Esports နဲ့ Creator Award အစီအစဉ်တွေပါဝင်လာတဲ့ စိတ်လှုပ်ရှားဖွယ် GG Fest 2023

Esport Tournaments တွေ၊ ဖျော်ဖြေရေးတွေကို တစ်နေရာတည်းချပြပေးသွားမယ့် GG Fest 2023 ကြီးမှာ –

  • Mobile Legends: Bang Bang (MLBB)
  • PlayerUnknown’s Battlegrounds Mobile (PUBG-M)
  • Dota 2
  • FIFA
  • Valor ant
  • Honor of Kings
  • MLBB Female Tournaments

စတဲ့ ဂိမ်းအမျိုးအစားနဲ့ ပြိုင်ပွဲတွေအပြင် Gaming Video Creator တွေကို ဆုချီးမြင့်မယ့် GG Awards အစီအစဉ်လည်း ပါဝင်ပါသေးတယ်။

Image: GG Gaming Fest.

GG Awards ဆိုတာက Esports နဲ့ Gaming နယ်ပယ်မှာရှိနေတဲ့ Community အတွက်အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးခဲ့သူတွေကို အသိမှတ်ပြုတဲ့အနေနဲ့ Community ကနေပြန်ပြီး ဆုချီးမြှင့်ပေးခြင်း ဖြစ်ပါတယ်။  GG Awards မှာ GG Esports Awards နဲ့ GG Creator Awards ဆိုပြီး Category (၂) ခုရှိပြီး စုစုပေါင်းဆု (၉) မျိုးချီးမြှင့်ပေးသွားမှာပါ။ ဒီဆုတွေဟာ မည်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းကမှ ပေးအပ်ချီးမြှင့်တာမျိုးမဟုတ်ပဲ Community ထဲကဂုဏ်ပြုထိုက်သူတွေကို Community ကနေပြန်လည် အသိမှတ်ပြုပြီး ချစ်ခြင်းမေတ္တာကို ပြသခြင်းဖြစ်ပါတယ်။  ပရိသတ်တွေအနေနဲ့လည်း ကိုယ်အကြိုက်ဆုံး Content Creator, Player, Caster နဲ့ Coach တွေကို Voting ပေးနိုင်ပါတယ်။

Image: GG Gaming Fest.

https://bit.ly/3Prs5PA Link ထဲကတစ်ဆင့်ဝင်ရောက်ပြီး မိမိရဲ့အကြိုက်ဆုံးတွေကို ပထမအဆင့်အနေနဲ့ ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ပထမအဆင့်ရွေးချယ်မှုကနေထွက်ပေါ်လာမယ့် ဆန်ခါတင်တွေကို GG Gaming Fest. Facebook Page ကနေကြေညာပေးသွားမှာဖြစ်ပြီး လာမယ့် October မှာ ဒုတိယအဆင့် SMS Voting စနစ်နဲ့ ထပ်မယ့်ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်ပြီးရင် November 4/5 မှာကျင်းပမယ့် GG Gaming Fest. ရဲ့ ခမ်းနားတဲ့ Stage စင်မြင့်ပေါ်မှာ Winner တွေကိုကြေညာပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဆုတွေပေးအပ်သွားမှာပါ။

GG Awards အစီအစဉ်အတွက် Voting စာရင်းမှာ –

  • GG Esports Awards – GG Team of the Year
  • GG Esports Awards – GG Player of the Year
  • GG Esports Awards – GG Caster of the Year
  • GG Esports Awards – GG Coach of the Year
  • GG Creator Awards – Entertainment
  • GG Creator Awards – Honorable
  • GG Creator Awards – Female Personality
  • GG Creator Awards – Variety Streamer
  • GG Creator Awards – Multi-talented

စတဲ့ Award Category နှစ်မျိုးနဲ့ ဆုအမျိုးအစား (၉) မျိုးကို ပေးအပ်ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

Image: GG Gaming Fest.

ပထမအဆင့် ဆန်ခါတင်ရွေးချယ်မှုတွေကတော့ (၂၀.၉.၂၀၂၃) မှာ ပြီးဆုံးသွားခဲ့ပြီး ထွက်ပေါ်လာမယ့် GG Awards Nominees တွေကို (၂၂.၉.၂၀၂၃) မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ SMS Voting နဲ့ Winner တွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ တခြားအစီအစဉ်တွေနဲ့ အကြောင်းအရာတွေအတွက် GG Gaming Fest Facebook Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။