AI ဖုန်း OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ဝယ်ယူရရှိနိုင်ပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း OPPO ဟာ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Official Consumer Launch ကနေ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်မှာ “Your First AI Phone” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ရောက်ရှိလာတဲ့ OPPO Reno12 Series ထဲက OPPO Reno12 5G ကို ၂,၄၉၉,၉၀၀ ကျပ် ၊ OPPO Reno12 F ကို ၁,၄၉၉,၉၀၀ ကျပ်တို့နဲ့ အသီးသီး စတင်မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ OPPO Reno12 Series ကို မြန်မာနိုင်ငံတစ်ဝန်းမှာ စတင်ဝယ်ယူရနိုင်ပြီဖြစ်ပြီး AI လုပ်ဆောင်ချက်တွေပါဝင်လာမဲ့ OPPO Reno12 5G နဲ့ OPPO Reno12 F ဆိုပြီး မတူညီတဲ့ ဖက်ရှင်အမြင်နဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno12 Series ဝယ်ယူသူတိုင်းအတွက် 20,000mAh Power Bank ၊ မှန်ကွဲအာမခံ ၆ လ နဲ့အတူ ထပ်ဆောင်း ATOM Package တွေအပြင် အထူး အခွင့်အရေးအနေနဲ့ after sale service တွေဖြစ်တဲ့ VIP hotline မှတစ်ဆင့် Online Customer Service Team ထံမှ မြန်ဆန်သောတုံ့ပြန်မှုရရှိခြင်း ၊ နှစ်စဉ် တစ်နှစ်လျှင် မှန်ကပ်အခမဲ့ 2 ကြိမ်ကပ်ခွင့်ရှိခြင်း ၊ ဖုန်း အနေနဲ့ တစ်ခုခု ချို့ယွင်းမှုရှိလို့ Service Center မှာ ဖုန်းလာပြုပြင်မယ်ဆိုရင် ဖုန်းပြုပြင်နေစဉ်အတွင်း ဖုန်းသုံးခြင်း အဆက်မပြတ်သွားအောင် High-end Backup Phone များကို ပံ့ပိုးပေးခြင်း ၊ ဖုန်း ပြုပြင်ဖို့ အတွက် အသွားအပြန် Delivery ခ အခမဲ့ ထားရှိပေးခြင်း၊ ပရော်ဖက်ရှင်နယ် မိုဘိုင်းလ်ဖုန်း ပိုးသတ်ခြင်းနှင့် ဖုန်းသန့်ရှင်းရေး ဝန်ဆောင်မှုများကို ခံစားနိုင်ခြင်း ၊ အခမဲ့ software upgrade ဝန်ဆောင်မှုများခံစားခွင့်ရှိခြင်း အစရှိတဲ့ အထူးခံစားခွင့်တွေပါ ထပ်မံရရှိဦးမှာ ဖြစ်ပါတယ်။

 

Image: OPPO

လူတိုင်း သုံးရလွယ်ကူပြီး သဘောကျစရာကောင်းတဲ့ AI လုပ်ဆောင်ချက်များ

OPPO Reno Series တွေရဲ့ အဓိက အားသာချက်ကတော့ Portriat ဖြစ်သလို ဒီတစ်ခေါက် OPPO Reno12 Series မှာဆိုရင် OPPO က “Portrait Expert” ဆိုတဲ့ဆောင်ပုဒ်ရဲ့ အားသာချက်တွေကို သေချာအသုံးချရင်း “AI Portrait Expert” အဖြစ် စတင်ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့်လဲ AI Eraser 2.0 နဲ့  ပတ်သက်လို့ TBH Labs က “AI Eraser 2.0 က အသုံးအဝင်ဆုံး နေ့စဉ် used case တွေထဲမှာ သုံးလို့အကောင်းဆုံး Feature လို့ထင်တယ်” ၊ Myanmar Mobile & Tech Review – MMTR က “AI Eraser 2.0 ဆိုရင် ကိုယ်မလိုချင်တဲ့ပုံတွေကို One-click နဲ့ ဖျောက်ပစ်တာမျိုး ဖျက်ပစ်တာမျိုး လို့ လုပ်ပစ်လို့ရတဲ့အပြင် ဖျက်ပစ်လိုက်တဲ့ ဖျောက်ပစ်လိုက်တဲ့နေရာမှာလဲ သူက AI နဲ့ ပြန်ဖြည့်ပေးလိုက်တဲ့ပုံတွေမှာ တော်တော်လေး သဘာဝကျတယ်” ၊ The Droid က “သူ့ရဲ့ AI Object Recognition System က တော်တော်ကောင်းတာတွေ့ရတယ် ၊ ဖျက်လိုက်တဲ့နေရာတွေကိုပြန်ဖြည့်တဲ့အခါမှာလဲ အရင်တုန်းကထက် Natural ပိုဆန်အောင် လုပ်ပေးထားတာလို့‌ ပြောတယ်” နှင့် My Tech က “Result က ဖျက်ထားပါတယ်လို့မပြောရင် ဘယ်သူမှမသိဘူး”ဟု ၎င်းတို့ရဲ့ ခံစားချက်အသီးသီးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆန်းသစ်လှပပြီး ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း

ဒီတစ်ခေါက် OPPO Reno12 Series မှာ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းအသွင်တစ်မျိုးစီနဲ့ ဖန်တီးထားတာကြောင့် OPPO Reno12 5G ရဲ့ Futuristic Fluid Design ကိုဆိုရင် Myanmar Mobile & Tech Review – MMTR က “ဒီ Reno12 ရဲ့ Astro Silver ဟာ ကျွန်တော်မြင်ဖူးသမျှ OPPO ဖုန်းတွေထဲမှာ အလှဆုံးလို့တောင်ပြောလို့ရတယ်။ နောက်ကျောဘက်ကို Glossy ဖြစ်တဲ့ပုံမသွားထားဘဲနဲ့ Glitter ဖြစ်တဲ့ပုံစံဘက်ကို သွားထားတယ်ဆိုတော့ ကြည့်လိုက်တာနဲ့ Catchy ဖြစ်တယ်။ ဒီ Silver Color ကိုမှ အပေါ်ဘက်က Ripple Wave Design နဲ့ အားဖြည့်ထားတယ်။ ဘေးဘက် Frame တွေကို Flat Frame နဲ့ အရှေ့ဘက်ကို 3D Curved Design နဲ့ ဖြစ်တဲ့အခါကျတော့ OPPO ပြောသလို Futuristic Fluid Design ဘက်ကိုရောက်သွားတယ်။” ၊ My Tech Myanmar က “အရင် Reno မှာတုန်းကဆိုရင်တော့ ဒီလိုဒီဇိုင်းကို မမြင်ဖူးဘူး ဒါပထမဆုံးပဲ ၊ ဖုန်းတွေတော်တော်များများမှာ ဒီလို ငွေရောင်နဲ့လုပ်ထားတာ ရှားတယ်ဗျ။ ရှိတော့ရှိတယ် ဒါပေမဲ့ တွေ့ရခဲတယ် ။ ဆိုတော့ ကိုယ်က Futuristic ဖြစ်တဲ့ ဒီဇိုင်းမျိုးကို ကိုင်ချင်တယ်ဆိုရင်တော့ ဒါလေးကို Recommend ပေးတယ် ” ဟု လည်းကောင်း ၊ OPPO Reno12 F 4G ကို Mirrorcat Myanmar က  “OPPO အနေနဲ့ ဒီ Design Fashion Aesthetic အပိုင်းမှာ ဘယ်တော့မှ Fail ခဲ့တယ်လို့ မထင်ဘူး။ ကြည့်လို့ကောင်းတဲ့အပိုင်းရယ်၊ ခံနိုင်ရည်စွမ်း Durability အပိုင်းရယ်ကို မြှင့်တင်ပေးထားတဲ့အတွက်ကြောင့် Reno12 F ရဲ့ Durability နဲ့ Design Segment ကလည်း ကျွန်တော် အမှတ်တော်တော်များများ ပေးရပါလိမ့်မယ်။” ၊ Duwun Tech Myanmar က “သူ့ရဲ့ Camera Bump ကို ကြည့်လိုက်မယ်ဆိုရင် OPPO Find X7 Series ရဲ့ Camera Bump လိုမျိုး Flagship ဆန်ဆန်လုပ်ပေးထားတာကို တွေ့ရတယ်။ Camera Bump ဘေး ပတ်လည်မှာဆိုရင် Cosmo Ring Design ကို ဖန်တီးပေးထားတယ်။ ဒီတစ်ချက်က Premium ဆန်တယ်ဆိုတဲ့ Vibe ကို ရတယ်။ ပြီးတော့ သူ့ရဲ့ Camera Bump ထဲမှာ Camera Module အပြင် Breathing Light လေးလည်း ထည့်ပေးထားတယ်။ တစ်နည်းအားဖြင့် Halo Light လို့လည်းပြောလို့ရတယ်။ ဖုန်းဝင်တာ၊ Noti တက်တာ၊ Game ဆော့တာ၊ သီချင်းဖွင့်တာ စတဲ့အချိန်တွေမှာမီးလေးလင်းပေးမှာပေါ့။ ”ဟူ၍သော်လည်းကောင်း အသီးသီးပြောကြားခဲ့ပါတယ်။

 

Image: OPPO

လျင်မြန်သွက်လက်လှတဲ့ စွမ်းဆောင်ရည်နဲ့ OPPO Reno12 Series

Reno12 Series အတွက် Battery ကိုတော့  5000mAh Battery နဲ့အတူ Reno12 5G မှာတော့ 80W SUPERVOOC Charge ၊ Reno12 F မှာတော့ 45W SUPERVOOC Charge ဆိုပြီး အသီးသီး ပါဝင်လာမှာ ဖြစ်ပါတယ်။ Reno12 5G က 4nm MediaTek Dimensity 7300-Energy mobile Platform ကို အသုံးပြုလာတဲ့ ပထမ ဦးဆုံးသော စမတ်ဖုန်း ဖြစ်ပါတယ်။ MediaTek နဲ့ OPPO တို့ရဲ့ ပေါင်းစည်းမှုက ပိုပြီးကောင်းမွန်လာတဲ့ လုပ်ဆောင်နိုင်စွမ်းကို ပေးပို့နိုင်ဖို့ ဖြစ်တာကြောင့် အသစ်စက်စက်သော octa-core platform မှာ OPPO နဲ့ MediaTek တို့ရဲ့ လေးနက်တဲ့အတွင်းကျကျ ပေါင်းစည်းမှုအရ နောက်ဆုံးပေါ် ColorOS Trinity Engine မှတဆင့်  Dimensity 7300-Energy က SoC ၊ Memory နဲ့ Storage Performance တွေမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ AI model တွေကို အသုံးပြုရင်း လက်ရှိ သုံးစွဲသူတွေရဲ့ အနေအထားအတွက်လဲ Trinity Engine ရဲ့ အဆင့်မြှင့်တင်ထားတဲ့ CPU-Vita engine က စနစ်တစ်ခုလုံးကို တည်ငြိမ်ပြီး ချောမွေ့အောင် SoC အရင်းအမြစ်တွေကို တိတိကျကျ နေရာချထားပေးကာ စွမ်းအင် သုံးစွဲမှုကို လျော့ပါးအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Memory သိမ်းဆည်းမှု အတိုင်းအတာ အတွက် Reno12 5G မှာ 12GB RAM ကိုမှ RAM Expansion 12GB ၊ Reno12F မှာ 8GB RAM ကိုမှ RAM Expansion 8GB အသီးသီး ပါဝင်လာတဲ့အပြင် ROM အတွက်တော့ 256GB ပါရှိလာမှာ ဖြစ်ပါတယ်။ Android 14 နဲ့အတူ ColorOS 14.1 ပါဝင်မှုကြောင့် အသုံးပြုသူတွေ အဆင်ပြေချောမွေ့စေမှာဖြစ်ပြီး Dual-Stereo Speaker ပါဝင်မှုဟာလဲ Reno12 Series ရဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်မှာပါ။ ဖုန်ဒဏ် ၊ အထူးသဖြင့် ရေစိုမှုဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ IP Rating တွေ ပါဝင်လာပြီး Reno12 5G အတွက် IP65 Rating ၊ Reno12 F အတွက် IP64 Rating တို့အသီးသီးဖြင့် Splash Touch ထပ်လောင်းပါရှိမှုကြောင့် ရေဘယ်လောက်စိုစို ဖုန်းကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

“Your First AI Phone” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီတဲ့ OPPO Reno12 Series ကို သက်ဆိုင်ရာ OPPO Showroom များနှင့် ဖုန်းအရောင်းဆိုင်တွေမှာ မိမိစိတ်တိုင်းကျ စမ်းသပ်လေ့လာနိုင်တာကြောင့် လူကြီးမင်းတို့အနေနဲ့ စမ်းသပ်လေ့လာကြည့်ရင်း AI ရဲ့ လုပ်ဆောင်ချက်တွေနဲ့ထိတွေ့လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ ပထမဆုံး AI ဖုန်း OPPO Reno12Series နဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – https://bit.ly/3XVzoFb ၊ Website – https://bit.ly/4dx4nfA ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။