“GG Fest 2023” အတွက် SMS ကတစ်ဆင့် မဲ ပေးနိုင်သည့် အစီအစဉ် နှင့်အတူ ကံထူးဆုလက်ဆောင်များပါဝင်
GG Fest 2023 တွင် စိတ်လှုပ်ရှားစရာများဖြင့် ပိုမိုအရှိန်မြှင့် တက်လာသည်နှင့် အညီ MPT သုံးစွဲသူများ GG Fest 2023 အတွက် SMS ကတစ်ဆင့် အဆင်ပြေလွယ်ကူစွာ မဲ ပေးနိုင်မည်ဖြစ်ကြောင်း MPT ထုတ်ပြန်ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ပရိသတ်များသည် ၎င်းတို့၏ ကြိုက်နှစ်သက်ရာ E-sport အဖွဲ့ (သို့မဟုတ်) ကစားသမား (သို့မဟုတ်) Caster ၏ ကုတ်နံပါတ်ကို သက်ဆိုင်ရာ ဆုအမျိုးအစား၏ SMS Center သို့ SMS ပေးပို့ပြီး အားပေးနိုင်မည်ဖြစ်ပါသည်။ GG Fest 2023 တွင် SMS မဲ အများဆုံးရရှိသူ ကစားသမားများ၊ အသင်းအဖွဲ့များ၊ caster များ သို့မဟုတ် coach များကို ဆုများပေးအပ်ချီးမြင့်သွားမည်ဖြစ်ပါသည်။ ထို့အပြင် SMS voting ပေးသူများအတွက်လည်း MPT မှ စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များဖြစ်သည့် Realme 11 Pro၊ GG Fest ဝင်ခွင့်လက်မှတ်များနှင့် 5GB မိုဘိုင်းဒေတာများ ကံထူးနိုင်သည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။
(ဥပမာ- GG Team of the Year မှ ABC Team ကို မဲ ပေးချင်ပါက SMS Center – 30xx သို့ GGxx ဟု ပေးပို့နိုင်ပါသည်။) SMS ကတစ်ဆင့် မဲ ပေးခြင်းကို စက်တင်ဘာလ (၂၆) ရက်မှ အောက်တိုဘာလ (၂၇) ရက် အထိ ပေးပို့နိုင်မည်ဖြစ်ပြီး သုံးသလောက်သာကျသင့်သည့် အစီအစဉ်ဖြင့် မဲ တစ်ခုလျှင် (၃၅) ကျပ် သာကျသင့်မည်ဖြစ်ပြီး ကျသင့်ငွေကို ဖုန်းလက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ ဆုအမျိုးအစား နှင့် SMS Center ၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။
ဆုအမျိုးအစားများ | SMS Center | ပြိုင်ပွဲဝင် | |
GG Esports Awards | GG Team of The Year | 3030 | GG01 – AI Esports (MLBB)
GG02 – Falcon Esports (MLBB) GG03 – Genesis Esports (PUBG-M) GG04 – Impunity (HOK) GG05 – Yangon Galacticos (DOTA 2) |
GG Player of The Year | 3031 | GG01 – KSH (DOTA 2)
GG02 – Marnett (PUBG-M) GG03 – Naomi (MLBB) GG04 – Ruby DD (MLBB) GG05 – Smile (PUBG-M) GG06 – Young PH (DOTA 2) |
|
GG Caster & Panelist of The Year | 3032 | GG01 – Amma (MLBB Panelist)
GG02 – BlingX (PUBG-M Caster & Panelist) GG03 – Cast by Kid (MLBB Caster) GG04 – Caster by ZyZyy (MLBB Caster) GG05 – Caster Wai Wai (MLBB Panelist) |
|
GG Coach of the Year | 3033 | GG01 – 1Sec (PUBG-M)
GG02 – Lun (DOTA 2) GG03 – PVNDV (MLBB) GG04 – SayarGyi (MLBB) GG05 – Trust Me (PUBG-M) |
|
GG Creator Awards | Entertainment | 3034 | GG01 – A I R S T Y L E
GG02 – Aung Paing Cho GG03 – StreamingbyShinelayz |
Honorable | 3035 | GG01 – I C E I C E
GG02 – StreamingbyShinelayz GG03 – Su Htet |
|
Variety | 3036 | GG01 – APM
GG02 – Sky High GG03 – Smart on Live |
|
Female Personality | 3037 | GG01 – IngyinRR
GG02 – Monica GG03 – Su Htet |
|
Multi-talented | 3038 | GG01 – Haven PC
GG02 – StreamingbyShinelayz GG03 – Su Htet |
ဆုများကို MPT Facebook Page၊ Website၊ Viber၊ Telegram နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာ ချန်နယ်များ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို သိရှိရန် နှင့် ၎င်းတို့၏အောင်မြင်မှုများကို ဂုဏ်ပြုနိုင်ရန်အတွက် အဆိုပါချန်နယ်များကို စောင့်ကြည့်နိုင်ပါသည်။
SMS ကတစ်ဆင့် မဲ ပေးခြင်းဖြင့် MPT သုံးစွဲသူများသည် ၎င်းတို့၏ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား အားပေးနိုင်မည်ဖြစ်ပြီး GG Fest 2023 ၏ စိတ်လှုပ်ရှားဖွယ်ရာခရီးစဥ်တစ်လျှေက်တွင် ပါဝင် ပံ့ပိုးပေး နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် SMS ကတစ်ဆင့် မဲ ပေးနိုင်သည့် အစီအစဉ်တွင် ပါဝင်သည့် MPT သုံးစွဲသူများအတွက် (၅) ပတ်ဆက်တိုက် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်ထားပါသည်။ ကံထူးဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဆုလက်ဆောင်များ | အရေအတွက် |
Realme 11 Pro | (၂) လုံး |
GG Fest လက်မှတ် (GG Fest အော့ဖ်လိုင်း (Offline) ပွဲအတွက် ဝင်ခွင့်လက်မှတ်) | (၅၄) စောင် |
5 GB မိုဘိုင်းဒေတာ | (၅၀) ခု |
ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး MPT Facebook Page၊ Website၊ Viber နှင့် Telegram တို့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
GG Fest 2023 သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး စက်တင်ဘာလ (၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အတွင်း ကျင်းပလျက်ရှိပါသည်။ နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို Online သာမက Offline Event ပွဲအဖြစ်၂၀၂၃ နိုဝင်ဘာလ ၄ ရက်နှင့် ၂၀၂၃ နိုဝင်ဘာလ ၅ ရက် တွင် Rose Garden Hotel, Yangon မှာကျင်းပသွားမည် ဖြစ်ပါသည်။ MPT သည် ဂိမ်းကစားသူများအား ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီထားပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံရှိ ဂိမ်းကိုနှစ်ခြိုက်သူများအတွက် ဆန်းသစ်၍ ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများကို ပံ့ပိုးပေးနိုင်သည့်အတွက် ဂုဏ်ယူမိပါသည်။ GG Fest 2023 အတွက် SMS ကတစ်ဆင့် မဲ ပေးခြင်းသည် MPT ၏ တန်ဖိုးရှိသော သုံးစွဲသူများထံ စိတ်လှုပ်ရှားဖွယ် ကောင်းသောဖျော်ဖြေမှုကို ယူဆောင်လာနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သည့် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ပါသည်။
အသစ်သစ်သော ကံစမ်းမဲအစီအစဉ် နှင့် ကံထူးရှင်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိရန် နှင့် ပွဲအစီအစဉ်တစ်လျှောက်လုံးကို သိရှိရန် GG Fest 2023 ၏ မီဒီယာ ချန်နယ်များ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်၊ MPT Facebook နှင့် MPT Viber တို့ကို အမြဲစောင့်ကြည့်ခြင်း (သို့မဟုတ်) 106 Call Center သို့ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ပါသည်။