OPPO က အချိန်မြန်ဆန် အားသွင်းမြန်စေမဲ့ A series အသစ် OPPO A78 ကို မြန်မာနိုင်ငံ စျေးကွက်တွင် မကြာခင် စတင်မိတ်ဆက်တော့မည်

OPPO ဟာ အချိန်ကုန်သက်သာပြီး အားသွင်းမြန်စေမဲ့ 67W SUPERVOOC အမြန်အားသွင်းစနစ်နဲ့ ကြီးမားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်လာမဲ့ A Series အသစ် ဖြစ်တဲ့ OPPO A78 ဖုန်းကို Aqua Green နဲ့ Mist Black ဆိုပြီး အရောင် နှစ်ရောင်ဖြင့် မကြာခင် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ စတင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။

OPPO A78 မှာ ပါဝင်တဲ့ ကြီးမားတဲ့ 5,000 mAh ဘက်ထရီကို 67W SUPERVOOC အမြန်အားသွင်းစနစ်နဲ့ အားသွင်းမယ်ဆိုရင် အချိန် ၁၅ မိနစ် အားသွင်းရုံနဲ့ ဘက်ထရီအား ၄၃ ရာခိုင်နှုန်းအထိ မြန်မြန်ဆန်ဆန် ရရှိနိုင်မှာဖြစ်ပြီး ဘက်ထရီအားအပြည့်သွင်းနိုင်ဖို့ဆိုရင် အချိန် ၄၅ မိနစ်ပဲ လိုအပ်မှာဖြစ်ပါတယ်။ အားအပြည့် သွင်းထားတဲ့ OPPO A78 နဲ့ Youtube ကို ၁၆ နာရီကျော် ကြည့်လို့ရသလို PUBG ကို ၇ နာရီကျော် ဆော့နိုင်မှာဖြစ်ပြီး Screen Standby နဲ့  ၂၉၃ နာရီကျော် ကြာအောင် ထားရှိနိုင်မှာဖြစ်ကာ ဖုန်းခေါ်ဆိုမှုတွေကို နာရီ ၃၀ ကျော်အောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO A78 မှာ ထူးခြားတဲ့ Industry Standard နှစ်ဆဖြစ်တဲ့ Battery Health Engine စနစ်ပါဝင်လာဦးမှာဖြစ်ပြီး ဒီစနစ်ဟာ ဘက်ထရီသက်တမ်းကို နှစ်ဆ ကြာရှည်ခံစေမှာဖြစ်လို့ Charging Cycle အကြိမ် ၁၆၀၀ အထိ အားသွင်း နိုင်စေမှာဖြစ်ကာ လေးနှစ်ကြာ အသုံးပြုပြီး‌နောက် ဖုန်း ဘက်ထရီသက်တမ်း ၈၀ ရာခိုင်နှုန်းထိ ကျန်ရှိ‌နေမှာ ဖြစ်တဲ့အတွက် သာမန်ဖုန်းများထက် အသုံးပြုမှု သက်တမ်း နှစ်ဆ ပိုမိုကြာရှည် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO A78 မှာ ပါဝင်တဲ့ ဗို့အားနည်း အမြန်အားသွင်း နည်းပညာဖြစ်တဲ့ 67W SUPERVOOC အမြန်အားသွင်းစနစ်ဟာ စမတ်ဖုန်းအသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် အမြန်အားသွင်းစနစ်ကို Five Layer Protection လို့ခေါ်တဲ့ အဆင့် ငါးဆင့်နဲ့ ကာကွယ်ထိန်းချုပ်ထားပါတယ်။ Five Layer Protection ကို ဖုန်းရဲ့ အားသွင်းတုံးမှာ နှစ်နေရာ၊ ဖုန်းအားသွင်းပေါက်မှာ တစ်နေရာ၊ ဖုန်းဘက်ထရီနေရာမှာ နှစ်နေရာ ဆိုပြီး စုစုပေါင်း အဆင့်ငါးဆင့်နဲ့ ကာကွယ် ထိန်းချုပ် ပေးထားပါတယ်။ OPPO A78 မှာ Five Layer Protection ထည့်သွင်းအသုံးပြုထားတာကြောင့် ဂိမ်းဆော့ရင်းနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းပြောရင်းနဲ့ပဲဖြစ်ဖြစ် လုံခြုံစိတ်ချစွာ အားသွင်းမြန်စနစ်နဲ့ ဘက်ထရီအားသွင်းထား နိုင်မှာဖြစ်ပြီး ဘက်ထရီအပူချိန် လွန်ကဲမှုမရှိအောင်၊ လျှပ်စစ်ဗို့အား၊ လျှပ်စစ်စီးဆင်းမှုနဲ့ လျှပ်စစ်အားသွင်းမှု ခံနိုင်ရည်ရှိမှုအပြင် အခြားအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေလဲ ပါဝင်ထားပါတယ်။

OPPO VOOC Flash Charge နည်းပညာကို ၂၀၁၄ ခုနှစ်မှာ OPPO က ကိုယ်ပိုင်နည်းပညာနဲ့ ပထမဆုံး တီထွင်ခဲ့ပြီး OPPO Find 7 မှာ အားသွင်းမြန်စနစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။  ၂၀၁၈ ခုနှစ်မှာ OPPO Find X Super Flash Charge၊ OPPO Find X နဲ့ OPPO R17 Pro ဖုန်းတွေမှာ 50W နီးပါးရှိတဲ့ SUPERVOOC အမြန်အားသွင်းစနစ်ကို ထည့်သွင်းတပ်ဆင်ခဲ့ပြီး 3400 mAh ဘက်ထရီရှိ ဖုန်းကို ၃၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။ OPPO ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာတော့ OPPO Reno Ace ဖုန်းမှာ 65W SUPERVOOC 2.0 Super Flash အမြန် အားသွင်းစနစ် ပါဝင်တဲ့ နည်းပညာကို တရားဝင်တပ်ဆင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ OPPO ဟာ 125W Flash Charge အားသွင်းစနစ်ကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် MWC မှာတော့ ၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ 240W SUPERVOOC Flash Charge ကို ထုတ်ဖော်ပြသခဲ့ပြီး အားသွင်းမြန်စနစ်အတွက် မှတ်ကျောက်အသစ် စိုက်ထူနိုင်ခဲ့ပါတယ်။

OPPO A78 ကို သုံးစွဲသူတွေအကြိုက်တွေ့စေမဲ့ Aqua Green နဲ့ Mist Black ဆိုပြီး အရောင် နှစ်ရောင်ဖြင့် ထွက်ရှိလာမှာဖြစ်ပြီး ခေတ်မီဆန်းသစ်တဲ့ အသွင်အပြင်နဲ့ ထွက်ရှိလာမှာဖြစ်သလို အလွန်ပါးလွှာ ပေါ့ပါးတဲ့ Retro Design နဲ့ ထုတ်လုပ်ထားပါတယ်။ OPPO A78 ဖုန်းတွေဟာ အလေးချိန်အနေနဲ့ 180 g ပဲရှိမှာ ဖြစ်ပြီး Aqua Green အရောင်မှာဆိုရင် Diamond Matrix Design အပြင် ရိုးရှင်းတဲ့ ပြေးလမ်းဒီဇိုင်းကို အသုံးပြုထားပြီး 7.99 mm အထူသာ ရှိကာ Mist Black အရောင်မှာ OPPO Glow Design ကို အသုံးပြုထားပြီး 7.93 mm အထူပဲရှိမှာ ဖြစ်ပါတယ်။

OPPO A series အသစ်ဖြစ်တဲ့ OPPO A78 ဟာ မြန်မာနိုင်ငံ စျေးကွက်အတွင်း မကြာမီ ရောက်ရှိလာတော့မှာဖြစ်ပြီး လက်တလောအချက်အလက်တွေကို ဒီလင့်ကနေ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သလို https://tinyurl.com/33hr7r88 စျေးနှုန်းနဲ့ အခြားအသေးစိတ်အချက်အလက်များကိုလဲ မကြာမီ OPPO ကနေ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။