Smartphone Industry တွင် ပထမဆုံး နည်းပညာအသစ် ၃ ခုနှင့် OPPO F21 Pro ကိုစတင်ဝယ်ယူနိုင်ပြီ

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ “Style သစ်လွင် Selfie ဘုရင်” ဟူသော ဆောင်ပုဒ်နှင့်အတူ OPPO F21 Pro ကို မေလ (၁၇) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတွင်  ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

အဆိုပါ OPPO F21 Pro ကို ညနေနေဝင်ဆည်းဆာကို မြင်တွေ့ရသည့်အတိုင်း ခံစားရစေမည့် Sunset Orange ဟူသော လိမ္မော်ရောင်နှင့် ထူးခြားသည့် OPPO Glow ဖြင့် Premium ဆန်သည့် ခံစားချက်ကို ရရှိစေမည့် Cosmic Black ဟူ၍ အရောင် နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဝယ်ယူကြသော Customer များကို OPPO မှ လက်ဆောင်အဖြစ် Smart Wireless Desktop Speaker ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ 

Photo Source www.oppo.com

OPPO F21 Pro ကိုယ်ထည်ကို ပါးလွှာကျစ်လစ်သည့် Ultra-Slim Flat-Edged Design ဖြင့် ထုတ်လုပ်ထားပြီး စတိုင်ကျစေသည့် သစ်လွင်သော ဒီဇိုင်းများဖြင့် ဖန်တီးထုတ်လုပ်ထားသည်။ ဒီဇိုင်းပိုင်းတွင် အသုံးပြုသူများ နှစ်ခြိုက် စေမည့် အရောင်နဲ့ ဒီဇိုင်းများကို အရည်အသွေးမြင့်ပြီး အကြမ်းခံသည့် ပုံစံဖြင့် ထုတ်လုပ်ပေးထားသည်။  Sunset Orange အရောင်သည် မြန်မာနိုင်ငံရှိ Smartphone Industry တွင် ပထမဦးဆုံး Fiberglass-leather ဒီဇိုင်းဖြင့် ‌ဝင်ရောက်လာသော Smartphone ဖြစ်သည်။

နောက်ကျောဘက် ကာဗာကို အကြမ်းခံနိုင်ပြီး လက်ဗွေရာ၊ အစင်းရာ မထင်သည့်  Fiberglass-Leather Texture ကို အသုံးပြုပေးထားသည်။ ဘေးဘောင်များကိုလည်း Metal Frame ကို လေးထောင့်ကျသည့် Flat-edge ဒီဇိုင်းဖြင့် ဖန်တီးပေးထားသည့်အတွက် Premium ဆန်သော Look ကို ရရှိနိုင်မည် ဖြစ်သည်။ ထို Fiberglass-Leather Design သည် ဂျင်းနှင့် ပွတ်တိုက်စမ်းသပ်မှု အကြိမ် နှစ်သိန်းခန့်နှင့် ခဲဖျက်ဖြင့် ပွတ်တိုက်စမ်းသပ်မှု အကြိမ် တစ်သောင်းတို့အပြင် အရက်ပြန်ဖြင့် ပွတ်တိုက်မှု အကြိမ် ၅ ထောင်တို့ကို အောင်မြင်ထားပြီးဖြစ်သည်။။ OPPO F21 Pro Sunset Orange အရောင်သည် အလေးချိန် 175g နှင့် အထူ 7.54mm သာရှိပြီး OPPO F21 Pro Cosmic Black အရောင်သည် အလေးချိန် 175g နှင့် အထူ 7.49mm သာရှိတာကြောင့် လက်ဖဝါးနှင့် အံကိုက်ပြီး ပေါ့ပါးကျစ်လစ်သော Hand Feeling ကိုလည်းပေးစွမ်းနိုင်မည်ဖြစ်သည်။

ထူးခြားချက်တစ်ခုအနေဖြင့် Style သစ်လွင် Selfie ဘုရင် OPPO F21 Pro သည် မြန်မာနိုင်ငံရှိ Smartphone Industry တွင်  OPPO နှင့် Sony တို့ အထူးတီထွင်ဖန်တီးထားတဲ့ ပထမဆုံးသော IMX 709 Hardware sensor Selfie Camera ပါဝင်လာသည့် ပထမဦးဆုံးဖုန်းဖြစ်သည်။ ထို Sensor သည် အလင်းအာရုံခံကိရိယာ ၁၆ ခုပါဝင်သာ RGBW Sensor ဖြစ်သည့်အတွက် အလင်းရောင်မှိန်သည့် ပတ်ဝန်းကျင်များတွင်လည်း ပိုမိုလင်းစေပြီး အသေးစိတ်ကျသည့် ဓာတ်ပုံရုပ်ထွက်များကို ရရှိစေမည်ဖြစ်သည်။ အခြား Camera Features များအနေနှင့် Bokeh Flare Portrait, AI Enhancement နှင့် Ultra Clear 108 MP အရည်အသွေးရှိသော ဓာတ်ပုံများကိုလည်း ရိုက်ကူးနိုင်မည်ဖြစ်သည်။

OPPO F21 Pro တွင်  မြန်မာနိုင်ငံ၌ ပထမဆုံး Zoom အဆ ၃၀ ထိ ပြုလုပ်ရိုက်ကူးနိုင်တဲ့  Microlens လည်းပါဝင်သည့်အပြင် တစ်ကျော့ပြန် Selfie ဘုရင်ဟု ဆိုရလောက်အောင် အရည်အသွေးကောင်းမွန်‌သော 32 MP Selfie Camera တွင် Selfie Portrait Function အပြင် အလင်းအမှောင်ကို ချိန်ညှိပေးပြီး အလင်းလွန်ကဲမှုကို လျှော့ချပေးသော HDR လည်း ပါဝင်လာသည်။ အနောက်ဖက် ကင်မရာများအနေဖြင့် 64 MP Main Camera, 2MP Depth Camera နှင့် 2MP Microlens တို့ကို Triple Camera Setup အနေဖြင့် အသုံးပြုပေးထားသည့်အတွက် ကြည်လင်ပြတ်သားပြီး ရုပ်ထွက်ကောင်းမွန်သော Image Quality ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

Style သစ်လွင် Selfie ဘုရင် OPPO F21 Pro ၏ Screen Size သည် 6.4” ဖြစ်ပြီး AMOLED Punch-Hole Display ကို အသုံးပြုထားသောကြောင့် ကြည့်ရှုအသုံးပြုသည့်အခါ ကောင်းမွန်‌သော ရုပ်ထွက်ကို ခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် 90Hz Screen Refresh Rate နှင့် တွဲဖက်ပေးထားသောကြောင့် ဖုန်းအသုံးပြုရာတွင် လျင်မြန်ချောမွေ့စေပြီး ကောင်းမွန်သည့် မျက်နှာပြင် ထိတွေ့ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ 

Photo Source www.oppo.com

OPPO F21 Pro တွင် ကြာရှည်အသုံးခံသည့် ကြီးမားသော 4500mAh Battery နှင့် ဗို့အားနည်း အားသွင်းမြန် စနစ်ဖြစ်သည့် 33W SUPERVOOC အမြန်အားသွင်းစနစ်ပါဝင်ပြီး Five Layer Protection စနစ် ထည့်သွင်းပေး ထားသည်။ မိနစ် ၃၀ အားသွင်းရုံနှင့် ၅၈% ထိ အားဖြည့်သွင်းနိုင်မည်ဖြစ်ပြီး တစ်နာရီအတွင်း အားအပြည့် သွင်းနိုင်မည် ဖြစ်ကာ ၅ မိနစ်အားသွင်းပြီး မိနစ် ၁၆၀ ဖုန်းပြောနိုင်သလို ၅မိနစ် အားသွင်းပြီးလျှင် ၂ နာရီအထိ Game ကစားနိုင်မည်ဖြစ်သည်။

OPPO F21 Pro တွင် RAM 8GB နှင့် ROM 128GB ပါဝင်ပြီး Qualcomm Snapdragon 680 6nm ထည့်သွင်း ထားသည့်အတွက် ပိုမိုကောင်းမွန်သော ဖုန်းသုံးစွဲမှု အတွေ့အကြုံကိုလည်း အသုံးပြုသူတို့ ခံစားတွေ့ကြုံနိုင်မည် ဖြစ်သည်။ RAM Expansion ထည့်သွင်းထားသည့်အတွက် မူလ  RAM 8GB ကို Up to 5GB ထိ တိုးချဲ့အသုံးပြုနိုင်မည် ဖြစ်သည်။ အချိန်တိုင်း သွက်လက်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် OPPO F21 Pro တွင် Android Version 12 ကို အခြေခံထားသော OPPO ၏ ကိုယ်ပိုင် OS ဖြစ်သည့် နောက်ဆုံးပေါ် ColorOS Version 12 ကို အသုံးပြုထားသည်။

OPPO F21 Pro ကို မေလ (၁၇) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းကောင်တာများတွင် ၆၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။