COVID-19 ကြောင့် အိမ်ထဲမှာနေသူတွေအတွက် ငွေပေးချေမှုတွေမှာ အဆင်ပြေစေတဲ့ KBZPay

၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တွန်းလှန်နိုင်ဖို့ လူတွေကို ငွေသားမဲ့ငွေကြေးလုပ်ဆောင်ချက်တွေ ပြောင်းလဲအသုံးပြုကြဖို့ တိုက်တွန်းချက်တစ်ခု ထုတ်ပြန်ကြေညာအပြီးမှာ တော့ ကမ္ဘာတစ်လွှား ဒစ်ဂျစ်တယ်ငွေကြေးလုပ်ဆောင်ချက်ပြုလုပ်တဲ့ အရေအတွက်ဟာ တစ်ရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဗဟိုဘဏ်(CBM) ကနေပြီးတော့ ပြည်သူတွေကို အပြင်မကြာခဏသွား ရတာကို ရှောင်ရှားနိုင်ဖို့အတွက် မိုဘိုင်းဘဏ်စနစ်တွေနဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေကို အသုံးပြုဖို့အတွက် တိုက်တွန်းလှုံ့ဆော် ခဲ့ပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် COVID-19 ကပ်ရောဂါဟာ မိုဘိုင်းငွေပေးချေမှုနည်းပညာကို ရေရှည်အသုံးပြုလာ အောင် လမ်းစဖောက်ပေးလိုက်တဲ့ အရွေ့တစ်ခုလို့တောင်ဆိုကောင်းဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ပျံ့နှံ့မှုကနေ ကာကွယ်ဖို့ အိမ်မှာပဲနေထိုင်ကြရတဲ့အတွက် နေ့စဉ်ဘဝမှာ လိုအပ် တာတွေကို သုံးဖို့ငွေပေးချေရတော့မယ်ဆိုရင် KBZPay လို မိုဘိုင်းပိုက်ဆံအိတ်တွေကို ဘယ်လိုအကျိုးရှိရှိအသုံးပြုနိုင်မလဲ ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။
မဖြစ်မနေပေးဆောင်ရမယ့်ဘေလ်တွေ ငွေသားထုတ်ဖို့ ATM စက်ရှိတဲ့နေရာတွေကြောင့် စိတ်ပူနေရပါသလား။ ငွေသားမဲ့ ငွေပေးချေမှုတွေကို ပြုလုပ်ဖို့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို သုံးလို့ရပါတယ်။ နီးစပ်ရာ KBZPay ကိုယ်စားလှယ် ဒါမှမဟုတ် ကိုယ့်ရဲ့ ကမ္ဘောဇဘဏ်ငွေစုအကောင့်ကနေ KBZPay အကောင့်ထဲကို အလွယ်တကူငွေသွင်းပြီးတာနဲ့ စသုံးလို့ရပါပြီ။

Photo Soruce https://web.facebook.com/KBZPay/

CBM ရဲ့ လမ်းညွှန်ချက်အတိုင်း KBZPay က နေ့စဉ်ငွေသွင်းပမာဏကို Level 1 အသုံးပြုသူတွေအတွက် ကျပ်ငွေ ၄၀၀၀၀၀ အထိ၊ Level 2 အသုံးပြုသူတွေအတွက် ကျပ်ငွေ ၂၀၀၀၀၀၀ အထိ တိုးမြှင့်ပေးထားပါတယ်။ အခုလို တိုးမြှင့်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့မိုဘိုင်းပိုက်ဆံထဲကို ငွေပမာဏများများပိုထည့်ထားနိုင်ပြီး ငွေပေးချေမှုအပါအဝင် အခြားလုပ် ဆောင်ချက်တွှေ ဆောင်ရွက်ရာမှာ ငွေသားကိုင်တွယ်အသုံးပြုမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် နေ့စဉ်ငွေလွှဲပမာဏကိုလည်း Level 1 အသုံးပြုသူတွေအတွက် ကျပ်ငွေ ၄၀၀၀၀၀ အထိ တိုးမြှင့်ပေးထားပါသေး တယ်။ ဒီတော့ အသုံးပြုသူတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး ငွေပမာဏ များများလွှဲဖို့ လိုအပ်လာရင်လည်း KBZPay ကိုပဲ အဆင် ပြေလွယ်ကူစွာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အခုလို တိုးမြှင့်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ မိုဘိုင်းပိုက်ဆံ ထဲကို ငွေပမာဏများများပိုထည့်ထားနိုင်ပြီး ငွေပေးချေမှုအပါအဝင် အခြားလုပ်ဆောင်ချက်တွေ ဆောင်ရွက်ရာမှာ ငွေသား ကိုင်တွယ် အသုံးပြုမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
KBZPay နဲ့ ဘာတွေလုပ်ဆောင်နိုင်သလဲ။
ဖုန်းငွေဖြည့်မယ်။ ဖုန်းတစ်လုံးနဲ့ ဆိုရှယ်မီဒီယာသုံး၊ သီချင်းနားထောင်၊ ဗီဒီယိုတွေအွန်လိုင်းကကြည့်၊ ဒါမှ မဟုတ်ရင်လည်း အလုပ်အတွက်သုံး၊ ချစ်ခင်ရသူတွေနဲ့ video call ပြောပြီး အချိန်ဖြုန်းတတ်တဲ့သူဆိုရင်လည်း ဖုန်းငွေဖြည့်ဖို့၊ အင်တာနက် ဒေတာတွေဝယ်ဖို့ဆိုရင် KBZPay ကနေအလွယ်တကူဝယ်နိုင်ပါတယ်။
YCDC ဘေလ်နဲ့ မီတာခတွေပေးဆောင်လို့ရပါတယ်။ KBZPay အက်ပလီကေးရှင်းမှာပါတဲ့ ဘေလ်ပေးဆောင်ခြင်းဆိုတဲ့နေ ရာကနေ တစ်ချက်၊ နှစ်ချက်နှိပ်လိုက်တာနဲ့ လျှစ်စစ်မီတာ၊ ရေခွန်နဲ့စည်ပင်သာယာကြေးတွေပေးလို့ အဆင်ပြေပြန်ပါတယ်။
သယ်ယူပို့ဆောင်ရေးပလက်ဖောင်းတွေမှာလည်း ငွေချေလို့ရပါတယ်။ အိမ်မှာပဲနေရလို့ ကိုယ်ကြိုက်တဲ့အစားအသောက်တွေ စားလို့မရတော့တာမဟုတ်ပါဘူး။ အွန်လိုင်းအစားအသောက်ပို့ဆောင်ရေးပလက်ဖောင်းတွေဖြစ်တဲ့ Food2U တို့ကနေ ကိုယ် ကြိုက်တဲ့ စားစရာအစုံအလင်ကို အိမ်ရှေ့အရောက်မှာစားလို့ ရပါသေးတယ်။ သူတို့ကို ငွေချေတဲ့အချိန်ကျရင်တော့ Social distancing လုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာတဲ့အနေနဲ့ KBZPay နဲ့ငွေချေလို့ရပါတယ်။

Photo Soruce https://web.facebook.com/KBZPay/

သင်္ကြန်နှစ်သစ်ကူး အခါသမယကို ဂုဏ်ပြုဆင်နွှဲတဲ့အနေနဲ့ ဧပြီလ ၁၀ ရက်နေ့ကနေ၂၀ရက်နေ့အတွင်း KBZPay အသုံးပြုပြီး (QR စနစ် ငွေပေးချေမှု၊ ဖုန်းငွေဖြည့်၊ Quick Play ၊ ဘေလ်ပေးဆောင်မှုနဲ့လက်ဆောင်ကတ်ဝယ်ယူမှု) အစရှိတဲ့ငွေပေးချေမှု တွေ လုပ်ဆောင်တိုင်း စိတ်ဝင်စားစရာဆုကြီးတွေရနိုင်တဲ့ သင်္ကြန် Spin Wheel အစီအစဉ်မှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ချစ်ခင်ရသူတွေဆီငွေပို့လို့ရပါတယ်။ လာမယ့်ရက်သတ္တပတ်တွေမှာ ခရီးမသွားဖို့ညွှန်ကြားထာတာမို့ တော်တော်များများ ဒီနှစ်မြန်မာ့နှစ်သစ်ကူူးသင်္ကြန်ပိတ်ရက်မှာ မိသားစုနဲ့ချစ်ခင်ရသူတွေဆီ အလည်အပတ်သွားလို့ရမှာမဟုတ်တော့ပါဘူး။ ဒါပေ မယ့်လည်း KBZPay ရှိရင် ကိုယ်ချစ်ခင်ရတဲ့သူတွေဆီ အလွယ်တကူ အခမဲ့ငွေလွှဲနိုင်ပါတယ်။ KBZPay အက်ပလီကေးရှင်း မှာရှိတဲ့ ငွေလွှဲဆိုတဲ့လုပ်ဆောင်ချက်ကို သုံးပြီးတော့ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ငွေလွှဲမယ့်ပမာဏကို ရိုက်ထည့်ပါ။ ပြီးရင်ကိုယ်ရဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်နိုပ်လိုက်မယ်ဆိုရင် ငွေကို ချက်ချင်းလွှဲနိုင်ပါတယ်။ အရမ်းလွယ်တဲ့အဆင့် သုံးဆင့်ပဲလိုအပ်မှာပဲဖြစ်ပါတယ်။
ငွေလက်ခံခြင်းနဲ့ ATM စက်တွေမှာငွေထုတ်ခြင်းတွေပြုလုပ်နိုင်ပါတယ်။ လွှဲပေးလိုက်တဲ့ငွေတွေကို ဘဏ်မှာသွား ထုတ်စရာမလိုတဲ့ နည်း လမ်းကိုသုံးပြီး ကိုယ်ချစ်ခင်ရသူတွေကို ကာကွယ်နိုင်ပါတယ်။ KBZPay ရှိတယ်ဆိုရင် သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ် ထဲကို ငွေပို့ပေးနိုင်ပြီး လက်ခံရတဲ့သူတွေကလည်း ATM စက်မှာ ကတ်သုံးစရာမလိုဘဲ ငွေ ထုတ်ယူနိုင်ပါတယ်။ ဒါဆို သူတို့လည်း ဘဏ်ခွဲကိုသွားစောင့်ပြီး ထုတ်နေစရာမလိုတော့ဘဲ လူများတဲ့နေရာတွေကို ရှောင်ရှား နိုင်တဲ့ Social distancing လုပ်ပြီးသားဖြစ်စေမှာပါ။ နောက်တစ်ချက်က ကိုယ့်ဘက်က ငွေလွှဲလိုက်တဲ့အခါ သူတို့ဆီကို SMS စာတိုတစ်စောင်၊ KBZPay အက်ပလီကေးရှင်းအတွင်း သတိပေးချက်တစ်ခုကို ပေးပို့သွားမှာဖြစ်လို့ သူတို့ရဲ့ငွေလက်ကျန်ကို ဘယ်အချိန်မှာ စစ်ရမယ်ဆိုတာ အတိအကျသိပြီးမှ ATM စက်ကိုသွားပြီး ငွေထုတ်နိုင်ပါတယ်။
ညီငယ်၊ ညီမငယ်တွေ၊ သူငယ်ချင်းတွေကို ပိတ်ရက်မှာသုံးဖို့ မုန့်ဖိုပေးချင်တယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။ KBZPay ထဲက မုန့်ဖိုးဆိုတဲ့နေရာကနေ ကိုယ်ပေးချင်တဲ့အုပ်စုကို ကိုယ်တိုင်ရေးထားတဲ့ မက်ဆေ့ချ်လေးနဲ့အတူ ပို့ပေးနိုင်ပါတယ်။ ကိုယ်ပို့ပေးလိုက်တဲ့ ငွေသားလက်ဆောင်ကို ရနိုင်ကြမယ့်အြ့ပင် ဘယ်သူကံအကောင်းဆုံးလဲဆိုတာကိုပါ ကြည့်နိုင်တဲ့ ပျော်စရာ ဂိမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။
မြန်မာ့နှစ်သစ်ကူးသင်္ကြန်ချိန်ခါမှာ KBZPay မိုဘိုင်းပိုက်ဆံအိတ်နဲ့ကောင်းမှုကုသိုလ်တွေအများကြီးလုပ်နိုင်ပါတယ်။ KBZPay မိုဘိုင်းပိုက်ဆံအိတ်ရဲ့ အလှူဒါနဆိုတဲ့နေရာကနေ အထောက်အပံ့လိုအပ်နေတဲ့ ပရဟိတအဖွဲ့အစည်းမျိုးစုံကို လှူဒါန်းနိုင်ပါ တယ်။

Photo Soruce https://web.facebook.com/KBZPay/

KBZPay ကနေအခုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရန်ကုန်မြို့က လူမှုအသိုင်းအဝိုင်းကို ကူညီပေးနေတဲ့ လူမှုအကျိုးပြုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ We Love YGN အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ကူညီနိုင်ဖို့ We Love Yangon COVID-19 Fund ကို မကြာသေးခင်က စတင်ထည့်သွင်းပေးထားပါတယ်။ ဒီအဖွဲ့ကို လှူဒါန်းနိုင်ဖို့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲ ထည့်ပေးအပြီး ကိုးရက်အကြာမှာတင် လှူဒါန်းမှုပေါင်း ၁၅၀၀ ကျော်ပြုလုပ်ခဲ့ကြပြီး ရန်ပုံငွေကျပ် သိန်း ၁၀၀ ကျော်ရရှိနေပြီ ဖြစ်ပါတယ်။
အစားအသောက်နဲ့ဆေးဝါးတွေဝယ်ဖို့ အပြင်ကို မထွက်မဖြစ်ထွက်ရပြီဆိုရင် ကောင်တာ၊ ငွေလက်ခံသူတွေနဲ့ စိတ်ချရတဲ့အ ကွာအဝေးတစ်ခုမှာနေပြီး KBZPay ရဲ့ QR ကုတ်ကနေ ငွေပေးချေတာဟာ ကိုယ်ကိုယ်တိုင်ရော ဝန်ထမ်းအတွက်ပါ ကာ ကွယ်ပြီးသားဖြစ်စေပါတယ်။ QR စနစ်နဲ့ ပေးချေဖို့ ကိုယ့်ရဲ့မိုဘိုင်းဖုန်းကိုပဲ ထိတွေ့လိုက်တာနဲ့ ငွေပေးချေပြီးသားဖြစ်သွားပါ ပြီ။ ငွေလက်ခံမယ့်သူကို ငွေသားတွေလက်နဲ့ကိုင်ပြီးပေးစရာမလိုသလို ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တဲ့ ပြန်အမ်းငွေကို လက်ခံပြီး အိတ်ထဲထည့်စရာမလိုတော့ပါဘူး။ ကတ်နဲ့သုံးပြီး ငွေချေမယ်ဆိုရင် လုပ်ရမယ့်အများသုံးဖောက်တိန်ကိုင်ပြီး လက်မှတ်ထိုးဖို့လည်း မလိုတော့ပါဘူး။ QR ကုဒ်နဲ့ငွေချေတဲ့စနစ်ကြောင့် ပြန်အမ်းငွေကို ရပ်စောင့်နေရမယ့် အချိန်မရှိတော့ ပါဘူး။ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ ငွေချေပြီး ဆိုင်ကနေ ထွက်သွားရုံပါပဲ။
အိမ်အရောက်သယ်ယူပို့ဆောင်ရေးလုပ်ပေးပြီး ရောင်းချလာကြတဲ့ KBZPay ဈေးဆိုင်ပိုင်ရှင်အချို့ဆိုရင်လည်း သူတို့ဆိုင်ရဲ့ QR ကုဒ်ကို တစ်ခ်တည်းယူသွားကြပါတယ်။ မှာထားတဲ့ အစားအသောက်တွေ ကိုယ့်အိမ်ရှေ့ရောက်လာတဲ့အချိန်မှာ သူတို့ ကို ငွေသားပေးတာထက် QR ကုဒ်နဲ့ စိတ်ချလက်ချငွေရှင်းပေးနိုင်ပါတယ်။
COVID-19 ရဲ့စိန်ခေါ်မှုတွေကို အားလုံးအတူတူ ရင်ဆိုင်နေရတဲ့အချိန်မှာ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနေကြဖို့နဲ့ KBZPay ကိုအသုံးပြုကြဖို့ သတိရစေချင်ပါတယ်။