube Thumbnail Size: 1280×720 pixels.

YouTube သုံးနေတဲ့အချိန်မှာ Viewer တွေအများဆုံး မြင်တွေ့နေရတာကတော့ YouTube Thumbnail ပါ။ ကိုယ့် Video ကို ဆွဲဆောင်မှုရှိရှိနဲ့ Video နဲ့လိုက်ဖတ်တဲ့ပုံစံ Thumbnail တွေပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ Thumbnail ဟာ 16:9 ratio နဲ့ 2MB အောက်အရွယ်အစားရှိရပါမယ်။