မထင်ထားတဲ့ ဒီဇိုင်းမျိုးနဲ့ ထွက်ရှိလာမယ့် Nothing Phone 2a

Nothing Company ရဲ့ CEO Carl Pei အနေနဲ့ အသစ်ထွက်ရှိလာမယ့် Nothing Phone 2a အတွက် လုပ်ဆောင်ချက်တချို့ကို ဖော်ပြပေးခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ တခြား Leak တွေတော့ထွက်ရှိလာခဲ့ပေမယ့် OnePlus Co-Founder Akis Evangelidis ကိုယ်တိုင်က ဒီအကြောင်းအရာတွေဟာ Fake တွေဖြစ်ကြောင်းကို ပြန်ပြီး ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုဖော်ပြပေးခဲ့တဲ့အကြောင်းအရာတွေက အရင်ဆုံးထွက်ရှိလာခဲ့တဲ့ Leak တွေအရ တချို့ဓာတ်ပုံတွေနဲ့တော့ ဆင်တူနေတာကိုတွေ့ရပါတယ်။

Nothing CEO Carl Pei.

Image: Nothing

Nothing အနေနဲ့ ဖုန်းအနောက်ဖက် Glass Shell အောက်က Hardware Element ပိုင်းနဲ့ ဒီဇိုင်းကိုတော့ လုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ Camera Island ကိုလည်း အလယ်တည့်တည့်ကိုပို့လိုက်ပြီး စက်ဝိုင်းပုံ Ring Element နဲ့ ကာရံထားပါသေးတယ်။ ပုံစံကတော့ Wireless Charging Pad နဲ့ဆင်တူပေမယ့် သေသေချာချာတော့ မသိရသေးပါဘူး။

Nothing Phone 2a နဲ့ ပက်သက်ပြီး Nothing CEO Carl Pei က
“Nothing Phone 2a ကို Specification တွေနည်းနည်း အဓိက Function တွေနဲ့ကိုက်ညီပြီး Performance ကောင်းကောင်းနဲ့ အသုံးပြုလို့တဲ့ User တွေအတွက် အဓိကရည်ရွယ်ထားပါတယ်။ Nothing ရဲ့ Signature Design ကတော့ အတွင်းကောအပြင်ပါ အရင်အတိုင်း Standout ဖြစ်နေတုန်းပါပဲ။” လို့ပြောကြားထားတဲ့အတွက် Nothing Phone 2a နဲ့ပက်သက်တဲ့အကြောင်းအရာအားလုံးကိုတော့ မသိရသေးပေမယ့် Performance ပိုင်း Balance ဖြစ်ပြီး Design ဆန်းဆန်းတွေနဲ့ Nothing Phone ကဘယ်လိုအပြည့်အစုံဖြစ်လာမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Image showing the internal structure of the Nothing Phone 2a, provided by Nothing to Digital Trends

Image: The Nothing Phone 2a internal layout showing the MediaTek Dimensity 7200 Pro chip

Nothing ကထုတ်ပြန်ပေးခဲ့တဲ့ ဓာတ်ပုံတွေအရ Nothing Phone 2a ကို MediaTek Dimensity 7200 Pro Processor ထောက်ပံ့ထားပေးပါတယ်။ ဒါကလည်း MediaTek ပါဝင်လာတဲ့ ပထမဆုံးသော Nothing Phone တစ်လုံးဖြစ်ပါတယ်။ Nothing Phone 1 မှာတော့ Snapdragon ကိုသုံးထားပေမယ့် 2a မှာတော့ MediaTek နဲ့လက်တွဲအသုံးပြုထားခဲ့ပါတယ်။

Performance ပိုင်းမှာဆိုရင် 2a ကတော့ Nothing Phone 1 ကိုလုံးဝ Upgrade လုပ်လိုက်တာလို့တောင်ပြောလို့ရပါတယ်။ ယှဉ်ကြည့်လိုက်မယ်ဆိုရင် 2a ဟာ Phone 1 ထက် ၁၈ ဆပိုပြီး Powerful ဖြစ်သလို Battery Consumption မှာဆိုရင်လည်း ၁၆ ဆအထိ လုပ်ဆောင်နိုင်စွမ်းပိုများမှာ ဖြစ်ပါတယ်။

Image showing the internal structure of the Nothing Phone 2a, provided by Nothing to Digital Trends

Image: Nothing

Nothing Phone 2a ဟာ နောက်ဆုံးပေါ် Speciafication တွေကို စိတ်ဝင်စားသူတွေအတွက်မဟုတ်ဘဲ Performance ပိုင်းကို ပိုစိတ်ဝင်စားကြတဲ့သူတွေ၊ Nothing ရဲ့ ဒီဇိုင်းပိုင်းကိုစိတ်ဝင်စားကြသူတွေအတွက် အဓိကထားထားတယ်လို့လည်းပြောထားပါသေးတယ်။

ဒီဇိုင်းပိုင်းမှာတော့ Nothing Phone 2‌a ရဲ့ အတွင်းပိုင်းကို လုံးဝဖော်ပြပေးထားမှာ ဖြစ်ပြီး MediaTek Dimensity 7200 Pro Processor, 12GB RAM နဲ့ RAM Booster Feature တွေပါဝင်မှာ ဖြစ်ပါတယ်။ RAM အတွက်လည်း Booster အသုံးပြုဖို့အတွက် 2GB, 4GB နဲ့ 8GB အထိကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Side view of Nothing Phone 2a leaked renders.

Image: OnLeaks/Smartprix

တချို့ကောလဟာလတွေအရတော့ Glyph Light ဟာ 2a မှာပါဝင်လာမလားဆိုတာတော့ မသိရသေးပေမယ့် Nother Designer Christ Weightman ကတော့ Glyph လုပ်ဆောင်ချက်တွေက အရမ်းအရေးပါတဲ့အတွက် ဒီဇိုင်းတစ်ခုလုံးကိုယှဉ်ကြည့်ပြီး Glyph ကိုဘယ်လိုအသုံးပြုရမယ်ဆိုတာ အဖြေရှာနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် 2a မှာပါဝင်မယ့် Glyph Ligh Design ဟာ Phone 1 ထက်နည်းနည်းကွဲပြားမယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ထွက်ပေါ်လာတဲ့ Report တွေအရ ထည့်သွင်းအသုံးပြုထားတဲ့ MediTek နဲ့ ဒီဇိုင်းအသစ်ဖြစ်လာနိုင်မယ့် Glygh Light တွေဟာ Nothing Phone 2a ကို စောင့်စားသင့်တဲ့ အချက်တွေ ဖြစ်သလို ဘာတွေထပ်ပြီးပါဝင်လာဦးမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။