MPT က ထောဘီ ၅ ဆ ပက်ကေ့ချ်များအတွက် အလိုအလျောက်သက်တမ်းတိုး (Auto-renewal) စနစ်ကို မိတ်ဆက်

MPT သည် ထောဘီ ၅ ဆ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) အား သက်သာသော နှုန်းထားဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
သုံးစွဲသူမှ ဝယ်ယူထားပါက အဆိုပါ ပက်ကေ့ချ်၏ လက်ကျန် ထောဘီ ပမာဏ ၅၀၀ ကျပ် အောက်သို့ရောက်ရှိ သွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား) သုံးစွဲသူများသည် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၅ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် အဆိုပါ ပက်ကေ့ချ်ကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်းနှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း တို့အတွက် သတ်မှတ်ထားသော ထောဘီ ၅ ဆ အထူးနှုန်း ထားဖြင့် (အလိုအလျောက် သက်တမ်းတိုးသည့် စနစ်အပါအဝင်) အသုံးပြုနိုင်မည် ဖြစ်သည်။

Photo Source https://www.mpt.com.mm

အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များအား *500# သို့ ခေါ်ဆိုခြင်း၊ MPT4U ၊ CRM နှင့် MPT Pay တို့မှတစ်ဆင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ ထောဘီ ၅ ဆအလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များ ဝယ်ယူသုံးစွဲသူများအနေဖြင့် ဝယ်ယူသည့် အကြိမ်တိုင်းအတွက် ထိပေါက်ကစားခွင့်ရရှိမည်ဖြစ်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံစမ်းရယူ နိုင်သည်။ ထို့အပြင် ပရိုမိုးရှင်းကာလအတွင်း ထောဘီ ၅ ဆ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များကို MPT4U မှ ဝယ်ယူပါက ထိပေါက် ကစားခွင့် ၂ ကြိမ် ရရှိမည် ဖြစ်ပါသည်။
ထောဘီ ၅ ဆ ပက်ကေ့ချ်ကို တစ်နိုင်ငံလုံးရှိ သုံးစွဲသူအများစု၏ လိုအပ်ချက်များနှင့်အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးထားပြီး MPT ၏ အသက်သာဆုံးနှင့် အဆင်ပြေဆုံး ဝန်ဆောင်မှုအဖြစ် ရွေးချယ်နိုင်မည်ဖြစ်သည်။ ထောဘီ ၅ ဆ အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် (Auto-renewal) များတွင် ဖုန်းဘေလ်ပမာဏ မတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲဝယ်ယူ၍ မရသည်မှအပ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ၅ ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းကာ အရှည်ဆုံးသက်တမ်းရှိသည့် ပက်ကေ့ချ်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်သည်။

Photo Source https://www.mpt.com.mm

MPT သုံးစွဲသူများအနေဖြင့် ထောဘီ ၅ ဆ ၏ ပက်ကေ့ချ်အမျိုးအစား ၂ မျိုးဖြစ်သော “Regular” နှင့် “Autorenewal” နှစ်မျိုးမှ မိမိနှစ်သက်ရာပက်ကေ့ချ်ကို ရွေးချယ်ဝယ်ယူနိုင်သည်။ ထို့အပြင် မိမိတို့ ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက ထောဘီ ၅ ဆ ပုံမှန် (Regular) ပက်ကေ့ချ်များကို MPT4U (သို့မဟုတ်) *500# ကိုခေါ်ဆိုပြီး လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပေးပို့ နိုင်မည်ဖြစ်သည်။
“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ထောဘီ ၅ ဆ အကျိုးခံစားခွင့်များကို ခံစားနိုင် မည်ဖြစ်သော်လည်း အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ဝယ်ယူသူများအတွက်မူ ပိုမိုသက်သာစေ မည်ဖြစ် သည်။ ထောဘီ ၅ ဆ ဖုန်းဘေလ်ကို အခြားသူများသို့ လွှဲပြောင်းပေး၍ မရပါ။
ထောဘီ ၅ ဆ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအကြောင်းပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm နှင့်တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက် သို့မဟုတ် 106 Call Center တို့တွင် စုံစမ်း မေးမြန်းနိုင်သည်။