8GB + 4GB Extended RAM၊ 50MP Rear Camera နှင့် 5000mAh ဘက်ထရီတို့ ပါဝင်သည့် Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

vivo မှ Y series နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်သည့် vivo Y33s ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ Y33s မိတ်ဆက်ခြင်းနှင့်အတူ vivo သည် ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းအမျိုးအစားအောက်တွင် အဓိပ္ပာယ်ပြည့်ဝသော ဆန်းသစ်တီထွင်မှုကို ပေးဆောင်နိုင်ရန်နှင့် Features များ စုံလင်သည့် စမတ်ဖုန်းများဖြင့် လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ၎င်း၏ ရည်မှန်းချက်ကို မြှင့်တင်လိုက်သည်။ Y33s အသစ်တွင် အားကောင်းပြီး ကြာရှည်ခံသည့် 5000mAh ဘက်ထရီ၊ 50MP Rear Camera နှင့်အတူ 18W Fast Charge စနစ်တို့ ပါဝင်သည်။
vivo ၏ Y33s သည် ပါးလွှာပြီး သွက်လက်သည့် 8.0mm အထူရှိ ကိုယ်ထည်နှင့်အတူ အဆင့်မြင့်ကင်မရာများ တပ်ဆင်ပေးထားခြင်းကြောင့် ချောမွေ့မှုရှိသော စမတ်ဖုန်းအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။ Y33s အသစ်သည် ခေတ်မီသော Features များကို တောင်းတနေသည့် မျိုးဆက်သစ် လူငယ်များနှင့် ၎င်းတို့၏ အမြဲ သွားလာလှုပ်ရှားနေသည့် လူနေမှုဘဝနှင့် ကိုက်ညီစေရန် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။
vivo Mobile Myanmar ၏ CEO ဖြစ်သူ Mr.Nelson Ni က “vivo ရဲ့ Y series ကို Customers တွေကြား အားပေးမှုများခဲ့တာကြောင့် နိုင်ငံအတွင်းမှာ လူကြိုက်အများဆုံး စမတ်ဖုန်း Line-up တစ်ခုဖြစ်လာပါတယ်။ အရင် Y series တွေအတိုင်းပဲ Y33s အသစ်ကိုလည်း အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိအသုံးချပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကမ္ဘာကိုပြသရန် လိုလားကြတဲ့ Millenials တွေနဲ့ Gen Z တွေရဲ့ နေ့စဉ်လိုအပ်ချက်တွေကို စိတ်ထဲမှာထားပြီး ထုတ်လုပ်ပေးထားပါတယ်။ Multitasking ကိုလည်း ပိုပြီးချောချောမွေ့မွေ့ လုပ်နိုင်ဖို့အတွက် Extended RAM 2.0၊ ကြာရှည်ခံတဲ့ 5000mAh ဘက်ထရီ၊ မြင့်မားတဲ့ ဓာတ်ပုံအရည်အသွေးတွေအတွက် 50MP Rear Camera တွေအပြင် အခြားစိတ်လှုပ်ရှားစရာကောင်းတဲ့ Features တွေကို ပါးလွှာပြီး Trendy ဖြစ်တဲ့ ကိုယ်ထည်ဒီဇိုင်းအတွင်းမှာ ထည့်သွင်း ပေးထားတာကြောင့် Y33s ဟာ လူငယ်တွေအတွက် အကောင်းဆုံးစမတ်ဖုန်းပဲဖြစ်ပါတယ်”ဟု ပြောကြားသည်။

Photo Source https://www.vivo.com/mm/products/y33s

vivo Y33s အသစ်တွင် 50MP Rear Camera တပ်ဆင်ပေးထားသည့်အတွက် အဆင့်မြင့်သည့် ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် Y33s သည် ဘဝ၏ အကောင်းဆုံးအခိုက်အတန့်များကို အလွယ်တကူ ဖမ်းယူရိုက်ကူးနိုင်မည်ဖြစ်ပြီး Zoom ချဲ့ခြင်း သို့မဟုတ် Crop ပြုလုပ်ခြင်းတို့တွင်လည်း တိကျပြတ်သားသည့် ဓာတ်ပုံအရည်အသွေးကို ရရှိစေမည်ဖြစ်သည်။ 16MP Super Night Selfie နှင့်အတူ Y33sတွင် vivo ၏ Advanced Portrait Algorithm ပါဝင်သည့်အတွက် HD Quality ရှိသည့် Selfie ဓာတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ Super Night Selfie ၏ Noise Reduction နည်းပညာနှင့်အတူ Smart Screen Flas hတို့သည် ရှင်းလင်းပြတ်သားပြီး သဘာဝကျသည့် ဓာတ်ပုံများရရှိရန် အသေးစိတ်ကျသည့် Background နောက်ခံပေါ်၌ သင့်၏ မျက်နှာကို ပေါ်လွှင်နေစေမည်ဖြစ်သည်။
Y33s ၏ Rear Camera တွင်လည်း Super Night Mode စနစ်ကို ထည့်သွင်းထားပေးပြီး များစွာသော ရုပ်ပုံ အပိုင်းအစများကို ကြည်လင်ပြီး ပြတ်သားသည့် ဓာတ်ပုံတစ်ပုံအဖြစ် ပေါင်းစပ်ရန်အတွက် RAW-level Super Noise Reduction နည်းပညာကို အသုံးပြုထားသည်။ စွဲမက်ဖွယ်ကောင်းပြီး သဘာဝကျသည့် ဓာတ်ပုံများကို အလွယ်တကူ ရိုက်ကူးနိုင်ရန်အတွက် ရှေ့ကင်မရာတွင်လည်း အခြားသော Smart Features များဖြစ်သည့် Personalized Portrait Mode၊ Face Beauty၊ Bokehများကိုလည်း ထည့်သွင်းပေးထားသည်။
Y33s တွင် ပိုမိုကြာရှည်ခံသည့် ဘက်ထရီသက်တမ်းကို ရရှိစေရန်အတွက် 5,000mAh ဘက်ထရီနှင့်အတူ အဆင့်မြင့် 18W Fast Charge စနစ်ကြောင့် စမတ်ဖုန်းကို မြန်ဆန်စွာ အားသွင်းနိုင်သည့်အတွက် သုံးစွဲသူများသည် ကြီးမားသည့် ဘက်ထရီ ပမာဏကို အချိန်အတိုတိုနှင့် အပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Reverse Charging လုပ်ဆောင်ချက် ပါဝင်သည့်အတွက် စမတ်ဖုန်းကို Mobile Power Bank အဖြစ် ပြောင်းလဲပေးနိုင်သည်။

Photo Source https://www.vivo.com/mm/products/y33s

Y33s တွင် Extended RAM 2.0 နှင့် 8GB Memory လည်း ပါဝင်ထားပြီး အက်ပလီကေးရှင်းများကြား ကူးပြောင်း အသုံးပြုရာတွင် ပိုမိုချောမွေ့သော အတွေ့အကြုံဖြစ်စေရန်အတွက် အသုံးမပြုသေးသည့် ROM space ထဲမှ 4GB အထိကို ထပ်တိုး RAM Space အဖြစ် အသုံးပြုနိုင်သည်။ Extended RAM လုပ်ဆောင်ချက်သည် သုံးစွဲသူများကို စမတ်ဖုန်း အသုံးပြုရာ၌ သိသိသာသာ အကျိုးရှိစေပြီး ၎င်းတို့ စိတ်ကြိုက် App များကို download ဆွဲကာ နှောင့်နှေးမှုများမရှိဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် စမတ်ဖုန်းသည် ကြီးမားသည့် 128GB ROM ကိုလည်း ထည့်သွင်းပေးထားသည်။ Y33s တွင် Helio G80 Processor ပါဝင်ပြီး၊ ၎င်း၏ ယခင်မော်ဒယ်များထက် ပိုမိုမြင့်မားသည့် ဓာတ်ပုံအရည်အသွေးနှင့် ပိုမိုကောင်းမွန်သော ဂိမ်းကစားခြင်း စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ရန် GPU ကိုလည်း အဆင့်မြှင့်ပေးထားသည်။ ထို့အပြင် Ultra-Game Mode ကိုလည်း အဆင့်မြှင့်တင့်ပေးထားပြီး ၎င်းသည် သုံးစွဲသူများအား ပိုမိုပြည့်စုံပြီး ပိုမိုစွဲမက်ဖွယ်ကောင်းသော ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
Y33s သည် Luxe Feel ဖြင့် ပါးလွှာပြီး ခေတ်မီသည့် ပြားချပ်ချပ် 8.0mm အထူသာရှိသော 2.5D ကိုယ်ထည်ဘောင်အတွင်း 5000mAh ကြီးမားသော ဘက်ထရီကို ထည့်သွင်းပေးထားသည်။ ၎င်းသည် သုံးစွဲသူကို စမတ်ဖုန်းအား ကိုင်ဆောင်ရာတွင် ပရီမီယံဆန်ပြီး သက်သောင့်သက်သာရှိသည့် ခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ Rear Camera များကို vivo ၏ ထူးခြားချက်ဖြစ်သော Dual-Tone Step အတွင်း သပ်ရပ်စွာ ဖွဲ့စည်းထားပြီး သုံးစွဲသူအား အစွမ်းထက်သော ဓာတ်ပုံ နည်းပညာများကို ရရှိစေမည်ဖြစ်သည်။ Y33s ၏ ရိုးရှင်းပြီး ဆန်းသစ်သည့်ဒီဇိုင်းသည် သုံးစွဲသူများကို ဖက်ရှင်ကျနေစေမည်ဖြစ်သည်။ Y33s တွင် တောက်ပသော အရောင်များနှင့် အသေးစိတ် အချက်အလက်များကို ရှင်းရှင်း လင်းလင်း ပြသပေးနိုင်မည့် 6.58-inch FHD+ In-cell Display လည်း ပါရှိပြီး ၎င်းသည် ဗီဒီယိုကြည့်ရှုခြင်းနှင့် ဂိမ်းကစားနေစဉ်အတွင်း ကြည့်ရှုမှု အတွေ့အကြုံများကို အလိုအလျောက် မြှင့်တင်ပေးသည်။ ထို့ပြင် Y33s Display ၏ ထူးခြားချက်မှာ စမတ်ဖုန်းကြည့်နေစဉ်အတွင်း အသုံးပြုသူများ၏ မျက်စိများကို ကာကွယ်နိုင်ရန်အန္တရာယ်ရှိသော အပြာရောင်အလင်းတန်းများကို စစ်ထုတ်ပေးသည့် Eye Protection Mode ပါဝင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Y33s ဖြင့် သုံးစွဲသူများသည် ၎င်းတို့၏ မျက်လုံးများကို Blue Light Filter ဖြင့် ကာကွယ်၍ ရုပ်ရှင်များနှင့် ဂိမ်းများကို ရှင်းလင်းပြတ်သားစွာဖြင့် အမြဲမပြတ် ကြည့်ရှုကစားနိုင်မည်ဖြစ်သည်။
vivo Y33s ကို ယနေ့ခေတ် လူငယ်များ၏လူနေမှုဘဝပုံစံနှင့် လိုက်ဖက်မည့် ထင်ရှားပေါ်လွှင်စေသည့် Mirror Black နှင့် Midday Dream အရောင်နှစ်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။