ပြောင်းလဲတိုးတက်လာသောနည်းပညာများနှင့် Android Operation System များ

Android Mobile OS တွေကို 2007 နိုဝင်ဘာလ မှာ Beta မဖြစ် စတင်မိတ်ဆက်ခဲ့ကြပြီးတော့ အခုဆိုရင် ဆယ်စုနှစ်တစ်ခု ရှိနေပြီပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာတော့ ပထမဆုံး Android 1.0 ကိုချပြခဲ့ပါတယ်။ ဒီလို Android OS တွေကိုတော့ Google နဲ့ Open Handset Alliance (OHA) တို့ပူးပေါင်းပြီးတော့ အမြဲတမ်းအဆင့်မြှင့်တင်နေခဲ့တာ ဖြစ်ပါတယ်။ စမိတ်ဆက်တဲ့အချိန်ကနေ အခုအချိန်ထိဆိုရင်တော့ OS update တွေအများကြီးထုတ်ပြီးနေပြီ ဖြစ်ပါတယ်။ ခုနှစ်တစ်ခုစီတိုင်းမှာတော့ Version တစ်ခုစီ ထုတ်လုပ်ထားပြီးတော့ update တွေနဲ့ နည်းပညာတွေတိုးတက်လာမှု ကြောင့် လုပ်ဆောင်နိုင်တဲ့ Feature တွေကလဲ ပိုပိုများလာပါတယ်။

ဒီလို Android OS တွေကို Application Programming Interface (API) နဲ့လည်း ခွဲခြားသတ်မှတ်ကြပါသေးတယ်။ API ဆိုတဲ့အသုံးအနှုံးကိုတော့ နည်းပညာဆောင်းပါးတွေ၊ နည်းပညာဂျာနယ်တွေဖတ်ဖူးတယ်ဆိုရင်တော့ တွေ့ဖူးကြမှာပါ။ Application Programming Interface (API) ဆိုတာကတော့ Software တစ်ခု ဒါမှအတွက် စနစ်တစ်ခုအတွက် Computing Interface တစ်ခုလို့ ဆိုရမှာပါပဲ။ Software ရဲ့လုပ်ဆောင်မှုတွေ စနစ်တွေ ဘယ်လိုလုပ်ဆောင်တယ် ဆိုတာကို ဖော်ပြပေးပါတယ်။ အောက်မှာပြထားတဲ့ ဇယားကနေ Android OS တွေရဲ့ ထုတ်လုပ်ခဲ့တဲ့ခုနှစ် သူတို့ရဲ့ API တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိထွက်ရှိထားတာကတော့ ၉ ခုမြောက် Android OS တစ်ခုဖြစ်တဲ့ Android Pie ဖြစ်ပါတယ်။ ၂၀၁၉ မတ်လ ၇ ရက် နေ့မှာ Google ကစတင် မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ Beta version အဖြစ်ကိုတော့ ၂၀၁၈ ဂျူလှိုင်လ မှာ စတင်ခဲ့ပြီးတော့ ပထမဆုံးအကြိမ် တရားဝင်အသုံးပြုမှုတွေကိုတော့ ၂၀၁၈ ခုနှစ် ဩဂုတ်လမှာ စတင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် လက်ရှိထွက်ရှိထားတာကတော့ ၁၀ ခုမြောက် Android OS တစ်ခုဖြစ်တဲ့ Android 10 ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ Google ကစတင်မိတ်ဆက်ပေးခဲ့ပြီးတော့ အဲ့ဒီနေ့မှာပဲ Android Q ဆိုတဲ့နာမည်နဲ့ ပထမဆုံး Beta version ကိုစတင်ခဲ့တာ ဖြစ်ပါတယ်။ Beta Version ၆ ခုအထိထွက်ရှိပြီးတော့ Version တစ်ခုစီတိုင်းမှာ အသစ်အသစ်တွေနဲ့ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ Google က တရားဝင်ထုတ်ပြန်တဲ့အချိန်မှာတော့ Android 10 လို့ပဲခေါ်ဖို့ထုတ်ပြန်ခဲ့ပေမယ့် Android 10 ကိုတစ်ချို့ကတော့ Queen Cake, Quince Tart လို့လဲသိထားကြပါတယ်။ Android 10 ရဲ့နောက်ဆုံးတရားဝင် Version ကိုတော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

Photo source Myanmar Tech Press

Android 10 ရဲ့ Highlight feature (၅) ခု ကိုပြောပြပေးချင်ပါတယ်။

(၁) Live Caption

ဖုန်းမှာ ဖွင့်လိုက်တဲ့ video, podcast တွေ၊ အသံဖိုင်တွေနဲ့ ကိုယ်တိုင်အသံဖမ်းထားတဲ့ အသံဖိုင်တွေကိုတောင် ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ Live Caption စနစ်ကိုအလိုအလျောက်ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီ feature အတွက် Wifi တွေ ဖုန်းအင်တာနက်တွေလဲ လိုအပ်မှာ မဟုတ်ပါဘူး။

(၂) Smart Reply

Android 10 မှာတော့ message တွေနဲ့ပက်သက်ပြီးတော့ suggested response တွေဖော်ပြပေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်က စာပို့လာတဲ့အခါ အဲဒီစာအတွက် reply ပြန်ဖို့ recommended action တစ်ခုပြပေးနေမှာ ဖြစ်ပါတယ်။ စာမှာ လိပ်စာပါတယ်ဆိုရင် Google Map ကိုပါတစ်ခါထဲသွားပြီးတော့ Location ကိုပြပေးမှာ ဖြစ်ပါတယ်။

(၃) Security Update တွေကို မြန်မြန်ရနိုင်မှာပါ

Android ဖုန်းတွေဟာ security update တွေကို ပုံမှန်ရနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Android 10 မှာကတော့ ပုံမှန်ထက် ပိုပြီး မြန်မြန်ရမှာ ဖြစ်ပါတယ်။ Google Play system update တွေ၊ အရေးကြီးတဲ့ Security တွေနဲ့ Privacy fixes တွေကို ဖုန်းကနေ Google Play ကို တိုက်ရိုက်ပို့ပြီးတော့ Application တွေ update တင်သလို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပြောင့် error fixes တွေကို ပြီးတာနဲ့ချက်ချင်းရနိုင်မှာ ဖြစ်ပါတယ်။

Photo source https://www.android.com/

(၄) Focus Mode

ကိုယ်အလုပ်လုပ်နေတဲ့အပေါ် အပြည့်အဝအာရုံစိုက်နိုင်ဖို့အတွက် Application တွေကိုရွေးပြီး Distract လုပ်ထားနိုင်ပါတယ်။ ဒီလိုလုပ်လိုက်ရင်တော့ Select လုပ်ထားတဲ့ Application တွေဆီက Notification တွေလဲဝင်တော့မှာ မဟုတ်တဲ့အတွက် အပြည့်အဝအာရုံစိုက်နိင်မှာ ဖြစ်ပါတယ်။

(၅) Family Link

ကိုယ့်ရဲ့ကလေးတွေ အင်တာနက်အသုံးပြုပြီးတော့ စာလေ့လာတာ၊ ဂိမ်းကစားတာ၊ အင်တာနက်သုံးတာတွေကို အသုံးပြုသူအနေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Screen Time ကိုလည်း တစ်ရက်တာအတွက် သတ်မှတ်ပေးနိုင်မှာြဖစ်ပါတယ်။ Application တစ်ခုကိုလည်း အချိန်ဘယ်လောက်ကြာအောင် အသုံးပြုထားတယ်ဆိုတာကိုလည်း ကြည့်နိုင်ပါတယ်။ Application တွေကိုလည်း Management ပြုလုပ်နိုင်ပြီးတော့ ကိုယ့်မိသားစုဝင်တွေရဲ့ လက်ရှိရောက်ရှိနေတဲ့ နေရာတွေကို ကြည့်နိုင်ဦးမှာ ဖြစ်ပါတယ်။

Android Operation System ရဲ့ ၁၁ ဆက်မြောက်မျိုးဆက်ဖြစ်တဲ့ Android 11 ကို Google အနေနဲ့ ၂၀၂၀ ဖေဖော်ဝါရီလက စတင်မိတ်ဆက်ပေးခဲ့ပါပြီ။ Android 11 ရဲ့ ပထမဆုံး Beta Version ကလည်း စတင်မိတ်ဆက်ပေးတဲ့နေ့မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Feature အသစ်တွေအနေနဲ့တော့ New Permissions Controls နဲ့ API Distinction Between Standalone တို့ပါဝင်မယ်လို့ သိရပါတယ်။