အိမ်မှာပဲဘေးကင်းစွာနေရင်းနဲ့ မိုဘိုလ်းဂိမ်းကစားတဲ့အခါ Gaming Performance ကောင်းမွန်ဖို့ ဘာတွေလိုအပ်မလဲ

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော COVID-19 ကူးစက် ရောဂါကြောင့် တတ်နိုင်သမျှ အိမ်မှာနေခြင်းဟာ မိမိနှင့် မိမိ၏ ချစ်ရသောမိသားစုတို့ ကျန်းမာရေးအတွက် အကောင်းဆုံးကာကွယ်ရေးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အိမ်ထဲမှာပဲနေ တဲ့အခါ ကျန်းမာပြီးကိုယ်ခံအားကောင်းအောင် ဂရုစိုက်နေထိုင်ရင်းနေ့စဉ်ဘဝမှာလုပ်ချင်ပေမယ့် အချိန်မရှိလို့ ခေါက်ထားခဲ့ ရတဲ့ To-Do List လေးကိုပြန်ဖွင့်ကြည့်လို့ ရပါပြီ။
ယခင်ကသာမန်နေ့စဉ် လှုပ်ရှားသွားလာရာကနေအခုလို အချိန်တစ်ခုမှာအိမ်မှာနေရင်းအချိန်ကိုအကျိုးရှိစွာ အသုံးချပုံတွေ ကတော့ အသက်အရွယ်အလိုက်၊ ဝါသနာအလိုက် အမျိုးမျိုးပါပဲ။ ပန်းချီ၊ ဓာတ်ပုံဝါသနာရှင်များက အနုပညာလက်ရာ သစ်များဖန်တီးရင်း၊ အဆိုအကဘက်မှာထူးချွန်သူများကမိမိတို့ နှစ်သက်သောတေးသီချင်းများကို Cover ဆိုရင်းကရင်း၊ အချက်အပြုတ်တော်သူများကမိသားစုနှင့် ချစ်သူခင်သူအတွက် စားဖွယ်ရာများစီစဉ်ပေးရင်း၊ မိတ်ကပ်နှင့် အလှအပကို စိတ်ဝင်စားသူများကပိုမိုလှပသောပြင်ဆင်ချယ်သမှုများကိုအင်တာနက်မှတစ်ဆင့် စမ်းသပ်ရှာဖွေရင်း၊ ရုပ်ရှင်နှင့် စာပေချစ်သူ များကအကြိုက်ဆုံးရုပ်ရှင်များ၊ စာအုပ်များကိုပြန်လည် ဖတ်ရှုခံစားရင်း၊ အပင်စိုက်ခြင်းကိုသဘောကျသူကမိမိ၏ ဥယျာဉ်လေးကိုရေလောင်းပေါင်းသင်ရင်း ၊ မိသားစုနှင့်အတူနွေးထွေးသောအချိန်များကိုကုန်ဆုံးရင်းစသည်ဖြင့် စိတ်ဝင်စား ရာကဏ္ဍအလိုက် ပျင်းရိမှုများကိုဖြေဖျောက်လျက် အိမ်ထဲမှာပင် အကျိုးရှိတဲ့ အချိန်တွေကိုဖန်တီးကုန်ဆုံးနေကြပါတယ်။

Photo Source https://www.facebook.com/oppomyanmar/

ဒီလိုကိုယ့်နည်းကိုယ့်ဟန်နှင့် ကမ္ဘာကြီးကိုကာကွယ်ဖို့ အိမ်ထဲမှာနေကြတဲ့အခါမှာ Smartphone ကိုအသုံးပြုပြီးမိမိတို့ ဖန်တီးထားတဲ့ အရာတွေ၊ အမှတ်တရတွေကိုဓာတ်ပုံ၊ ဗီဒီယိုအဖြစ် မှတ်တမ်းတင်ရင်းအခုချိန် ခဏဝေးနေရတဲ့ ချစ်သူခင်သူတွေနှင့်လည်းအင်တာနက်ကဝေမျှရင်းကမ္ဘာကြီးနှင့် အဆက်အသွယ် မပြတ်အောင် လုပ်ဆောင် နေကြရပါတယ်။ နောက်ထပ် Smartphone ကိုအသုံးပြုပြီးပျင်းရိဖွယ် အချိန်တွေကို ‌ပျော်ရွှင်ဖွယ်အချိန်တွေအဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ အရာများထဲကတစ်ခုကတော့ Mobile Game လို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်။
ကမ္ဘာကြီးကိုကာကွယ်ဖို့ အိမ်မှာနေရင်းအရင်ကမအားလို့ မဆော့ခဲ့ရတဲ့ ဂိမ်းတွေကိုတစ်ယောက်တည်းရော၊ ချစ်သူခင်သူတွေနှင့်ရောတဝကြီးဂိမ်းဆော့နိုင်ပါပြီ။ Smartphone နဲ့ ဂိမ်းဆော့တဲ့အခါ ဖုန်းမှာဘယ်လိုအချက်တွေပါမှ ဂိမ်းဆော့ရတာပိုကောင်းတယ်လို့ ထင်ကြပါသလဲ။ အားလုံးကတော့ Touch Response ကောင်းဖို့နဲ့ Heavy-loading အခြေအနေများမှာပါ Lag မဖြစ်ဖို့ အရေးကြီးတယ်လို့ စဉ်းစားကြမှာပါ။ ဘော်ဒါတွေနှင့် ဂိမ်းချိန်းဆော့တဲ့အခါ ဖုန်းက Lag နေလို့ တစ်ယောက်တည်းကျန်ကျန်နေတယ် ဆိုရင်တော့ မဖြစ်ဘူးပေါ့။ ဒါကြောင့် Hyper Boost ပါတဲ့ ဖုန်းတွေကို၊ ဒါမှမဟုတ် အခြား Gaming Performance ပိုကောင်းစေဖို့ ကူညီပေးတဲ့ Application တွေကိုအသုံးပြုကြရင် ပိုကောင်းပါတယ်။

Photo Source https://www.facebook.com/oppomyanmar/

ဖုန်းနှင့် ဂိမ်းဆော့ရတာကြိုက်တဲ့ သူတွေအတွက် လိုအပ်ချက် နောက်တစ်ခုကတော့ ဘက်ထရီပဲပေါ့။ ဂိမ်းဆော့ရင်း အားမကုန်သွားဖို့၊ အားသွင်းတဲ့အခါ အချိန်အကြာကြီးမစောင့်ရဖို့တို့ဆိုရင် 4025mAh ပါဝင်တဲ့ ဘက်ထရီလောက်၊ အမြန် အားသွင်းစနစ်တို့နဲ့ဆိုရင် ပိုအဆင်ပြေပါတယ်။ ပြီးတော့ ဖုန်းအားသွင်းတဲ့ အချိန်ကိုပါ စောင့်စရာမလိုဘဲ အားသွင်းရင်းဂိမ်းကစားနိုင်တာကိုလည်းသဘောကျကြမှာပါ။ ဖုန်းပူလွန်းလို့ မကိုင်နိုင် ဖြစ်တာလည်းမရှိရအောင် ဖုန်းအပူမလွန်ကဲစေဖို့ Cooling System လည်းပါပြီးဂိမ်းကစားတဲ့အခါ ရုပ်သံထွက် ကောင်းမွန်တာ၊ Storage များများဆံ့ တာတို့ပါ ပါဝင်တဲ့ ဖုန်းမျိုးဆိုမိမိရဲ့ ဂိမ်းကစားရတဲ့ အတွေ့အကြုံတွေ၊ ရလဒ်တွေလည်းပိုမိုကောင်းမွန်လာမှာ အသေအချာပဲပေါ့ ။
ဒီလို Mobile Game ဆော့ဖို့ သင့်တော်တဲ့ ဖုန်းမျိုးကိုမှ ရှာနေတာဆိုတဲ့ သူတွေအတွက်ဆိုရင် Touch Optimization ပါဝင်လို့ Touch Response ကိုအရင် ဖုန်းတွေထက် 16% ပိုတိုးပေးပြီး Heavy-loading အခြေအနေများမှာပါ အဆင်ပြေအောင် Frame Rate Optimization နှင့် အတူ Hyper Boost ပါဝင်လို့ Lag ဖြစ်မှုကိုလျော့ချပေးပြီး Gaming Performance ကိုလည်းသိသိသာသာအဆင့်မြှင့်တင်ပေးနိုင်တဲ့ OPPO က အသစ်ထွက်ရှိထားတဲ့ Reno3 | Reno3 Pro တို့ကသင့်တော်တဲ့ ဖုန်းအမျိုးအစားတွေပါပဲ။ Elevoc Algorithm လည်းပါရှိလို့ ဂိမ်းကစားတဲ့အခါမှာအချင်းချင်းနီးနေတဲ့အခါ ဖြစ်တတ်တဲ့ Voice Chat တွင်းပဲ့တင်သံထွက်မှုကိုလည်းဖယ်ရှားပေးလို့ အချိတ်အဆက်မိမိကစားလို့ ရပြီပေါ့။ Storage လည်းများပြီး နောက်ထပ် storage ထပ်ထည့်နိုင်အောင် ကဒ်ထပ်ထည့်လို့ရမယ့် နေရာလည်းပါသေးတော့ Game Data တွေစိတ်ကြိုက်ထည့်လို့ရနိုင်ပါတယ် ။ 4025mAh ဘက်ထရီနှင့် VOOC4.0/30W, VOOC3.0/20W အားသွင်းစနစ် အသီးသီးပါဝင်လို့ အချိန်အကြာကြီးအားသွင်းစရာမလိုတဲ့အပြင် ဘက်ထရီအားခဏလေးနှင့် ကုန်သွားမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူးပေါ့ ။ ဘက်ထရီကအကြာကြီးခံလို့ တစ်နေကုန် ဂိမ်းကစားနေမယ်ဆိုလည်းဖုန်းအပူမလွန်ကဲစေဖို့ Multi-cooling system ကလည်းကူညီပေးနေဦးမှာပါ။ TÜV Rheinland Safe Fast-charge System ကို အောင်မြင်ထားတဲ့အတွက် ဂိမ်းဆော့ရင်း အားသွင်းမယ်ဆိုလည်းစိုးရိမ်စရာလုံးဝမလိုတဲ့အပြင် Dolby Atmos, Hi-Res, OSIE တို့ကလည်းအားဖြည့်ထားတော့ ဂိမ်းကစားတဲ့အခါ ရုပ်ရောအသံထွက်ရောအငြိမ့်စားရရှိစေတဲ့ ဖုန်းလည်းဖြစ်လို့ ထူးခြားကောင်းမွန်တဲ့ Gaming Performance တွေရရှိစေမှာပါ။

Photo Source https://www.facebook.com/oppomyanmar/

ဒီလိုကောင်းမွန်တဲ့ Gaming Performance တွေစွမ်းဆောင်နိုင်တဲ့ 8GB RAM + 256GB ROM ရှိပြီး MTK P95 ပါဝင်တဲ့ OPPO Reno3 Pro ကို မြန်မာကျပ်ငွေ 629,900 ဖြင့်လည်းကောင်း ၊ 8GB + 128GB ROM ရှိပြီး MTK P90 ပါဝင်တဲ့ OPPO Reno3ကိုမြန်မာကျပ်ငွေ 499,900 ဖြင့်လည်းကောင်း၊ အိမ်ထဲကအိမ်ပြင် ထွက်စရာမလိုဘဲ shop.com.mm https://www.shop.com.mm/shop/oppo က တစ်ဆင့် ပို့ဆောင်ခအခမဲ့နဲ့ ဝယ်ယူနိုင်ကြောင်းလည်း သတင်းကောင်း ပါးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလူကြိုက်များသော Mobile Game တွေကတော့ Mobile Legend နှင့် PUBG တို့ ဖြစ်ပြီးအာရှမှာအခုတလောစိတ်ဝင်စားမှုများနေတဲ့ ဂိမ်းက‌တော့ Animal Crossing ဆိုတဲ့ ဂိမ်းလို့ သိရပါတယ်။
သတင်းအချက်အလက်များပိုမိုသိရှိလိုပါက အောက်ပါ Link များမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
OPPO Myanmar Facebook_ https://www.facebook.com/oppomyanmar/
OPPO Myanmar Website https://www.oppo.com/mm/