ယာဉ်တည်နေရာတွေကို ကြည့်ရှုစစ်ဆေးနိုင်မယ့် Doe Soh GPS Tracker

ဘယ်လိုလုပ်ငန်းပဲလုပ်လုပ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် နည်းပညာဆိုတာကို ချန်ထားခဲ့လို့ မရတော့တဲ့ နည်းပညာ ခေတ်ကြီးကို ရောက်ရှိနေပါပြီ။ နည်းပညာတွေကို အသုံးပြုပြီး အသုံးပြုသူရဲ့ လုံခြုံမှု၊ အကျိုးရှိမှု၊ အသုံးဝင်မှု တွေကိုလည်း မေ့ထားခဲ့လို့မရပါဘူး။ ကားတွေ၊ ဆိုင်ကယ်တွေအသုံးပြုပြီး တစ်နေရာကနေ တစ်ရာကို ခရီးသွားတာပဲဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စ သွားလာတာဖြစ်ဖြစ်၊ ပစ္စည်းတွေသယ်ပို့ရတာပဲဖြစ်ဖြစ် ကိုယ်သွားလိုတဲ့ နေရာကို လမ်းကြောင်းမှန်မှန်နဲ့ စိတ်ချမှုရှိရှိသွားလာနိုင်ဖို့ အရေးကြီးပါတယ်။

ယာဉ်မောင်းနင်တဲ့ သူတင်မကသေးပါဘူး။ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေပဲဖြစ်ဖြစ်၊ ကုမ္ပဏီမှာ၊ အလုပ်မှာကျန်ခဲ့တဲ့ သူတွေ ဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းက ယာဉ်တွေရဲ့ နေရာကို သိထားတော့ ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။ ဒီလို ကိစ္စတွေ အတွက် အသုံးပြုရမယ့် နည်းပညာကတော့ GPS Tracker ဖြစ်ပါတယ်။ GPS လို့ခေါ်တဲ့ Global Positioning System ဟာ ကမ္ဘာတစ်ဝှမ်းက ရေဒီယိုအချက်ပြတဲ့ ဂြိုလ်တု စနစ်ကို အသုံးပြုပေးထားတဲ့အတွက် ကိုယ့်ယာဉ်မောင်း ဒါမှမဟုတ် ကိုယ့်နေရာကို စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုအသုံးလည်းဝင်သလို ဘေးကင်းစိတ်ချရမှု၊ အန္တရာယ်ကင်းမှုတွေကို ပံ့ပိုးပေးနိုင်တဲ့ GPS Tracker တစ်ခုကတော့ Doe Soh GPS Tracker ဖြစ်ပါတယ်။ Doe Soh GPS Tracker ကို စားသောက်ကုန်ပစ္စည်း ပို့ဆောင်ရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ယာဉ်တွေအပါအဝင်၊ လုပ်ငန်းသုံးကာ၊ ဝန်ထမ်း ကြိုပို့ကားများ အပြင် ငှားရမ်းထားတဲ့ ကားတွေမှာလည်း တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/Doesohgpstracker

Doe Soh GPS Tracker ကိုဝယ်ယူတပ်ဆင်သူတွေအတွက် တစ်နှစ်စာ Data Storage ကိုရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်လမ်းကြောင်း Report, အမြန်နှုန်းအချက်ပြစနစ်၊ Event Report, ခရီးစဉ် Report, စုစုပေါင်း ခရီးအကွာအဝေး၊ ယာဉ်ရပ်နားနိုင်တဲ့နေရာတွေနဲ့ ကြာချိန် Report တွေလို လုပ်ဆောင်ချက်တွေ ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Application လည်းရှိတဲ့အတွက် အသုံးပြုရ ပိုပြီး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

GPS ဝယ်ယူတပ်ဆင်မှုအတွက် ၁၄၁,၃၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး တပ်ဆင်ချိန် မိနစ် ၃၀ ဝန်းကျင်ကြာမြင့်မှာ ဖြစ်ပါတယ်။ Doe Soh GPS Tracker ကိုဝယ်ယူတပ်ဆင်လိုသူတွေအနေနဲ့ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ဝယ်ယူတပ်ဆင်နိုင်သလို Doe Soh GPS Tracker Facebook Page https://www.facebook.com/Doesohgpstracker မှာလည်း ဆက်သွယ်နိုင်ပါတယ်။