တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Website 

Image Source: https://rtad.gov.mm

လူတို့နေထိုင်ရာဤကမ္ဘာပေါ်တွင် တစ်နေ့ထက် တစ်နေ့ နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ကမ္ဘာပေါ်တည်လျက်ရှိသောမြန်မာနိုင်ငံတွင်လဲ နည်းပညာများ တစ်စထက် တစ်စပြောင်းလဲလာတာကိုတွေ့မြင်နိုင်ပါသည်။ ယခုအခါ ပြည်သူအများက တင်မြှောက်ထားသော ပြည်သူ့အစိုးရထက်တွင် ပြည်ပရင်းနှီးမြုပ်နှံမှုများ၀င်ရောက်လာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး တို့မှာလည်းတိုးတက်လာခဲ့ပါတယ်။
ထို့အတူ မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန် နည်းဥပဒေများ ပြောင်းလဲလာခြင်းနဲ့အတူ မော်တော်ကား ဈေးကွက်ကို လှုပ်ခတ်လာခ့ဲပြီး နိုင်ငံခြားမှ မော်တော်ကားတင်သွင်းမှုများပြားလာခဲ့ပါတယ်။ ထိုကဲ့သို့ မော်တော်ကားတင်သွင်းမှုများပြားလာခဲ့ခြင်းကြောင့်မော်တော်ကား လိုင်စင်လျှောက်ထားရာတွင် အခက်အခဲများဖြစ်ပေါ်လာခဲ့ပြီး ယခင်ကဆိုလျှင် မော်တော်ကား လိုင်စင်လျှောက်ထားရာတွင် တစ်နေကုန်နီးပါးမျှကြာမြင်ခဲ့ပါတယ။ ယာဉ်သက်တမ်းတိုးသည့် စီးရေများပြားလာခြင်း အခက်အခဲများကိုကြုံတွေ့ခဲ့ရပါသည်။
အဆိုပါ အခက်အခဲများကို လျော့နည်းစေရန်အတွက်အချိန်များမကြန့်ကြာအောင် မြန်မာနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အစည်းအေ၀းပွဲများစွာကျင်းပခဲ့ပြီး နောက်ဆုံးမှာတော့ Online Booking စနစ်ကို ၂၇.၁၂.၂၀၁၇ ရက်နေ့တွင်စတင်ကျင့်သုံးခဲ့ပါသည်။ ယာဉ်စစ်ဆေးရာတွင် ယာဉ်၏သက်တမ်း ကုန်ဆုံးရက်မတိုင်မီ ၃လ ကြိုတင်ယူရမှာဖြစ်ပါတယ်။ နှစ်လဲမှတ်ပုံတင်ယာဉ်စစ်ဆေးရက်ချိန်းရယူသူများအနေဖြင့် အနည်းဆုံး ၃ ရက်မှှ အများဆုံး ရက် ၃၀ အထိကြိုတင်ရယူနိုင်ပါတယ်။

Image Source: https://rtad.gov.mm

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Website (https://rtad.gov.mm) တွင် ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်လိုင်စင် နှင့် ယာဉ်/လမ်းစည်းကမ်းသင်တန်း ရက်ချိန်းရယူနိုင်ပါတယ်။ ယာဉ်မောင်းလိုင်စင် ရက်ချိန်းရယူရန်လျှောက်ထားရာတွင် လာရောက်ဖြေဆိုမည့်ရုံး ၊ ရယူလိုသည့်လိုင်စင်အမျိုးအစား၊ လာရောက်ဖြေဆိုမည်နေ့ရက် အချိန်၊ လက်ရှိမိမိ ကိုင်ဆောင်ထားသည့် လိုင်စင်အမှတ်၊ လိုင်စင်ထုတ်ပေးခဲ့သည့်ရုံး၊ သင်တန်းကျောင်းအမည် တို့ကိုရွေးချယ်ပြီး စစ်ဆေးရန်ကိုနှိပ်ပြီး စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးမှုမှန်ကန်ပါက လျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Image Source: https://rtad.gov.mm

Image Source: https://rtad.gov.mm

လျှောက်ထားသူ၏ အချက်အလက်များကို စစ်ဆေးရန်အတွက် အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊အဘအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာအပြည့်အစုံ၊ အီးမေးလ်နှင့်ဖုန်းနံပါတ်တို့ကိုထည့်ပြီး လျှောက်ထားနိုင်ပါသည်။ အထက်ပါ Donload Appointment Letter Here ကိုနှိပ်၍ Appointment Letter လျှောက်လွှာပုံစံ နှင့်ယာဉ်မောင်းလိုင်စင်ရေးဖြေ ဖြေဆိုရာတွင်ယူဆောင်လာရမည့် အချက်အလက်များကို Download ဆွဲယူနိုင်ပြီး Download ရရှိသည့် PDF ဖိုင်ပါ Appointment Letter တို့ကို Print ထုတ်ယူပြီး လိုင်စင် ဖြေဆိုမည့်ရက်တွင်ယူဆောင်လာရမှာဖြစ်ပါသည်။

Image Source: https://rtad.gov.mm

ထိုနည်းတူစွာ မော်တော်ယဉ် သက်တမ်းတိုးရာတွင်လဲ https://rtad.gov.mm/?page_id=8453 လုပ်ငန်းဆောင်ရွက်မည့်ရံုံး ၊ လာရောက်ဆောင်ရွက်မည့်နေ့ ၊ မိမိရဲ့ယဉ်အမှတ် ၊ လျှောက်ထားမှု ၊ လာရောက်ဆောင်ရွက်ရမည့်အချိန်တို့ကိုရွေးချယ်ပြီး စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးမှုအောင်မြင်ပြီးသွားပါက လျှောက်ထားမှုအချက်အလက်များကို ဆက်လက် ရွေးချယ်ရမှာဖြစ်ပါတယ်။ အချက်အလက်များကိုရွေးချယ်ရာတွင် ယဉ်အမျိုးအမည်၊အမျိုးအစား၊ အီးမေး၊ ယဉ်သက်တမ်း ကုန်ဆုံးမည့်ရက် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကိုဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။

Image Source: https://rtad.gov.mm

ရက်ချိန်းရယူမှုအောင်မြင်ပါက အထက်ပါအတိုင်း Download Appointment Letter Here Link ကို Click နှိပ်ပြီး Download လုပ်ပြီး Download ရရှိသည့် PDF ဖိုင်ပါ Appointment Letter တို့ကို Print ထုတ်ယူ၍လည်းကောင်း၊ Hand Phone (or) Tablet ဖြင့် သိမ်းယူထားပြီး မိမိယဉ်စစ်ဆေးခံရမည့်ရက်တွင်တင်ပြရမှာဖြစ်ပါတယ်။

Image Source: https://rtad.gov.mm

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Website (https://rtad.gov.mm) ၏ သတင်းအချက်အလက်များ ဌာနရဲ့သမိုင်းကြောင်း လုပ်ငန်းစဉ်များ ဖွဲ့စည်းပုံ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်အချက်အလက်များ ယာဉ်မောင်းလိုင်စင်အချက်အလက်များနှင့်ယာဉ်စစ်ဆေးခြင်း ကဏ္႑များကိုလဲ ၀င်ရောက်လေ့လာနိုင်ပါတယ်။ စည်းမျဉ်းစည်းကမ်းများ ကဏ္႑များမှာဆိုလျင်ဖြင့် ပြဌာန်းခဲ့သည့်ဥပဒေနှင့် နည်းဥပဒေများ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနဆိုပြီးတွေ့ရှိနိုင်ပါတယ်။ ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သတင်းများ တင်ဒါဆိုင်ရာအချက်အလက်များ ကိုတင်ပြထားသည်ကိုလည်းတွေ့မြင်နိုင်ပါတယ်။ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အတူ မြန်မာနိုင်ငံ၏နည်းပညာ ကဏ္႑မှာလဲ တစ်စထက် တစ်စပြောင်းလဲတိုးတက်ပြောင်းလဲလာသည်ကိုတင်ပြလိုက်ရပါတယ်။