အူရီဒူးမြန်မာအား ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက် အလုပ်လုပ်ရန် အထူးကောင်းမွန်သည့်နေရာ “Great Place to Work®” အဖြစ် စတုတ္ထအကြိမ်မြောက်အသိအမှတ်ပြုခြင်းခံရ

အူရီဒူးမြန်မာသည် ၂၀၂၃ – ၂၀၂၄ ခုနှစ်အတွက် အလုပ်လုပ်ရန် အထူးကောင်းမွန်သည့်နေရာ “Great Place to Work® အဖြစ် အသိအမှတ်ပြုခံရသည့်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော “Great Place to Work® အဖြစ်  ၄ ကြိမ်တိုင် အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် ကုမ္ပဏီဖြစ်လာပါသည်။ ယခုကဲ့သို့ အဖိုးထိုက်တန်တဲ့ အသိအမှတ်ပြုမှုဟာ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုတွေကိုပံ့ပိုးပေးတဲ့ လုပ်ငန်းပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ဖို့ အူရီဒူးမြန်မာရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ သာဓကကောင်းတစ်ခုပင်ဖြစ်ပါသည်။

Great Place to Work®  အသိအမှတ်ပြုလက်မှတ်သည် ဂုဏ်သိက္ခာရှိပြီး လွပ်လပ်သည့် နိုင်ငံတကာအဖွဲ့အစည်းကြီးမှ ပေးအပ်ခြင်းဖြစ်ပြီး  ဝန်ထမ်းများအနေဖြင့် ယုံကြည်စိတ်ချမှု၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အချင်းချင်းကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေးရှိမှု၊ ဂုဏ်ယူမှုနဲ့ လုပ်ငန်းခွင်အတွေ့အကြုံ အလုံးစုံပါဝင်သည့် အဓိကျသည့် ကဏ္ဍများကို အကဲဖြတ်သည့် စစ်တမ်းမှာ အူရီဒူးမြန်မာ၀န်ထမ်းတွေရဲ့ တုံ့ပြန်ချက်တွေကို ခြုံငုံသုံးသပ်ပြီး ရရှိလာသည့် လေးနက်သည့် အသိအမှတ်ပြုမှုတစ်ခုဖြစ်ပါသည်။ ၎င်းအသိအမှတ်ပြုမှုသည် အူရီဒူးမြန်မာဝန်ထမ်းများ၏ ကောင်းမွန်သည့် လုပ်ငန်းခွင်အတွေ့အကြုံများနှင့် မြင့်မားသည့် စိတ်ကျေနပ်မှု စံနှုန်းများကို ထင်ဟပ်စေပါသည်။

Image: ooredoo

အူရီဒူးမြန်မာအနေနဲ့ Great Place to Work® အဖြစ် ၄ ကြိမ်မြောက် အသိအမှတ်ပြုခံရတဲ့အတွက် တကယ့်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီအသိအမှတ်ပြုလက်မှတ်ဟာ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးကိုတန်းတူညီမျှစွာနဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေပေးအပ်နိုင်တဲ့ ကောင်းမွန်ပြည့်စုံတဲ့ လုပ်ငန်းခွင်တစ်ခုဖန်တီးဖို့ ကျွန်တော်တို့ရဲ့ စုပေါင်းကြိုးပမ်းအားထုတ်မှုတွေကို သက်သေထူ နေတာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ကျေနပ်အားရမှုတွေ၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုလည်း ထင်ဟပ်နေတာဖြစ်ပါတယ်။ အူရီဒူးမြန်မာက ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သာမက ကောင်းမွန်တဲ့ကုမ္ပဏီဓလေ့ထုံးတမ်း ကို  မြှင့်တင်ဖို့အတွက် စဥ်ဆက်မပြတ် ရင်းနှီးမြုပ်နှံလျက်ရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Mr. Jeremiah Ratadhi က ဝမ်းမြောက်စွာ ပြောကြားခဲ့သည်။

Great Place to Work® သည် လုပ်ငန်းခွင် ဓလေ့ထုံးတမ်းများကို လေ့လာစမ်းစစ်သည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်မှ စတင်၍ ၎င်းအဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းပေါင်း သန်း ၁၀၀ ကျော်ကို စစ်တမ်းများ ကောက်ယူခဲ့ပြီး အဆိုပါ စစ်တမ်းရလဒ်များဖြင့် လုပ်ငန်းခွင်ကောင်းများကို စိစစ်သတ်မှတ်လျက်ရှိပါသည်။ အသိအမှတ်ပြု လက်မှတ်များကို လုပ်ငန်းခွင်မှဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှု အစရှိသည့် ကုမ္ပဏီ၏အားထုတ်ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့်ပေးအပ်ခြင်း ဖြစ်ပြီးဝန်ထမ်းများ၏စိတ်ကျေနပ်မှုနှင့်လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျင့်သုံးသည့် အရည်အသွေးအပြည့်ဝဆုံးသော ကုမ္ပဏီများကိုသာ အသိအမှတ်ပြု ပေးအပ်ခြင်း ဖြစ်သည်။

Scroll to Top