လူသုံးအများဆုံး Thai language App များအကြောင်း

ထိုင်းဘာသာစကားကိုလေ့လာလိုသူများအတွက် လူသုံးအများဆုံးနှင့် လေ့လာရန် အကောင်းဆုံး Mobile App များကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://play.google.com/store/apps/details?id=com.codegent.learnthai

(၁) Learn Thai – Phrasebook
ဒီ App သည် လက်ရှိများလူကြိုက်အများဆုံး Thani Language App တစ်ခုလည်း ဖြစ်သည်။ Thai Learn Thai သည် အခမဲ့သုံးရလွယ်ကူသော မိုဘိုင်း Thai Phrase Book ဖြစ်ပြီး ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သူများနှင့် ထိုင်းဘာသာစကားကို သင်ယူလိုသူများအတွက် ကောင်းမွန်သော မိုဘိုင်းလ် Thai Phrase Book တစ်ခုဖြစ်သည်။
Thai Learn Thai သည် ထိုင်းလူမျိုးများမှ ဖန်တီးထားခြင်းဖြစ်ပြီး နားလည်ရလွယ်ကူစေရန်အတွက် အသံထွက်အစစ်အမှန်ဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားထားသည်။ App တွင် မူရင်း ထိုင်းစပီကာများကို အသုံးပြုထားပြီး စကားစုများကို လွယ်ကူချောမွေ့စွာ ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
App ကို အသုံးပြုစဉ်ကာလအတွင် အင်တာနက်ချိတ်ဆက်ထားရန်မလိုသော Offline App တစ်ခုလည်းဖြစ်သည်။ App တွင် ပါရှိသော သင်ခန်းစာများမှာ မိတ်ဆက်စကားပြောသင်ခန်းစာ၊ အထွေထွေစကားဝိုင်း၊ နံပါတ်များအခေါ်အဝေါ်များ၊ လမ်းညွှန် များနှင့်နေရာများ၊ လမ်းပန်းဆက်သွယ်ရေး၊ အစားအသောက်အခေါ်အဝေါ်များ၊ အချိန်နှင့်ရက်စွဲ၊ နေရာထိုင်ခင်း၊ ဈေး ဝယ်ထွက်ခြင်း၊ အရောင်များ၊ မြို့နှင့်ပြည်နယ်များ၊ နိုင်ငံအခေါ်အဝေါ်များ၊ ခရီးသွားဆွဲဆောင်မှုများ၊ မိသားစုအခေါ်အဝေါ် များ၊ ချိန်းတွေ့စကားပြောခြင်း၊ အရေးပေါ်ကိစ္စ စကားပြောခြင်း စတဲ့ ဘာသာစကားသင်ခန်းစာများပါရှိသည်။
https://play.google.com/store/apps/details?id=com.codegent.learnthai

Photo Source https://play.google.com/store/apps/details?id=com.simyasolutions.ling

(၂) Learn Thai Language with Master Ling
Learn Thai Language with Master Ling App သည် ထိုင်းဘာသာစကားသင်ယူခြင်းကို တတ်နိုင်သမျှ လွယ်ကူစေပြီး ပျော်စရာများဖြင့်လေ့လာသင်ယူရန် ထုတ်ထားသည်။ ဂိမ်းအသေးစားမျိုးစုံနှင့် အပြန်အလှန်အကျိုးသက်ရောက်သော သင်ယူမှုနည်းစနစ်များကို အသုံးပြုထားသည်။ ထိုင်းစကားလုံးအခြေခံဘာသာစကားကို တတ်မြောက်လိုသူများအတွက် အသုံးဝင်လွန်းသော App တစ်ခု လည်းဖြစ်သည်။ အဆိုပါ App တွင် ထိုင်းစာဖတ်နည်း၊ အရေးအသားလေ့ကျင့်ခန်းများ ပဟေဠိများ၊ ဂိမ်းများ၊ ဖြင့် သင်ယူရလွယ်ကူစေရန် ဖန်တီးထားသည်။
အဆိုပါ App တွင် ပါရှိသော သင်ခန်းစာများမှာ စကားလုံးပဟေဠိများ၊ စကားပြောလေ့ကျင့်ရန် Chatbot ၊ အသံထွက်ကို တိုးတက်စေရန်စကားပြောခြင်းလေ့ကျင့်ခန်းများ၊ အရေးအသားလေ့ကျင့်ခြင်း သင်ခန်းစာများ၊ အခြားသော ဂိမ်းသင်ခန်းစာ များစွာပါဝင်သည့်အတွက် ထိုင်းဘာသာစကားလေ့လာသူများအတွက် များစွာအဆင်ပြေစေသည်။
https://play.google.com/store/apps/details?id=com.simyasolutions.ling

Photo Source https://play.google.com/store/apps/details?id=com.silvermoonapps.learnfunthailanguage

(၃) Learn Thai Speak Language
Learn Thai Speak Language App သည် ပျော်ရွင်စရာဂိမ်းကစားနည်းများဖြင့် သင်ကြားရေးစနစ် App တစ်ခုဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားမရွေး လေ့လာသင်ယူနိုင်သည့် App တစ်ခုဖြစ်သည်။ သင်ခန်းစာများစွာကို စနစ်တကျ သင်ကြားပေးပြီး ဝေါဟာရအသစ်များကို မေးခွန်းများဖြင့်လေ့ကျင့်သင်ကြားပေးသည်။ အခြေခံဘာသာစကားကျွမ်းကျင်မှုနှင့် ဗဟုသုတများ တိုးတက်စေရန် ကျောင်းသားများအတွက် အထူးသင့်လျော်သော သည်။ ထို့အပြင် ကျောင်းသား၊ ခရီးသွားများနှင့် စီးပွားရေးသမားများ အပါအဝင် ထိုင်းဘာသာကို လေ့လာလိုသူတိုင်း ဖုန်းထဲတွင် ဆောင်ထားသင့်သည့် App တစ်ခုဖြစ်သည်။
ပါဝင်သော သင်ခန်းစာများမှာ နှုတ်ခွန်းဆက်ခြင်း၊ နံပါတ်များ၊ ဝါသနာ၊ နေရာထိုင်ခင်း၊ နာမဝိသေသန၊ တိရိစ္ဆာန်များ၊ ကိုယ်ခန္ဓာ၊ အရောင်အသွေး၊ အဝတ်အစား၊ နိုင်ငံများ၊ လမ်းညွှန်ချက်များ၊ အရေးပေါ်အခြေအနေ၊ အစားအစာ၊ ကျောင်း၊ ဈေးဝယ်ထွက်ခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားခြင်း၊ ကြိယာများ၊ ရာသီဥတုနှင့် အလုပ်များကို လေ့လာသင်ယူနိုင်သည်။ အင်တာနက် အသုံးပြုစရာမလိုသော offline app တစ်ခုလည်းဖြစ်သည်။
https://play.google.com/store/apps/details?id=com.silvermoonapps.learnfunthailanguage