A+Wallet မှ A bank အကောင့်အချင်းချင်း ငွေလွှဲပို့နိုင်သည့် နည်းလမ်းများ

A+ Wallet ကနေ ဘယ် A bank ဘဏ်အကောင့်ထဲမဆို အခမဲ့ ငွေလွှဲနိုင်နေပြီလည်းဖြစ်ပါတယ်။ A+ Wallet to Wallet အကောင့်အချင်းချင်း အခမဲ့ ငွေလွှဲပေးပို့နိုင်သလို အခြား A bank ရဲ့ဘဏ်ငွေစာရင်းအကောင့်များဖြစ်တဲ့ (Savings, Current, Call)အကောင့်များသို့လဲ App ထဲကပဲ တိုက်ရိုက် အခမဲ့ ငွေလွှဲနိုင်နေပြီဖြစ်ပါတယ်။

Photo Source https://web.facebook.com/abankmyanmar

A+ Wallet မှ A bank ဘဏ်အကောင့်သို့ ငွေလွှဲရန် အောက်ပါ နည်းလမ်းများအတိုင်း ငွေလွှဲနိုင်မှာဖြစ်ပါတယ်။
(၁) A+ Wallet ရှိ Transfer သို့ဝင်ရောက်ပါ။
(၂) A+ Wallet အချင်းချင်း (သို့) A bank အကောင့်သို့ငွေလွှဲရန်အတွက် Other APLUS/ A bank Account ကိုနှိပ်ပါ။
(၃) Bank Account or Phone Number နေရာတွင် ပေးပို့လိုတဲ့ A bank အကောင့်နံပါတ် (၁၆)လုံးအား မှန်ကန်စွာ ထည့်သွင်းပါ (သို့) A+ Wallet သို့ငွေလွှဲပို့လိုပါက ငွေလွှဲပို့လိုသည့် A+ Wallet ၏ဖုန်းနံပါတ် ထည့်သွင်းနိုင်ပါတယ်။
(၄) Amount တွင် လွှဲပို့လိုသည့် ငွေပမာဏ ထည့်သွင်းပြီး Continue ကိုနှိပ်ပါ။ အချက်အလက်များမှန်ကန်စွာ ထပ်မံစစ်ဆေးပြီး Confirm နှိပ်ကာငွေလွှဲအားပို့နိုင်ပါပြီဖြစ်ပါတယ်။
သင့် A bank ဘဏ်အကောင့်နဲ့ A+ account ကိုယ်တိုင်ချိတ်ဆက် အသုံးပြုလို့ရပါပြီ။
A bank ဘဏ်အကောင့်များဖြစ်တဲ့ (Savings, Current, Call) ကို A+ Wallet app နှင့်ဘဏ်ငွေစာရင်းအကောင့်ကို ချိတ်ဆက်ပြီး နေ့စဉ်ငွေပေးချေမှုများကို ဆောင်ရွက်နိုင်ပါတယ်။
သင့် A bank အကောင့်နှင့် A+ Wallet app တို့ချိတ်ဆက်နိုင်ဖို့အတွက် A+ Wallet ကို အရင်ဦးဆုံး Level-2 အဆင့်မြှင့်ထားပေးဖို့လိုအပ်ပါတယ်။

Photo Source https://web.facebook.com/abankmyanmar

ဒါ့အပြင် A bank account နှင့် A+ Wallet ချိတ်ဆက်ရန်အောက်ပါနည်းလမ်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။
(၁) A+ Wallet app ထဲဝင်ပြီး Settings သို့ဝင်ရောက်ပါ။
(၂) A bank အကောင့်နှင့်ချိတ်ဆက်ရန်အတွက် Add bank Account ကိုနှိပ်ပါ။
(၃) အကောင့်လုံခြုံမှုရှိစေရန်အတွက် A+ Wallet ထဲဝင်တဲ့ PIN နံပါတ်ထည့်သွင်းပြီး အတည်ပြုပေးပါ။
(၄) ချိတ်ဆက်အသုံးပြုလိုတဲ့ A bank အကောင့်နံပါတ် ၁၆ လုံးအား မှန်ကန်စွာထည့်သွင်းပါ။
(၅) ဘဏ်အကောင့်ချိတ်ဆက်မှုအတည်ပြုရန်အတွက် A+ Wallet အကောင့်ဖွင့်လှစ်ထားတဲ့ သင့်ဖုန်းနံပါတ်သို့ ပေးပို့မည့် OTP (One Time Password) နံပါတ် ၆ လုံးအားမှန်ကန်စွာထည့်သွင်းပါ။ Successfully Added A bank Account ဖြစ်သွားပြီ ဆိုရင် သင့် A bank ဘဏ်အကောင့်အား A+ Wallet ဖြင့် စတင်အသုံးပြုနိုင်ပါပြီဖြစ်ပါတယ်။