‌ခေါက်ဖုန်းများတွင် ပထမဆုံး ကင်မရာ ၃ လုံးပါဝင်တဲ့ OPPO Find N3 Flip ဖုန်းကို တရုတ်နိုင်ငံ စျေးကွက်တွင် စတင်မိတ်ဆက်ခဲ့

OPPO အနေနှင့် ၎င်း၏ ခေါက်ဖုန်းအသစ်ကို သြဂုတ်လ ၂၉ ရက်နေ့မှာ တရုတ်နိုင်ငံ ဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ မနှစ်က ထွက်ရှိခဲ့တဲ့ Find N2 Flip ထက်ပိုပြီး ကောင်းမွန်တဲ့ နောက်ဆုံးပေါ်လုပ်ဆောင်ချက်တွေနဲ့အတူ Hasselblad နဲ့ ပူး‌ပေါင်းထားတဲ့ ကင်မရာစနစ်လဲ ပါဝင်လာတာပဲဖြစ်ပါတယ်။ OPPO Find N3 Flip မှာ Professional အဆင့်ရိုက်ကူးလို့ရမဲ့ Portrait ကင်မရာ ပါဝင်လာမှာဖြစ်ပြီး “ရိုက်ချက်တိုင်းမှာ ရုပ်ရှင်ဆန်နေမှာပါ” လို့ပြောယူရအောင် ပထမဆုံး Professional Portrait Len တွေပါဝင်လာမဲ့ ခေါက်လို့ရတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ Professional Portrait Len တွေ တပ်ဆင်ထားတဲ့အတွက် Portrait ပုံရိပ်တွေ ရိုက်ကူးဖို့ Telephoto portrait ကင်မရာကို ပြီးပြည့်စုံတဲ့ ခေါက်ဖုန်းပုံစံနဲ့ ပေါင်းစပ်ဖန်တီးထားတာကြောင့်  Portrait ပုံရိပ်တွေ ရိုက်ကူးတဲ့ အခါ လုပ်ဆောင်ချက်တွေအများကြီးကို စိတ်တိုင်းကျ ရွေးချယ်နိုင်စေမှာပါ။

Image: OPPO

OPPO Find N3 Flip မှာ 114˚ မြင်ကွင်းကျယ် ပါဝင်တဲ့ 48MP Ultrawide Module နဲ့ 2x Optical Zoom လုပ်ဆောင်ချက်ပါဝင်တဲ့ 32MP Portrait Len တွေ ပါဝင်လာပါတယ်။ Main camera အနေနဲ့ 50MP ဖြစ်ပြီး Aperture အနေနဲ့ f/1.8 ပါဝင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Hasselblad ရဲ့ Image Optimization Technology ၊ Super Imaging Technology Engine နဲ့ တခြား အဆင့်မြင့်လုပ်ဆောင်ချက်တွေကို ပေါင်းစည်းထားတဲ့ အနောက်ကင်မရာ မှန်ဘီလူး ၃ ခုဟာ အဆင့်မြင့်ပုံရိပ်အရည်အသွေးတွေကို ပေးစွမ်းမှာပါ။

Image: OPPO

OPPO Find N3 Flip ရဲ့  Professional Portrait  ကင်မရာဟာ ရိုက်ကူးမဲ့ လူ၊ ပတ်ဝန်းကျင်က အလင်းနဲ့ အမှောင်တွေ၊ ပုံရိပ်ထဲက ကာလာနဲ့ အချက်အလက်အသေးစိတ်တွေကို တိတိကျကျ တွက်ချက် ပြင်ဆင်ပေးနိုင်လို့ အလင်းနဲ့ အမှောင်ကို မျှတစေပြီး ပုံရိပ်တွေကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ရစေပါတယ်။ ဒါအပြင်  OPPO Find N3 Flip ရဲ့  အသားအရေ ထိန်းညှိပေးခြင်းလုပ်ဆောင်ချက်ဟာ ယုတ္တိမရှိတဲ့ အသားအရေထိန်းညှိလှပစေမှု မဟုတ်ပဲ ပိုမို သဘာဝကျကျ လှပစေပြီး အသေးစိတ်အရည်အသွေး ကောင်းမွန်ကာ အလင်းဝင်ရောက်မှုတွေကို အကောင်းဆုံး ထိန်းညှိပေးတဲ့ လုပ်ဆောင်ချက်နဲ့ ပုံရိပ်တွေကို သိသိသာသာပေါ်လွင်လှပစေမှာပဲဖြစ်ပါတယ်။ OPPO Find N3 Flip နဲ့ ပုံရိပ်ရိုက်ကူးတဲ့အခါ ‌နောက်ခံတွေကို သဘာဝအတိုင်း Blur စေနိုင်မှာဖြစ်ပါတယ်။ အလင်းရောင်နဲ့ အမှောင် အသေးစိတ် ထိန်းညှိလုပ်ဆောင်ချက်တွေကြောင့် ပုံရိပ်ထဲက မျက်နှာအသွင်အပြင်တွေကို ပိုပြီး ရှင်းလင်းတိကျစေမှာဖြစ်တဲ့အပြင် ပိုပြီး အသက်ဝင်လာစေမှာဖြစ်ပါတယ်။ အဝတ်အစားအရောင်ကိုလဲ မူလအဝတ်အစားအရောင်အတိုင်း အသေးစိတ် ပြန်ထိန်းညှိပေးပြီး ပုံရိပ်ထဲက အလင်းရောင်ပမာဏကိုလဲ သဘာဝကျကျလင်းစေမှာဖြစ်ပါတယ်။ OPPO Find N3 Flip ဟာ အဆင့်မြှင့်တင်ထားတဲ့အပြင် အထူးသဖြင့် Portrait ပုံရိပ်တွေရိုက်ကူးဖို့အတွက် အံ့သြစရာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

Image: OPPO

အရင်တုန်းက ထွက်ရှိခဲ့တဲ့ OPPO Find N2 Flip ဟာ ဒီနှစ် ပထမခြောက်လအတွင်း တရုတ်ပြည်မှာ ရောင်းအား အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်ခဲ့တဲ့ အချက်ကို အခြေခံပြီး အခုထွက်ရှိလာတဲ့ OPPO Find N3 Flip ဖုန်းကလည်း သုံးစွဲမှု အတွေ့အကြုံပိုင်းမှာ မြင်သာတဲ့ အဆင့်မြှင့်တင်မှုတွေကို ယူဆောင်လာနိုင်မယ်ဆိုတာ OPPO က ယုံကြည်ပါတယ်။ OPPO ဟာ မကြာမီကာလအတွင်း OPPO Find N3 Flip Global Version ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။