vivo မှ Y Series အသစ်ဖြစ်သည့် Y33s ကို မြန်မာနိုင်ငံ၌ မကြာခင် မိတ်ဆက်တော့မည်
vivoသည်လူငယ်များအတွက် အထူးထုတ်လုပ်ထားသည့် Y seriesအသစ် Y33sကိုမြန်မာနိုင်ငံ၌မကြာခင် စတင်မိတ်ဆက် တော့မည်ဖြစ်ကြောင်း သိရသည်။
Y Series၏ ယခု နောက်ဆုံးထွက်ရှိမည့်Y33sတွင် ကောင်းမွန်သည့်ကင်မရာ၊ ကြာရှည်ခံသော ဘက်ထရီ၊Extended RAM 2.0 တို့နှင့်အတူ ချိုသာသောဈေးနှုန်းဖြင့် အဆင့်မြင့် အတွေ့အကြုံများ ပေးစွမ်းနိုင်ရန် စီစဉ် ထုတ်လုပ်ထားသည်။ vivo Y Seriesသည် အသုံးပြုသူတိုင်း၏ လိုအပ်ချက်နှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြီးမားသော Storage၊ အားကောင်းသော ဘက်ထရီနှင့် ကြည်လင်သော ဓာတ်ပုံ စသည့် လူငယ်စိတ်ကြိုက် Features များ ပါဝင်လာမည်ဖြစ်သည်။
 Photo Source https://www.vivo.com/en/about-vivo/news
Photo Source https://www.vivo.com/en/about-vivo/news
Y33s အသစ်တွင် အလင်းအမှောင် အခြေအနေအားလုံးတွင် အသေးစိတ်ကျသော ကြည်လင်ပြတ်သားပြီး အသေးစိတ်ရလဒ်များနှင့် စွမ်းဆောင်ရည်မြင့် ဓာတ်ပုံရိုက်ကူးမှုများအတွက် အပိုကင်မရာနှစ်လုံးနှင့်အတူ အာရုံခံကိရိယာပါဝင်သည့်50MP Main Cameraကို ထည့်သွင်းပေးထားသည်။ Rear Cameraများတွင် vivo ၏ ထူးခြားချက်ဖြစ်သော Dual-Tone Stepထည့်သွင်းပေးထားသောကြောင့် စမတ်ဖုန်းအား အံဝင်ခွင်ကျစေပြီး လှပကြော့ရှင်းသည့် အသွင်အပြင်ကို ရရှိစေသည်။ Y33sသည် ၈.၀ မီလီမီတာ အထူသာရှိသည့်Trendy Slim Designတွင်5000mAhဘက်ထရီကို ထည့်သွင်းပေးထားပြီး အသုံးပြုသူများကို ဖက်ရှင်ကျနေစေမည်ဖြစ်သည်။ 18W Fast Chargeစနစ်ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် စမတ်ဖုန်းကို အချိန်တိုအတွင်း အားသွင်းနိုင်မည်ဖြစ်ပြီး ကြာရှည်ခံမှုနှင့် ပိုမိုအဆင်ပြေသော မိုဘိုင်းဖုန်း အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
vivoသည် အသုံးပြုသူများကို ပိုမိုသုံးစွဲလုပ်ဆောင်နိုင်ရန်အတွက်Y33sတွင် App များအကြား အသုံးပြုရာတွင် ပိုမိုချောမွေ့စေရန် အသုံးမပြုသေးသည့် ROM Space များကို RAM အဖြစ် အသုံးပြုနိုင်မည့် Extended RAM 2.0 ပါဝင်သည်။
 Photo Source https://www.vivo.com/en/about-vivo/news
Photo Source https://www.vivo.com/en/about-vivo/news
ယနေ့ခေတ် လူငယ်များသည် စွမ်းအင်ပြည့်ဝပြီး အမြဲတမ်းသွားလာလှုပ်ရှားရင်း ပေါ်ထွက်လာသည့် အခွင့်အလမ်းများကို ရယူရန် အမြဲအသင့် ဖြစ်နေကြသည်။ ဤလူငယ်များအတွက်စွမ်းရည်ပြည့်ဝစွာ ခံစားနိုင်ရန်မှာ ခေတ်မီရုံသာမက ဓာတ်ပုံရိုက်ကူးစဉ် သို့မဟုတ် ဂိမ်းကစားနေစဉ် လျင်မြန်စွာနှင့် ချောချောမွေ့မွေ့ လည်ပတ်နိုင်သည့် စမတ်ဖုန်းတစ်လုံးသည် မရှိမဖြစ် လိုအပ်သည်။ vivo မှ ထိုကဲ့သို့ ခေတ်မီသည့် လူငယ်မျိုးဆက်သစ်များ၏ အခြေခံလိုအပ်ချက်များကို ကောင်းစွာ သဘောပေါက်နားလည်ခဲ့ပြီဖြစ်သည့်အတွက် ၎င်းတို့၏ ယှဉ်ပြိုင်မှုဘဝပုံစံ၏ နေ့စဉ်စံနှုန်းများနှင့် ကိုက်ညီသော စမတ်ဖုန်းများကို ထုတ်လုပ်နိုင်ခဲ့သည်။
ထူးခြားသောစွမ်းဆောင်ရည်၊ လှပသောဒီဇိုင်းဖြင့် vivo Y33s သည် အကောင်းဆုံးများဖြင့်သာ ထုတ်လုပ်ထားသည့် စမတ်ဖုန်းဖြစ်ပြီး လူငယ်များအတွက် အကောင်းမွန်ဆုံး အဖော်ဖြစ်သည်။ Y33s ကို Mirror Black နှင့် Midday Dream အရောင် နှစ်ရောင်ဖြင့် မြန်မာနိုင်ငံတွင် မကြာခင် ကြိုတင်မှာယူရရှိနိုင်မည်ဖြစ်သည်။ မကြာမီတွင် Y33s ထုတ်ကုန် အသေးစိတ်များကို vivo မှ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
vivoသည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivoသည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။vivo၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ Benfen*၊ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာမှုနှင့် အသင်းအဖွဲ့စိတ် ဓာတ်များသည် ကုမ္ပဏီ၏ အဓိကအလေးထားလိုက်နာရသည့် အချက်များဖြစ်ပြီးvivoသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ vivo၏ နောက်ဆုံးသတင်းများကို https://www.vivo.com/en/about-vivo/news တွင် ဖတ်ရှုနိုင်သည်။





 
             
            