အသစ်ထွက်ရှိလာသော vivo Y33s စမတ်ဖုန်း၏ အသေးစိတ်လုပ်ဆောင်ချက်များအကြောင်း

အသစ်ထွက်ရှိလာသော vivo Y33s သည် ၆.၅၈ လက်မ FHD+ in-cell display၊ အားကောင်းသော ကင်မရာ၊ 8.0mm အထူသာရှိသည့်အတွက် ပေါ့ပါးပြီး ဖက်ရှင်ကျသော ကိုယ်ထည်နှင့်အတူ ပရီမီယံဆန်သည့် ခံစားချက်များကို ရရှိစေမည်ဖြစ်ကာ သာလွန်ကောင်းမွန်သည့် အသုံးပြုသူ အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက် အထူး ဒီဇိုင်းထုတ် ထားသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။
vivo Y33s အသစ်တွင် Rear Camera ကို vivo ၏ ထူးခြားချက်ဖြစ်သော Dual-Tone Stepအတွင်း အံဝင်ခွင်ကျဖွဲ့စည်းထားပြီး High-definition ဓာတ်ပုံများကို ရိုက်ကူးနိုင်မည့် 50MP Rear Camera ပါဝင်သည်။ ဉာဏ်ရည်ထက်မြက်သော ရိုက်ကူးမှုလုပ်ဆောင်ချက်များစွာဖြင့် ပေါင်းစပ်ထားသည့် 50MP Triple Camera စနစ်ထည့်သွင်းထားခြင်းကြောင့် ဓာတ်ပုံများကို ပိုမိုကြည်လင်ပြတ်သားစေပြီး ဘဝ၏ အကောင်းဆုံး အခိုက်အတန့်များ ရိုက်ကူးရာတွင် Zoom ချဲ့ခြင်း သို့မဟုတ် Crop ပြုလုပ်ခြင်းတို့ကိုလည်း လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ Y33s တွင်18W Fast Charging နှင့်အတူ ကြီးမားသည့် 5000mAh Battery ပါဝင်ပြီး စမတ်ဖုန်းကို လျင်မြန်စွာ အားသွင်းနိုင်သောကြောင့် သုံးစွဲသူများကို အချိန်များစွာ သက်သာစေသည့်အပြင် စမတ်ဖုန်းအား Mobile Power Bank အဖြစ် ပြောင်းလဲပေးသည့် reverse charging လုပ်ဆောင်ချက်ကိုလည်းထည့်သွင်းပေးထားသည်။

Photo Source https://web.facebook.com/vivo

ထို့အပြင် Y33sတွင် Extended RAM 2.0 နှင့်အတူ 8GB +4GB RAM ပါဝင်ပြီး လွတ်နေသည့် ROM space များကို RAM အဖြစ် အသုံးပြုနိုင်သည့်အတွက် အသုံးပြုသူများအတွက် အက်ပလီကေးရှင်းများကြား ချောမွေ့စွာ ကူးပြောင်းစေသည်။ Helio G80Processor +128GB ROM (Expandable up to1TB) သည် ယခင် vivo စမတ်ဖုန်းများထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်ပြီး Y33s အသစ်ကို ထင်ရှားပေါ်လွင်စေသည်။

Photo Source https://web.facebook.com/vivo

vivoသည် အသုံးပြုသူများကို ပိုမိုသုံးစွဲလုပ်ဆောင်နိုင်ရန်အတွက်Y33s တွင် App များအကြား အသုံးပြုရာတွင် ပိုမိုချောမွေ့စေရန် အသုံးမပြုသေးသည့် ROM Space များကို RAM အဖြစ် အသုံးပြုနိုင်မည့် Extended RAM 2.0 ပါဝင်သည်။
Y33s အသစ်ကို Mirror Black နှင့် Midday Dream စသည့် အရောင်နှစ်ရောင်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ ၄၇၉,၈၀၀ ကျပ် ဖြစ်သည်။