အရေးကြီးလာသော ဖုန်းလုံခြုံရေးနှင့် CYBERATTACKS
Image Source: https://www.proandroid.com
ဖုန်းဆင်းကဒ်များ စျေးကျလာခဲ့တဲ့လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှစ၍ မြန်မာပြည်တွင် Smartphone အသုံးပြုသူ သိသာစွာတိုးတက်လာခဲ့ပါတယ်။ ဖုန်းအသုံးပြုသူ အလွန်ပြားလာခဲ့ပေမဲ့ မိမိလက်ထဲရှိ ဖုန်းရဲ့ လုံခြံုရေးနဲ. ပတ်သက်ပြီး ဗဟုသုတများ ကိုတော့ အနည်းငယ်သာ သိကြပါတယ်။ Computer virus, phone virus, hacking စသည်ဖြင့် အခေါ်အဝေါ်အနည်းအကျင်းသာ ယေဘူယျ သိကြပါတယ်။ ဒီလို virus တွေ hacking တွေမှတဆင့် တခြားအကျိုးဆက်တွေ ဘယ်လိုရှိနေလည်းဆိုတာမျိုးနဲ. အခြား ဘာတွေ သတိထား၊ ကာကွယ်သင့်လည်းဆိုတာမျိုး အများစု သတိမပြုမိကြသေးပါဘူး။
ယခုဆိုလျှင် ကျွန်တော်တို. လက်ထဲရှိနေတဲ့ ဖုန်းများဟာ၊ ဆက်သွယ်ရေးတင်မကတော့ဘဲ၊ အိပ်ဆောင် ကွန်ပြူတာလေးများအဖြစ်ပါ၊ စွမ်းဆောင်ရည်နှင့် နည်းပညာသိသာစွာမြင့်လာပါတယ်။
Computer နီးပါ စွမ်းဆောင်ရည် မြင့်တက်လည်သည့်အတွက်၊ Wesbite များ၊ Games များကိုပါ၊ ဖုန်းနဲ. အသုံးပြုလာကြပါတယ်။
Image Source: https://medium.com
ကမ္ဘာတွင်သာမက မြန်မာတွင်ပါ၊ Social Network များဖြစ်ကြသော Facebook, Twitter, Instagram, Google+, LinkedIn အစရှိသည့် social network apps များ အသုံးပြုမှု အလွန်မြင့်တက်လာပြီးနောက်၂ဝ၁၃ ခုနှစ်နောက်ပိုင်းမှစတင်ပြီး၊ ဖုန်းများဟာ၊ ယခုဆိုလျှင် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းလိုဖြစ်လာပါတယ်။
ကျောင်းသူ၊ကျောင်းသား၊ ဝန်ထမ်း၊ အလုပ်ရှင်၊ စသည်ဖြင့် နယ်ပယ်အသီးသီးမှ လူတိုင်းဟာ ဖုန်းများကိုရည်ရွယ်ချက်အမျိုးမျိုးနဲ. အသုံးပြုကြလျက်ရှိပါတယ်။ ဖုန်းတွေထဲမှာ ကျနော်တို.ရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာ ချက်အလက်တွေဖြစ်တဲ့ ဓာတ်ပုံတွေ၊ ဖုန်းနံပါတ်တွေ၊ မှတ်စုတွေ၊ Search history တွေ၊ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ် စသည်ဖြင့် ကျွန်တော်တို.ရဲ. ကိုယ်ပိုင် personal အချက်အလက်တွေနဲ. ပြည့်နေပါတယ်။နောက်ပိုင်းဖုန်းအမြင့်တွေဆိုလျှင် နှလုံခုန်နူန်း၊ လမ်းတစ်နေ.ဘယ်လောက်လျှောက်တယ်၊ ကိုယ်အလေးချိန် မည်မျှရှိတယ်၊ ကယ်လိုရီဘယ်မျှရှိတယ် စသည်ဖြင့် ကျန်းမာရေးဆိုင်ရာတွေပါ သိနိူင်စွမ်းရှိလာသည့်အတွက် ကျန်းမာရေးရှုထောင့်က ကြည့်လျှင် အလွန်တရာမှ အကျိုးရှိပါတယ်။ သို.ပေမယ့် အဆိုပါကျွနုပ်တို.၏ အချက်အလက်တွေကို အခိုးခံရမည်ဆိုပါက မည်သည့် အကျိုးဆက်များ ဖြစ်မလဲဆိုတာ ဘယ်သူမှ သိပ်မစဉ်းစားကြပါဘူး။
အကယ်၍ မိမိဖုန်းသာ hacked ခံရပါက၊ ဖုန်းတွင်းထဲရှိ ကျွန်တော်တို. ဓာတ်ပုံများ၊ ဖုန်းနံပါတ်များ ကို အသုံးပြုပြီး၊ facebook profile အတုတည်ဆောက်ပြီး၊ ကျနော်တို. မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးများထံ ဆက်သွယ်ပြီး၊ မိမိနာမည်အသုံးပြုကာ အမျိုးမျိုး လိမ်လည်ကြတော့မှာပါ။ အနှိမ့်ဆုံး ဖုန်းငွေဖြည့်ခိုင်းခြင်းကစလို.၊ အရေးပေါ်ငွေလွှဲခိုင်းခြင်းများမှအစ၊ မိိမိအား ခြိမ်းခြောက်ငွေညှစ်ခြင်း၊ မရပါက မိမိ၏ အချက်အလက်များအား၊ ရဲများထံသို.ဖြစ်စေ ပို.စေပြီး ပြစ်မှူတစ်ခုခု၏ ရာဇဝတ်သားသဖွယ် ထင်စေခြင်းများ စသည်ဖြင့် Hacker မှ ပြုလုပ်နိူင်ချေ အများကြီးရှိနေပါတယ်။
လင့်စ် (Links)များမှတဆင့် ဖုန်းထဲသို. လျှို.ဝှက်ထောက်လှမ်းရေး Apps (Keyloggers) များ အလိုအလျောက် ထည့်သွင်းစေပြီး၊ အရေးကြီးအခြားအချက်အလက် မှန်သမျှ ရသလောက် ခိုးယူခံရတော့မှာပါ။
Image Source: https://www.mywot.com
အနီးစပ်ဆုံးဆိုရလျှင်၊ Mobile banking များပေါ်လာခြင်းကြောင့် မိမိ၏ bank လျှို.ဝှက် နံပါတ်အား ထောက်လှမ်းရေး Apps တွေအသုံးပြု ရယူစေပြီး၊ ထိုနံပါတ်များမှတဆင့် ငွေလွှဲငွေထုတ်ခြင်းများ၊ စသည်ဖြင့် အခိုးခံရသည့် အချက်အလက်များပေါ်မူတည်ပြီး၊ ဆုံးရှံးမှူများ ရှိလာမှာဖြစ်ပါတယ်
Image Source: https://play.google.com
ဥပမာ ဆိုရလျှင် ၂၀၁၄ခုနှစ် သြဂုတ်လပိုင်းတွင်၊ ဟောလိဝုဒ် ကမ္ဘာကျော်သရုပ်ဆောင်မင်းသမီး ဂျနီဖာလ် လောရန်စ်ရဲ. ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံတွေပေါက်ကြားမှူဖြစ်ခဲ့ပါတယ်၊ Hacker တွေဟာ အဆိုပါမင်းသမီးရဲ. ဓာတ်ပုံနဲ. Personal data တွေရှိတဲ့ Apple iCloud ကိုတိုက်ခိုက်ပြီး၊ ဓာတ်ပုံတွေကို အင်တာနက်ပေါ်တင်ခဲ့ပြီး ပြန်.နှံ. စေခဲ့ကြပါတယ်။ အဆိုပါမင်းသမီး၏ အတွင်းရေး ဓာတ်ပုံများဖြစ်သည့်အတွက် ဆုံးရှံးမှူကြီးမားခဲ့ပါတယ်။
Image Source: http://recenthdphotos.blogspot.com
ဖုန်းများ Hack ခံရခြင်းများတွင် များသောအားဖြင့် အချက် ၄ ချက်ကြောင့် Hack ခံကြရပါတယ်။အများအားဖြင့် မိမိ data များမှတဆင့် ခန်.မှန်းပြီး Hack နိူင်ပါတယ်။Social Engineering နည်းလမ်းများဖြင့် အမျိုးမျိုးလိမ်လည်ပြီး Hack ခံရနိူင်ပါတယ်။အသုံးပြုနေသော ဖုန်းသည် update မဖြစ်ပါကလည်း လုံခြံုရေး ယိုပေါက်များရှိနေနိူင်ပြီး Hack ခံရနိူင်ပါတယ်။Websites များ Social Networks များ (facebook,twitter,instagram) တွင် စိတ်ဝင်စားဖွယ်ရေးထားသော Links များအား ဒီအတိုင်းမစဉ်းစား၊ မဆင်ခြင်ပဲ မနှိပ်ပါနဲ.။ (Links တိုင်းအားမဆိုလိုပါ) Virus Links များ၊ အခြား Cyberattacks Links များ ဖြစ်နေနိူင်ပါတယ်။
Image Source: https://flavioguardia.jusbrasil.com.br
Password များအား တစ်လတခါဖြစ်စေ အနည်းဆုံးပြောင်းပြောင်းသုံးပါ။Password များအား လွယ်လွယ်ကူကူမပေးပါနဲ. @#$ စသည်ဖြင့် Special characters များထည့်သွင်း အသုံးပြုပါ ။ (ဥပမာ password, spacebar, မွေးနေ.နံပါတ်များ၊ ချစ်သူနံမည်များ စသည်ဖြင့်မသုံးသင့်ပါ)Password တွေအစား Passphrase များ ပြောင်းသုံးပါ။ (ဥပမာ၊ TomorrowIsNotYesterdayButTodayIsToday@#100 စသည်ဖြင့် Special characters များ စာလုံးအကြီးများ၊ ဂဏန်းများ ကို ထည့်သွင်းအသုံးပြုပါ)
အကယ်၍ ဖုန်းသည်၊
SMS များအလိုအလျောက်ပို.နေခြင်း၊ လက်ခံနေခြင်းများ။
Apps များမိမိကိုယ်တိုင်မသွင်းပဲ၊ အလိုအလျောက်သွင်းနေခြင်းများ။
ပုံမှန်ထက် Battery ပိုကုန်နေခြင်းများ၊ ဖုန်းပိုပူနေခြင်းများ။
ဖုန်းအင်တာနက် Data မိမိသုံးသည်ထက် ပိုကုန်နေခြင်းများ။
စသည်ဖြင့် မင်္သကာဖွယ် ဖြစ်နေပြီဆိုလျှင် ကျွမ်းကျင်သူထံဖြစ်စေ၊နားလည်ပါက မိမိကိုယ်တိုင်ဖြစ်စေ ဖုန်းကို သေချာပြန်လည်စစ်ဆေးခြင်းများ၊လျှိ.ဝှက်နံပါတ်များပြောင်းလဲခြင်းများ ဖြင့် ကာကွယ်နိူင်ပါတယ်။
Myo Than Htike