ကွန်ပျုတာအခြေခံစတင်လေ့လာနေသောလူငယ်များအတွက် အသုံးဝင်လွန်းသော Application များ

ကွန်ပျုတာအခြေခံစတင်လေ့လာနေသောလူငယ်များအတွက် အသုံးဝင်လွန်းသော အကောင်းဆုံး Application များကိုဖော်ပြပေးလိုက်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.computer.basic1

(၁) Computer Basic
Computer Basic App ကတော့ ကွန်ပျုတာကို စတင်လေ့လာနေသူများအတွက် အသုံးတည့်လွန်းတဲ့ Mobile App တစ်ခု ဖြစ်ပါတယ်။ ပါဝင်တဲ့ သင်ခန်းစာတွေကတော့ Chrome တွင် မြန်မာဖောင့်များ မှန်ကန်အောင် ချိန်ညှိနည်း၊ ကွန်ပျုတာအထွေထွေဗဟုသုတများ၊ Micrisoft Word Lessons, Microsoft Excel Lessons, Microsoft PowerPoint Lessons, Adobe PageMaker Lessons, Photoshop Lessond, စတဲ့ သင်ခန်းစာများစွာ ပါဝင်ပါတယ်။
ကွန်ပျုတာ အထွေထွေဗဟုသုတကဏ္ဍတွင် Google Chrome တွင် မြန်မာစာမှန်ကန်အောင် ဖောင့်ချိန်နည်း၊ Font များကို အပြီးတိုင်ဖျက်နည်း၊ Google Meet အသုံးပြုနည်း၊ MP4 မှ MP3 စတဲ့ဖိုင်များကို ပြောင်းလဲနည်း၊ Print လုပ်နည်း၊ Save နှင့် Save As တို့၏ ကွာခြားပုံ၊ video download ပြုလုပ်နည်း စတဲ့ သင်ခန်းစာတွေပါဝင်ပါတယ်။
https://play.google.com/store/apps/details?id=com.computer.basic1

Photo Source https://play.google.com/store/apps/details?id=com.myanmar.computerbasic.v3

(၂) Myanmar Computer Basic V3
Myanmar Computer Basic V3 App ကလည်း ကွန်ပျုတာအခြခံသင်ခန်းစာများကို တစ်စုတစ်စည်းတည်းဖော်ပြပေးထား တဲ့ Mobile App တစ်ခုလည်းဖြစ်ပါတယ်။ Micrisoft Word Lessons, Microsoft Excel Lessons, Microsoft PowerPoint Lessons, Adobe PageMaker Lessons, Photoshop Lessond, Autocad သင်ခန်းစာများ၊ computer window သင်ခန်း စာများ၊ Computer & Accessaries သင်ခန်းများများနဲ့ Computer Service သင်ခန်စာများစွာပါရှိပါတယ်။ Computer အခြေခံကို စတင်လေ့လာလိုသူများအတွက် အသုံးတည့်လွန်းတဲ့ Mobile App တစ်ခုဖြစ်ပါတယ်။
https://play.google.com/store/apps/details?id=com.myanmar.computerbasic.v3

Photo Source https://play.google.com/store/apps/details?id=learn.computer.fundamentals

(၃) Learn Computer Basic Fundamentals Course
Learn Computer Basic Fundamentals Course အပလီကေးရှင်းကလည်း ကွန်ပျူတာနှင့် ပတ်သက်သည့် အခြေခံ သင်ယူမှုအားလုံးကိုဖော်ပြပေးထားပြီး ကွန်ပြူတာဗဟုသုတရရှိစေသည့် Mobile App တစ်ခုလည်းဖြစ်ပါတယ်။ ပါဝင်သည့် သင်ခန်းစာများမှာ ကွန်ပျူတာကွန်ရက်ချိတ်ဆက်ခြင်း၊ ကွန်ပျူတာအခြေခံများ၊ အခြေခံဆော့ဖ်ဝဲလ်၊ ကွန်ပျူတာဟာ့ဒ်ဝဲနှင့် ကွန်ပျူတာအကြံပေးချက်များ၊ ကွန်ပျူတာပြဿနာဖြေရှင်းနည်းတို့ကို လေ့လာနိုင်မည်ဖြစ်ပါတယ်။
အဆိုပါ App သည် Computer Fundamental ကို အခြေခံမှ စတင်လေ့လာနေသူများအတွက်လည်းအသုံးဝင်လွန်းတဲ့ App တစ်ခုလည်းဖြစ်သည်။ ဒါ့အပြင် ကွန်ပျူတာအခြေခံများ၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ CPU နှင့် ၎င်းတို့နှင့်ဆက်စပ်သည့် အစိတ်အပိုင်းများကို အသေးစိတ်လေ့လာနေသူများအတွက်လည်း အကောင်းဆုံး App တစ်ခုဖြစ်သည်။ Computer Fundamental Tutorial များ လည်းပါရှိသည်။ အသုံးပြုရအလွန်လွယ်ကူပြီး လူတိုင်းအလွယ်တကူနားလည်နိုင်သော ဘာသာစကားဖြင့် ဖော်ပြထားသည်။
အင်တာနက် အသုံးပြုရန်မလိုဘဲ အသုံးပြုနိုင်သော App တစ်ခုဖြစ်ပြီး ကွန်ပျုတာသင်တန်းသားများအတွက် မရှိမဖြစ် ဆောင်ထားသင့်သည့် app တစ်ခုဖြစ်သည်။
https://play.google.com/store/apps/details?id=learn.computer.fundamentals