Samsung နဲ့မတူဘဲ AI Feaure တွေပုံစံတစ်မျိုးနဲ့ ထည့်သွင်းအသုံးပြုလာနိုင်တဲ့ Apple

Galaxy S24 နဲ့အတူ Samsung ရဲ့ AI Feature တွေကို မိတ်ဆက်လာမှုမှာ Samsung အနေနဲ့ ပထမဆုံး AI စနစ်ထည့်သွင်းအသုံးပြုထားတဲ့ ဖုန်းဆိုပြီး မိတ်ဆက်ခဲ့ပါတယ်။ တစ်ကယ်လည်း AI နည်းပညာတွေ ခေတ်စားနေတဲ့ကာလမှာ AI Feature တွေအများအပြားပါဝင်လာခဲ့တဲ့ ပထမဆုံး Smartphone တစ်လုံးလည်း ဖြစ်ပါတယ်။ Samsung ရဲ့အခုလို ဖုန်းထဲမှာ AI နည်းပညာထည့်သွင်းအသုံးပြုလာခြင်အပေါ် Apple အနေနဲ့က လည်း Apple က Develop ပြုလုပ်ထားတဲ့ Large Language Model (LLM) ကိုအခြေခံထားတဲ့ AI Feature တွေကို iPhone တွေမှာ ထည့်သွင်းလာတော့မယ်လို့ သိရပါတယ်။

Apple ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေအရ Privacy နဲ့ မြန်မြန်ဆန်ဆန်အသုံးပြုနိုင်မယ့် လုပ်ဆောင်ချက်လို ပုံစံမျိုးတွေ မှာ on-device AI လုပ်ဆောင်ချက်တွေကို အသုံးပြုလာမယ်လို့လည်း မျှော်လင့်လို့ရပါတယ်။ ဒီလို AI လုပ်ဆောင်ချက်တွေကို iOS 18 နဲ့နောက်လာမယ့် WWDC 2024 Event ကြီးတွေမှာ မြင်တွေ့ရဖို့ရှိနိုင်ပါတယ်။ on-device AI တွေဟာ လုံခြုံရေးနဲ့ speed benefit ပိုင်းမှာ အားသာချက်တွေရှိတယ်ဆိုပေမယ့် Cloud Server တွေကို အသုံးပြုတဲ့ AI စနစ်တွေလောက်တော့ လုပ်ဆောင်ချက်အားသာမယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် Apple အနေနဲ့ on-device AI လုပ်ဆောင်ချက်ကိုပဲ မိတ်ဆက်သွားမလား ဘယ်လိုလုပ်ဆောင်ချက်နဲ့ လုပ်ဆောင် သွားမလဲ။ အလိုအလျောက်စာပြန်ပေးတဲ့စနစ်တွေထည့်မလား၊ Siri Request တွေ လုပ်သွားမလား ဆိုကတော့ စောင့်ကြည့်ရဦးမှာပါ။

အပေါ်မှာပြောခဲ့တဲ့အချက်တွေက Samsung နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ကွာခြားမှုတွေရှိနေမှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ on-device နဲ့ cloud-powered AI လုပ်ဆာင်ချက်တွေကို ရောပြီးအသုံးပြုထားသလို သူ့ရဲ့ကိုယ်ပိုင် LLM နဲ့ Google ရဲ့ Gemini ကိုလည်းအသုံးပြုထားတာ ဖြစ်ပါတယ်။ AI လုပ်ဆာင်ချက်တွေ အနေနဲ့ကတော့ သူတို့ကိုပေးလိုက်တဲ့ Workload နဲ့ ရှုပ်ထွေးမှုပေါ်လိုက်ပြီး မြန်တယ် နှေးတယ် ဆိုတာမျိုးတွေ ကတော့ ဖြစ်လာမှာပါ။