AI လုပ်ဆောင်ချက်တွေနဲ့ ခေတ်သစ်တစ်ခုကို ဆန်းသစ်လာတဲ့ ၂၀၂၄ ခုနှစ်ထုတ်နောက်ဆုံးပေါ် Samsung TV တွေကို Unbox & Discover 2024 အခမ်းအနားကြီးနဲ့အတူ မြန်မာနိုင်ငံမှာ မိတ်ဆက်

ကမ္ဘာ့ထိပ်တန်း TV ထုတ်လုပ်သူအဖြစ် (၁၈) နှစ်ဆက်တိုက် ရပ်တည်နေတဲ့ Samsung Electronics Co., Ltd ဟာ စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်တွေနဲ့ AI နည်းပညာတွေပါဝင်လာတဲ့ ၂၀၂၄ ခုနှစ်ထုတ် TV အသစ်တွေနဲ့အတူ ခေတ်သစ်တစ်ခုကို ထပ်မံဆန်းသစ်ဖန်တီးလာခဲ့ပြီ  ဖြစ်ပါတယ်။ အဆိုပါ ၂၀၂၄ ခုနှစ်ထုတ် နောက်ဆုံးပေါ်  Samsung AI TV တွေ ဖြစ်တဲ့ Neo QLED, Neo QLED 8K, OLED နဲ့အတူ QLED, Crystal UHD နဲ့ Lifestyle TV တို့ကို ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့က ရန်ကုန်မြို့၊ Junction City Promotion Area မှာ Unbox & Discover 2024 အခမ်းအနားကြီးနဲ့အတူ မိတ်ဆက်ပေးခဲ့ပါတယ်။

Image: Samsung

စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ အဆိုပါ Unbox & Discover 2024 အခမ်းအနားကြီးကို နာမည်ကျော်အနုပညာရှင်တွေ၊ Samsung ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းမိတ်ဆွေတွေ၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေနဲ့ လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်များ တက်ရောက်အားပေးခဲ့ကြပါတယ်။

ဒီအခမ်းအနားကြီးကို အခမ်းအနားမှူးအဖြစ် နာမည်ကျော် အနုပညာရှင် ထက်ထက်ထွန်းက ပြုလုပ်ပေးခဲ့ပြီး နာမည်ကျော်တေးသံရှင် Bunny Phyoe နဲ့ Square Lake Pirates အဖွဲ့တို့ကလည်း ပရိတ်သတ်အကြိုက်ဆုံး သီချင်းများနဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ဒါ့အပြင် အခမ်းအနားတစ်လျှောက်မှာလည်း လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဥ်များ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ကံစမ်းမဲအစီအစဥ်များကိုလည်း  စီစဥ်‌ပေးထားခဲ့ပြီး ပရိတ်သတ်တွေကလည်း  ပျော်ရွှင်တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

Image: Samsung

“ကျွန်မတို့ Samsung အနေနဲ့ သမားရိုးကျကြည့်ရှုမှု အတွေ့အကြုံထက် ပိုမိုသာလွန်တဲ့ အိမ်တွင်းဖျော်ဖြေမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ဖို့အတွက် AI နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်နေပါတယ်။ ထူးခြားဆန်းသစ်တဲ့ ကြည့်ရှုမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်ရုံသာမကပဲ သုံးစွဲသူတွေရဲ့ လူနေမှုဘဝကို ပိုမိုအဓိပ္ပာယ်ပြည့်ဝအောင် ပံ့ပိုးပေးနိုင်မယ့် ထုတ်ကုန်တွေကို ပေးစွမ်းနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ကတိကဝတ် ကိုတော့ ဒီနှစ်ရဲ့ နောက်ဆုံးပေါ် TV အသစ်တွေနဲ့အတူ ထပ်မံသက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ခုလို Samsung ရဲ့ နောက်ဆုံးပေါ်တီထွင်ဖန်တီးမှုတွေနဲ့ အရည်အသွေးမြင့် TV တွေကို ရွေးချယ်စရာ အမျိုးအစားစုံလင်စွာနဲ့ မြန်မာနိုင်ငံစျေးကွက်မှာ မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။” လို့ Samsung Myanmar ရဲ့ Head of Consumer Electronics Group ဖြစ်သူ မချမ်းမြေ့ဖြူ မှပြောကြားခဲ့ပါတယ်။

Image: Samsung

ကြည့်ရှုခံစားမှု အခိုက်အတန့်တိုင်းကို ပိုမို အဆင့်မြှင့်တင်ပေးနိုင်မယ့် Neo QLED 8K TV

Neo QLED 8K TV မှာတော့ အဆင့်အမြင့်ဆုံး နည်းပညာဖြစ်တဲ့ NQ8 AI Gen3 Processor ပါဝင်လာတာဖြစ်ပြီး Samsung ရဲ့ နောက်ဆုံးပေါ် TV တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံး AI TV အနေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီ Processor မှာ ယခင်ကထက်နှစ်ဆပိုမိုမြန်ဆန်လာတဲ့ Neural Processing Unit (NPU) ပါဝင်ပြီး Neural Networks ကိုလည်း ၆၄ မှ ၅၁၂ ခုအထိ ရှစ်ဆ တိုးမြင့် ထည့်သွင်းပေးလာတာကြောင့် ဘယ်လို ပုံရိပ်မျိုးကို ကြည့်ရှုသည်ဖြစ်စေ  ကြည်လင်ပြတ်သားတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ထူးခြားစွာရရှိနိုင်စေမှာပါ။ 8K AI Upscaling Pro ကလည်း ကြည့်ရှုလိုတဲ့ ရုပ်ရှင်နဲ့ အကြောင်းအရာတိုင်းကို 8K အရည်အသွေးအထိ ရရှိနိုင်အောင် Upscale ပြုလုပ် တိုးမြှင့်ပေးနိုင်ပြီး သမားရိုးကျ 4K TV တွေထက် ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံထွက်အရည်အသွေးကို ရရှိနိုင်ပါတယ်။ AI Motion Enhancer Pro ကလည်း လှုပ်ရှားမှုတိုင်းကို ချောမွေ့သွက်လက်နေစေပြီး Real Depth Enhancer Pro ကြောင့် သဘာဝကျစွာ အသက်ဝင်တဲ့ ပုံရိပ်တွေကိုလည်း ခံစားရနိုင်စေဦးမှာပါ။

Image: Samsung

Neo QLED 8K TV မှာ AI နည်းပညာကို ရုပ်ထွက်အရည်အသွေးပိုင်းမှာတင်မကဘဲ အသံပိုင်းဆိုင်ရာနဲ့ အခြားသော လုပ်ဆောင်ချက်တွေမှာလည်း ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ Active Voice Amplifier Pro ကြောင့် နောက်ခံဆူညံသံတွေကို ကောင်းစွာလျှော့ချပေးနိုင်ပြီး အသံကိုကြည်လင်ပြတ်သားစွာကြားရနိုင်စေပါတယ်။ Object Tracking Sound Pro လုပ်ဆောင်ချက်ကြောင့် မျက်နှာပြင်ပေါ်က လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီတဲ့ အသံအရည်အသွေးကို ထပ်တူကျစွာ ပေးစွမ်းနိုင်တဲ့အတွက် ပိုမိုဆွဲဆောင်မှုရှိတဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ရရှိစေနိုင်ပြီး Adaptive Sound Pro  ကလည်း စစ်မှန်ပြီးအသက်ဝင်တဲ့ အသံအရည်အသွေးကို ရရှိနိုင်အောင် ချိန်ညှိပေးဦးမှာပါ။

ဒါ့အပြင် ဂိမ်းကစားမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် ကူညီပေးမယ့် AI Auto Game Mode, ရုပ်ပုံတွေကို အသုံးပြုသူ အသုံးပြုသူစိတ်ကြိုက် မြင်ကွင်းတစ်ခုချင်းစီတိုင်းမှာ ချိန်ညှိပေးနိုင်မယ့် AI Customization Mode နဲ့ ရုပ်ထွက်အရည်အသွေးမကျစေဘဲ စွမ်းအင်ခြွေတာနိုင်စေတဲ့ AI Energy Mode စတဲ့ အသုံးပြုသူရဲ့ လိုအပ်ချက်တွေအတိုင်း ပံ့ပိုးပေးနိုင်မယ့် AI လုပ်ဆောင်ချက်များစွာလည်း ပါဝင်လာတာပဲ ဖြစ်ပါတယ်။

Image: Samsung

အကောင်းဆုံးဖျော်ဖြေရေးအတွေ့အကြုံတွေကို ပေးစွမ်းမယ့် ၂၀၂၄ ခုနှစ်ထုတ် Neo QLED 4K နဲ့ OLED TV များ

Samsung က အသုံးပြုသူတွေရဲ့ လူနေမှုပုံစံနဲ့ လိုအပ်ချက်များအပေါ်မူတည်ပြီး စိတ်ကြိုက်ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေဖို့ အခြားသော ၂၀၂၄ ခုနှစ် TV အသစ်များမှာလည်း AI လုပ်ဆောင်ချက်တွေ အပါအဝင် နောက်ဆုံး‌ပေါ် နည်းပညာတွေကို ပြီးပြည့်စုံမှု အရှိဆုံး ဖြစ်စေဖို့ ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

၂၀၂၄ ခုနှစ်ထုတ် Neo QLED 4K TV တွေမှာတော့ အဆင့်မြင့် NQ4 AI Gen2 Processor ပါဝင်လာပြီး အကောင်းဆုံး 4K ကြည့်ရှုမှုအရည်အသွေးရရှိအောင် မြင့်တင်ပေးမှာပါ။ Real Depth Enhancer Pro နဲ့ Quantum Matrix နည်းပညာ တို့ကလည်း ရှုပ်ထွေးတဲ့ မြင်ကွင်းတွေကိုတောင် ရုပ်ထွက်ပြတ်သားပြီး အသက်ဝင်အောင်ပြသပေးနိုင်ပြီး ကမ္ဘာ့ပထမဆုံး PANTONE Validated မျက်နှာပြင်အဖြစ် ကမ္ဘာလုံးဆိုင်ရာ Color ညွှန်ပြချက်တွေအရ ကာလာအရောင်စစ်မှန်ကြောင်း ထောက်ခံချက်ရရှိထားလို့ သဘာဝကျစွာ စိုပြည်တဲ့ အရောင်အရည်အသွေးကိုလည်း ရရှိခံစားနိုင်မှာပါ။ အသံပိုင်းဆိုင်ရာမှာလည်း Dolby Atmos နည်းပညာကြောင့် စွဲဆောင်မှုရှိစွာ ကောင်းမွန်တဲ့ အသံအရည်အသွေးကို ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

Image: Samsung

၂၀၂၄ ခုနှစ်ထုတ် Samsung OLED TV များကလည်း မလိုအပ်တဲ့ အလင်းပြန်မှုတွေကိုလျှော့ချပေးနိုင်ပြီး ဘယ်လိုအလင်းရောင်အောက်မှာမဆို ရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ကို ကြည့်ရှုနိုင်စေမယ့် ကမ္ဘာ့ပထမဆုံး Glare-Free OLED မျက်နှာပြင် ပါဝင်လာတာဖြစ်ပါတယ်။ Neo QLED 4K TV တွေမှာလိုပဲ NQ4 AI Gen2 ပရိုဆက်ဆာ ပါဝင်လာတာဖြစ်ပြီး Real Depth Enhancer နဲ့ OLED HDR Pro လုပ်ဆောင်ချက်တွေကလည်း ရုပ်ပုံအရည်အသွေးတွေကို ပိုမိုကောင်းမွန်လာစေဦးမှာပါ။ Motion Xcelerator 144Hz ကလည်း လှုပ်ရှားမှုတိုင်းကို ပိုမိုချောမွေ့သွက်လက်စေပြီး လျင်မြန်တဲ့ တုန့်ပြန်မှုတွေကိုလည်း ပြုလုပ်ပေးနိုင်သေးတာကြောင့် အကောင်းဆုံး ဂိမ်းကစားမှုအတွေ့အကြုံကို ရရှိနိုင်စေဦးမှာပါ။

ကျန်ရှိတဲ့ ၂၀၂၄ ခုနှစ်ထုတ် QLED နဲ့ Crystal UHD TV တွေမှာလည်း ကျစ်လစ်လှပတဲ့ ဒီဇိုင်းနဲ့ရရှိနိုင်ဦးမှာဖြစ်ပြီး အရွယ်အစားအပိုင်းမှာလည်း ရွေးချယ်စရာများစွာနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

Image: Samsung

၂၀၂၄ ခုနှစ်ထုတ် Samsung TV များကို အောက်ပါစျေးနှုန်းများအတိုင်း ဝယ်ယူနိုင်မှာဖြစ်ပြီး Pre-order ကာလ ဧပြီလ ၂၂ ရက်ကပြီး ကြိုတင်မှာယူသူများက အထူးလက်ဆောင်အနေနဲ့ (၂၄) သိန်းကျပ်အထိတန်ဖိုးရှိတဲ့ Sound Bar များကို အောက်ပါအတိုင်း ရရှိနိုင်မှာပါ။

Neo QLED 8K TV

  • 85″ 8K, NQ8 AI Gen3 Processor, Smart (QA85QN900DKXXT) TV ကို၂၉,၁၂၄,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q990C/XT Sound Bar
  • 75″ 8K, NQ8 AI Gen3 Processor, Smart (QA75QN900DKXXT) TV ကို၂၅,၄၇၂,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွကက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q990C/XT Sound Bar

Neo QLED 4K TV

  • 65″ 4K, NQ4 Al Gen2 Processor, Smart (QA65QN87DAKXXT) TV ကို၈,၀၁၉,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q600C/XT Sound Bar
  • 55″ 4K, NQ4 Al Gen2 Processor, Smart (QA55QN87DAKXXT) TV ကို၅,၉၂၅,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q600C/XT Sound Bar

OLED TV

  • 65″ 4K, NQ4 Al Gen2 Processor, Smart (QA65S90DAKXXT) TV ကို၁၀,၃၂၅,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q930C/XT Sound Bar
  • 55″ 4K, NG4 Al Gen2 Processor, Smart (QA55S90DAKXXT) TV ကို၇,၆၀၆,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q600C/XT Sound Bar

QLED TV

  • 85″ 4K, Quantum HDR, Smart (QA85Q65DAKXMR) TV ကို၈,၄၆၁,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q930C/XT Sound Bar
  • 75″ 4K, Quantum HDR, Smart (QA75Q65DAKXMR) TV ကို၆,၇၅၂,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q600C/XT Sound Bar
  • 65″ 4K, Quantum HDR, Smart (QA65Q65DAKXMR) TV ကို၃,၇၀၃,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-C450/XT Sound Bar
  • 55″ 4K, Quantum HDR, Smart (QA55Q65DAKXMR) TV ကို၂,၈၄၁,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-C450/XT Sound Bar

Crystal UHD TV

  • 85″ 4K, Smart, *Built for Myanmar (UA85DU7000KXMR) TV ကို၆,၃၀၀,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-Q600C/XT Sound Bar
  • 75″ 4K, Smart, *Built for Myanmar (UA75DU7000KXMR) TV ကို၄,၈၆၅,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-C450/XT Sound Bar
  • 65″ 4K, Smart, *Built for Myanmar (UA65DU7000KXMR) TV ကို၂,၈၈၂,၀၀၀ ကျပ် ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး Pre-order မှာယူမှုအတွက် ရရှိမည့်အထူးလက်ဆောင် ~ HW-C450/XT Sound Bar

Image: Samsung

အဆိုပါ အထူးလက်ဆောင် Sound Bar များကို ပစ္စည်းလက်ကျန် ရှိသည်အထိသာ ရရှိနိုင်မှာဖြစ်ပြီး Pre-order မှာယူလိုပါက ဤ လင့်ခ် http://smsng.co/pre-2024tv-social  မှာ မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

အစီအစဥ်အသေးစိတ်ကို