မြန်မာနိုင်ငံ၏ အကြီးဆုံး Online Shop တစ်ခုဖြစ်သည့် SHOP APP MM ၏ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်း
မြန်မာနိုင်ငံ၏ အကြီးဆုံး Online Shop တစ်ခုဖြစ်သော SHOP APP MM သည်၎င်း၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း တရားဝင်အသိပေး ကြေငြာချက် ထုတ်ပြန်လိုက်သည်။ SHOP APP MM သည် နာမည်ကျော် Online Shop တစ်ခုဖြစ်သော Alibaba ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး ယခုလိုရပ်ဆိုင်းရန် ဆုံးဖြတ်ရခြင်းမှာ လွယ်ကူသည့် ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်း နှင့် ယခုထုတ်ပြန်ချက်ကို ဝမ်းနည်းစွာဖြင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ကိုလည်း ဖော်ပြထား သည်။
“ကျွန်တော်တို့ SHOP APP MM ၏ လုပ်ငန်းလည်ပတ်မှုများကို မကြာမီကာလအတွင်း ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။ ဤဆုံးဖြတ်ချက်သည် ကျွန်တော် တို့အနေဖြင့် လွယ်ကူစွာချမှတ်ခဲ့ခြင်း မဟုတ်ပါ။ နှစ်ပေါင်းများစွာအတွင်း လူကြီးမင်းတို့၏ နေ့စဉ်ဘဝ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခု အဖြစ် ကျွန်တော်တို့အား လက်ခံပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ လူကြီးမင်းတို့၏ မှာ ယူမှုတိုင်း၊ ပံ့ပိုးမှုတိုင်းနှင့် အပြန်အလှန်ဆက်သွယ်မှုတိုင်းသည် ကျွန်တော်တို့အတွက် အဓိက အင်အားများဖြစ်ခဲ့ပါသည်။” ဟု SHOP APP MM မှထုတ်ပြန်ထားသည်။

Image: SHOP APP MM
ပစ္စည်းမှာယူမှု အော်ဒါများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၉) ရက်ည (၁၁ နာရီ ၅၉ မိနစ်) အထိသာ လက်ခံတော့မည်ဖြစ်ပြီး လက်ရှိမှာယူထားသော အော်ဒါများ၊ ပို့ဆောင်မှုများ၊ ပစ္စည်း ပြန်လည် ပေးပို့မှု များနှင့် ငွေပေးချေမှုများအားလုံးကို တာဝန်ယူမှုအပြည့်ဖြင့် ချော့မွေ့စွာ အပြီးသတ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပေးထားသည်။



