လုပ်ငန်းရှင်များ၊ ဆိုင်ပိုင်ရှင်များအတွက် CB Bank တွင် EZYBiz Account စတင်ဖွင့်လှစ်နိုင်

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှစတင်ပြီး AGD ဘဏ်တွင် လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များအတွက် အထူးသင့် တော်သော EZYBiz current အကောင့်ကိုဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အသစ်မိတ်ဆက်လိုက်သော EZYBiz အကောင့်ဖြင့် လုပ်ငန်း၊ ဆိုင်ခန်းများအတွက် နည်းအမျိုးမျိုးဖြင့် ငွေလက်ခံနိုင်မှာဖြစ်ပြီး ငွေသားကိုအပတ်စဉ် ပြန်ထုတ်ယူနိုင်မည့် အာမခံချက်ပါ ရရှိသွားမည်ဖြစ်သည်။
စာရင်းရှင်အပ်ငွေစာရင်း အသစ် EZYBiz သည် အာမခံချက်ရှိသော ငွေသားထုတ်ယူမှု၊ အခြားဘဏ်များသို့ (interbank) ငွေလွှဲခ အခမဲ့ စသည်တို့ကို ရယူပြုလုပ်နိုင်မှာ ဖြစ်သည်။
Photo Source https://web.facebook.com/AGDBank

လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အနေဖြင့် အကောင့်အတွက် မိမိလုပ်ငန်းအထောက်အထားပြသရန်လိုအပ်ပြီး မြန်မာငွေ ၁၀ သိန်းကျပ်ကနေ အကောင့် စတင်ဖွင့်လှစ်နိုင်မည် ဖြစ်သည်။
လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များ အတွက် အထူးသင့်တော်သည့် စာရင်းရှင်အပ်ငွေစာရင်း အသစ် EZYBiz ကို နီးစပ်ရာ AGD ဘဏ်ခွဲများတွင် သွားရောက်ဖွင့်လှစ်ပြီး ငွေသားထုတ်ယူမှု အာမခံရရှိကာ စီးပွားရေးတိုးချဲ့ဖို့ရန် AGD Bank မှ ဖိတ်ခေါ် ထားသည်။
AGD Bank အနေဖြင့် ၂၀၂၁ ခုနှစ် မေလ (၁၀) ရက်နေ့မှစတင်ပြီး AGD ဘဏ်တွင်ငွေသားအပ်နှံလိုသော Customer များအတွက် နေ့စဉ်အတိုးတွက်ပေးပြီး၊ မိမိအပ်ထားသောဘဏ်ခွဲတွင် အကန့်အသတ်မရှိ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်သော အထူးအပ်ငွေစာရင်းအသစ်ဖြစ်တဲ့ EzyCash Account ကို မိတ်ဆက်လိုက်ပါပြီ ဖြစ်ကြောင်းလည်း သိရသည်။
EzyCash အကောင့်ကို တစ်ဦးသာမက ပူးတွဲအကောင့်အနေဖြင့်လည်း ဖွင့်လှစ်အသုံးပြုနိုင်မည်လည်းဖြစ်သည်။ တစ်နှစ်ကိုအတိုးနှုန်းအများဆုံး ၆ ရာခိုင်နှုန်းဖြင့် နေ့စဉ်အတိုးတွက်ချက်ပေးသည့်အပြင် လစဉ်အတိုးလည်း ခံစားခွင့်ရရှိနိုင် မည်ဖြစ်ကြောင်းလည်းသိရသည်။
အထူးအပ်ငွေ EzyCash Account ဖွင့်လှစ်ခြင်းအတွက် ရရှိနိုင်သောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ငွေသားပေးသွင်းထားသူများအား အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်ခြင်း။
(၂) ချက်စာအုပ်နှင့် ATM ကဒ် တို့ပြုလုပ်ပေးခြင်း (ATM ကဒ်ကိုသတ်မှတ်ထားသော နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်)
(၃) AGD EzyCash Account ကို နေ့စဉ်အတိုးတွက်ပေးပြီး လစဉ်ထည့်သွင်းပေးခြင်း တို့ဖြစ်သည်။
၂၀၁၀ ခုနှစ်မှစတင်၍ AGDဘဏ်သည်ဘဏ္ဍာရေးဝန်ဆောင်မူများကိုမြန်မာနိုင်ငံတွင်ဆောင်ရွက်ပေးလျက်ရှိသည်။
အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/AGDBank