မြန်မာနိုင်ငံမှ အသုံးပြုမှုအများဆုံး Online Shopping Websites များ အကြောင်း 

Image Source: http://www.shop.com.mm

တိုးတက်ပြောင်းလဲလာသောနည်းပညာများနှင့်အတူ မြန်မာနိုင်ငံရဲ့ နည်ပညာကဏ္႑ မှာလဲတစ်ဒေါင့်တစ်နေရာမှ တိုးတက်လာခဲ့ပါတယ်။ ယခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံမှ အသုံးပြုမှအများဆုံး Online Shopping Websites များ အကြောင်းဘဲဖြစ်ပါတယ်။ ယခင်က ဆိုလျင် လူသုံးကုန်ပစ္စည်းများ၀ယ်ယူလိုလျှင်ဖြင့် Shopping Center များသို့ သွားရောက်၀ယ်ယူရပြီး ၊ ယခုအခါမှာတော့ Internet ဆက်သွယ်ရရှိသော မြန်မာနိုင်ငံအတွင်း မည်သည့် နေရာဒေသတွင်မဆို Online မှ ဈေး၀ယ်ယူနိုင်သော Online Shopping Websites များလွှင့်တင်ထားသည်ကိုတွေရှိလာရပါပြီ။ ယခုတင်ပြပေးမဲ့ Online Shopping Websites များကတော့ https://www.shop.com.mm/en/https://www.rgo47.com/http://www.yangononlinestore.comhttps://www.onekyat.com/ https://barlolo.com အစရှိသော Online Shopping Websites များအကြောင်းကိုဖော်ပြပေးသွားပါမယ်။

Online မှ၀ယ်ယူမှုအများဆုံးလို့ဆိုရမဲ့ https://www.shop.com.mm/en/ မှာကတော့ အမြဲလိုလို Promotion Items မှာကိုတွေမြင်နိုင်ပါတယ်။ Shop.com မှာ ရရှိနိုင်သော ပစ္စည်များကတော့ ယောကျ်ားလေး၀တ် မိန်းကလေး၀တ် Fashion များ၊ အလှအပနှင့် ကျန်မာရေးဆိုင်ရာပစ္စည်းများ၊ Mobile Phone နှင့် Tablets များ ၊ Computing & Gaming accessories များ ၊ TV , Audio & Cameras များ၊ Appliances , Home & Living များ အပြင် မွေးခါစ ကလေးများအတွက် အသုံးအဆောင်ပစ္စည် ၊ ကစားစရာပစ္စည်း နှင့် ကျန်မာရေးသုံးပစ္စည်းများကိုလဲ ၀ယ်ယူရရှိနိုင်ပါတယ်။
ထို့အပြင် စားသောက်ကုန်ပစ္စည်များ ဖြစ်သော Snacks ၊ Alcohol & Wine ၊ Breakfast ၊ Pet Supplies များကိုလဲစုံလင်စွာ ရရှိနိုင်ပါတယ်။ Sports & Travel အတွက်လိုအပ်မဲ့ပစ္စည်များ အပြင် Events & Tickets များကိုလဲ၀ယ်ယူရရှိနိုင်ပါတယ်။ တခြားရရှိနိုင်သော ပစ္စည်းများမှာ Books & Stationery ၊ Automotive & Motorcycles နှင့် Lifestyle Accessories များကိုလဲ တစ်နေရာထဲမှာစုံစုံလင်လင် ရရှိနိုင်ပါတယ်။ ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် https://www.shop.com.mm/en/ မှာ Register လုပ်ပြီးမှာယူနိုင်သလို Live Chat နှင့် Facebook Page ဖြစ်သော www.facebook.com/Shop.com.mm/ Chat Box မှာလဲပစ္စည်းများကို မှာယူနိုင်ပါတယ်။ နိုင်ငံတကာ Payment Methods များဖြင့်လဲငွေပေးနိုင်ငံပါတယ်။

Shop.com Online Shopping Website နင်အလားတူသော 365myanmar မှာလဲ ပစ္စည်းများကို စုံလင်စွာရရှိနိုင်ပါတယ်
www.365myanmar.com/eng 

Image Source: https://www.365myanmar.com/eng

Image Source: https://www.facebook.com/rgo47

Online မှအ၀တ်အစား ၀ယ်ယူမှုအများဆုံးလို့ဆိုရမဲ့ www.rgo47.com မှာကတော့ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များ အတွက် အ၀တ်အစား၊ ထီး၊ ဖိနပ်၊ လွယ်အိပ်၊ ကျန်းမာရေးသုံး လက်ပတ် များကို အဓိကထား ရောင်းချထားပြီး ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် www.rgo47.com မှာ Register လုပ်ပြီးမှာယူနိုင်သလို Live Chat နှင့် Facebook Page ဖြစ်သော www.facebook.com/rgo47 Chat Box မှာလဲပစ္စည်းများကို မှာယူနိုင်ပါတယ်။ နိုင်ငံတကာ Payment Methods များဖြင့်လဲငွေပေးနိုင်ငံပါတယ်။

Image Source: http://www.myanmarvisa.com/paypal.html

Image Source: http://www.yangononlinestore.com

Online မှ Electronic ပစ္စည်းများကို စုံလင်စွာရောင်းချင်လျက်ရှိသော www.yangononlinestore.com မှာကတော့ Electronic များ Computer & Accessories၊ Tools & Equipment ၊ Camera များ Tables နှင့်Smart Phone များကို အဓိကထား ရောင်းချထားပြီး ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် www.yangononlinestore.com မှာ Register လုပ်ပြီးမှာယူနိုင်သလို Facebook Page ဖြစ်သော www.facebook.com/WorldwidePurchaseService Chat Box မှာလဲပစ္စည်းများကို မှာယူနိုင်ပြီး၊ B-56 & B-57,Myanmar Culture Valley,People’s Park,U Wisara Rd,Yangon 11191 မှာလဲလူကို်ယ်တိုင်သွားရောက်မှာယူစုံစမ်းနိုင်ပါတယ်။

နောက်ထပ် Online Shopping Website တစ်ခုဖြစ်တဲ့ One Kyat ရောင်းမယ် ၀ယ်မယ် လဲမယ် ဆိုတဲ့ www.onekyat.com ကိုဖော်ပြပေးလိုက်ပါတယ်။

Image Source: https://www.onekyat.com

ဒီ Website လေးရဲ့ထူးခြားချက်က တော့ မည်သူမဆို မိမိမှာရှိတဲ့ အသုံးမလို အပ်သောပစ္စည်းများကို ရောင်းချနိုင်ပြီး လိုအပ်တဲ့သူများက၀င်ရောက်၀ယ်ပြီး ပစ္စည်း အချင်းချင်းလည် လဲယူနိုင်တဲ့ Online Shopping Website လေးဘဲဖြစ်ပါတယ်။ သို့သော် ပစ္စည်းများကို အရောင်းအ၀ယ် ပြုရာတွင် ဥပဒေ နှင့် မလွတ်ကင်းသော ပစ္စည်းမျာကိုတော့ ရောင်းခြင်း ခွင်ကမပြုပါဘူး။ ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် www.onekyat.com မှာ Register လုပ်ပြီးမှာယူနိုင်ပါတယ်။
One Kyat Online Shopping Website နင်အလားတူသော https://barlolo.com မှာလဲ ပစ္စည်းများကို စုံလင်စွာရရှိနိုင်ပါတယ်။

Image Source: https://barlolo.com

ယနေ့ခေတ် နည်ပညာများတိုးတက်ပြောင်းလဲလာခြင်းနဲ့အတူ မြန်မာနိုင်ငံရဲ့ နည်ပညာကဏ္႑လဲသိသိသာသာပြောင်းလဲ လာတာကိုတွေမြင်နိုင်ပြီး မြန်မာနိုင်ငံအတွင်း အင်တာနက် အသုံးပြုသူဦးရေဟာလဲ တစ်ဆထက်တစ်ဆ များပြားလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ e-commerce စနစ်ဟာလဲ တိုးတက်ကောင်းမွန်လာပြီဖြစ်တယ်လို့သုံးသပ်ရင်း နိဂုံးချုပ်အပ်ပါတယ်။