အမြင်အာရုံချို့ယွင်းနေသော လူငယ်များအား ပညာရေးဆိုင်ရာလိုအပ်ချက်များ ထောက်ပံ့မှုပေးနိုင်ရန်အတွက် အက်တမ် (ATOM) က မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရကို မျက်မမြင်စာထုတ်ပုံနှိပ်စက်လှူဒါန်းခဲ့

အမြင်အာရုံချို့ယွင်းနေသော လူငယ်များ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ကူညီထောက်ပံ့မှုပေးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) သည် မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိတ်သဟာရ (မ.ခ.မ.မ) ကို Index Braille Everest-D V5 မျက်မမြင်စာထုတ်ပုံနှိပ်စက် မော်ဒယ်အမျိုးအစားနှင့် ပုံနှိပ်စာရွက်ပုံးပေါင်း (၁၅၀) တို့ကို လှူဒါန်းခဲ့သည်။ မြန်မာကျပ်ငွေ (၅၈) သန်းတန်ဖိုးရှိသော ယခုလှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မ.ခ.မ.မ ကျောင်း၌ ပြုလုပ်သည့် ယနေ့အခမ်းအနားတွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု’ အစီအစဥ်အောက်တွင် လူတိုင်းတန်းတူညီမျှ ရရှိသင်ယူနိုင်သော ပညာရေး၏ အရေးပါပုံကို အက်တမ် (ATOM) က သိရှိနားလည်ထားပြီး အများနှင့်မတူသော စိန်ခေါ်မှုအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသူများ၏ ဘဝတွင် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေရန်အတွက် တစိုက်မတ်မတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုကဲ့သို့ အက်တမ် (ATOM) ၏ ကူညီထောက်ပံ့ပေးမှုမှတစ်ဆင့် မ.ခ.မ.မ ၏ ပညာရေးကူညီထောက်ပံ့ပေးသည့်အစီအစဉ်တွင် လက်ရှိစာရင်းပေးသွင်းထားသော အမြင်အာရုံချို့ယွင်းနေသည့် လူငယ်ပေါင်း အယောက် (၂၀၀) ၏ ပညာရေးနှင့် တိုးတက်မှုတို့အတွက် လိုအပ်သော အထောက်အကူပြုအရာများကို ထုတ်လုပ်နိုင်မည့် မ.ခ.မ.မ ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

Image: ATOM

အက်တမ် (ATOM) မှလှူဒါန်းခဲ့သော ကမ္ဘာတဝှမ်း နာမည်ကျော်ကြားသည့် Everest-D V5 မျက်မမြင်စာထုတ်ပုံနှိပ်စက် မော်ဒယ်အမျိုးအစားသည် အရည်အသွေးမြင့်မားသည့်အပြင် အမြင်အာရုံချို့ယွင်းနေသူများအတွက် စာအုပ်များ၊ ထုတ်ဝေမှုများ၊ လုပ်ငန်းစာရွက်စာတမ်းများအပါအဝင် မျိုးစုံသောအရာများ ထုတ်လုပ်ရန် အထူးဖန်တီးထားခြင်းဖြစ်ပြီး ဖောင်းကြွသင်္ကေတများ ပါဝင်ကာ အသုံးပြုရလွယ်ကူသည်။ Everest-D V5 မော်ဒယ်အမျိုးအစားသည် ပုံနှိပ်စက္ကူပေါ်တွင် အရည်အသွေးမြင့် မျက်မမြင်စာသင်္ကေတအစက်များကို ရိုက်နှိပ်ပေးပြီး စာအုပ်ပုံစံထုတ်ဝေခြင်းအတွက်လည်း ရွေးချယ်စရာများ ရှိသည့်အတွက် မျက်မမြင် အထောက်အကူပြုပစ္စည်းများကိုထုတ်ဝေသည့် အဖွဲ့အစည်းများအတွက် ရေပန်းစားသော ရွေးချယ်မှုတစ်ခုလည်းဖြစ်သည်။ တစ်စက္ကန့်လျှင် စာလုံးရေ (၁၄၀) ရိုက်နှိပ်နိုင်သည့် အမြန်နှုန်းကြောင့် ယခုပုံနှိပ်စက်သည် မျက်မမြင်အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့်အခန်းကဏ္ဍတွင် စွမ်းဆောင်ရည်မြင့်မားသော ကိရိယာတစ်ခုဖြစ်သည်။

“ပညာရေးဆိုတာ လူတိုင်းရသင့်တဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်ပြီး အက်တမ် (ATOM) အနေနဲ့ အမြင်အာရုံချို့ယွင်းသူများအတွက် ကောင်းမွန်တဲ့ပညာရေးရရှိအောင် ကူညီပေးနေတဲ့ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များမိတ်သဟာရရဲ့ရည်မှန်းချက်ကို အခုလိုမျိုး ကူညီထောက်ပံ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ အက်တမ် (ATOM) ရဲ့ မျက်မမြင်စာထုတ်ပုံနှိပ်စက်နဲ့ ပုံနှိပ်စာရွက်လှူဒါန်းမှုဟာ လူတိုင်းတန်းတူညီမျှပိုမိုပါဝင်နိုင်ပြီး အားလုံးလက်လှမ်းမီနိုင်တဲ့ သင်ကြားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ဖို့အတွက် ခြေလှမ်းတစ်လှမ်း အစပြုလိုက်သလိုပါပဲ” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က‌ ယခုလှူဒါန်းမှုမှတစ်ဆင့် အမြင်အာရုံချို့ယွင်းနေသောလူငယ်များ ရရှိနိုင်မည့် ကောင်းမွန်သောအကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။

Image: ATOM

မျက်မမြင်စာထုတ်ပုံနှိပ်စက်အပြင် မ.ခ.မ.မ ၏လိုအပ်ချက်များကို တစ်နှစ်ခွဲကြာ ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး အရည်အသွေးမြင့် ပုံနှိပ်စက္ကူစာရွက်ရေ စုစုပေါင်း (၁၅၀,၀၀၀) ရှိသည့် ပုံနှိပ်စက္ကူဘူးပေါင်း (၁၅၀) ကို လှူဒါန်းခဲ့သည်။ မ.မ.ခ.မ သည် နောင်လာမည့်နှစ်များတွင် ကျောင်းသားကျောင်းသူများအတွက် အရည်အသွေးမြင့် ထုတ်ဝေမှုများနှင့် သင်ကြားရေး အထောက်အကူပြုစ္စည်းများကို အသုံးပြုနိုင်မည်ဖြစ်သည့်အတွက်ကြောင့် အက်တမ် (ATOM) ၏ ယခုလှူဒါန်းမှတစ်ဆင့်  အမြင်အာရုံချို့ယွင်းနေသူများ၏ ပညာရေးအခန်းကဏ္ဍအပေါ် ရေရှည် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ပေးသွားနိုင်မည်ဖြစ်သည်။

ပြည်တွင်းတွင် ထိုကဲ့သို့သော ပစ္စည်းကိရိယာများရရှိရန်ခက်ခဲသည့် စိန်ခေါ်မှုအခြေအနေများကို မ.မ.ခ.မ အနေဖြင့် ကြုံတွေ့နေရခြင်းကြောင့် နိုင်ငံခြားမှ ပုံနှိပ်စက်နှင့် ပုံနှိပ်စက္ကူကို တင်သွင်းရန် အက်တမ် (ATOM) သည် အထူးစီစဉ်မှုများပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ ယခုလှူဒါန်းမှုနှင့်အတူ မ.မ.ခ.မ သည် အမြင်အာရုံချို့ယွင်းနေသော ကျောင်းသားကျောင်းသူများ စာဖတ်နိုင်ခြင်းအပြင် အသိပညာဗဟုသုတများနှင့် စွမ်းရည်များတိုးတက်လာစေရန်အတွက် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ထုတ်ဝေသွားမည့် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

Image: ATOM

“အက်တမ် (ATOM) ရဲ့ အခုလို သဒ္ဓါတရားထက်သန်စွာလှူဒါန်းမှုဟာ မ.မ.ခ.မ အတွက် လိုအပ်နေချိန်မှာ အချိန်ကိုက်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ အခု အက်တမ် (ATOM) လှူဒါန်းတဲ့ မျက်မမြင်စာထုတ်ပုံနှိပ်စက်နဲ့ ပုံနှိပ်စာရွက်တို့က မျက်မမြင်လူငယ်များလိုအပ်တဲ့ အသိပညာဗဟုသုတတွေနဲ့ စွမ်းရည်တွေကို ပေးအပ်မယ့် ပညာရေးအထောက်အကူပြုပစ္စည်းများ ထုတ်လုပ်ဖို့အတွက် ထောက်ပံ့ကူညီပေးနိုင်မှာဖြစ်ပါတယ်” ဟု မ.မ.ခ.မ ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာကြီး ဦးသိန်းလွင် ကပြောကြားခဲ့သည်။

အက်တမ် (ATOM) သည် လွန်ခဲ့သော (၁၈) လအတွင်း အခြေခံအဆောက်အအုံများ၊ အထောက်အကူပြုပစ္စည်းများ တိုးတက်ကောင်းမွန်လာစေရန်နှင့် ပိုမိုကောင်းမွန်သော သင်ကြားရေးပတ်ဝန်းကျင်များ ဖန်တီးပေးခြင်းဖြင့် ကလေးငယ်နှင့် လူငယ် (၉,၅၀၀) ကျော်အထိ အကျိုးဖြစ်ထွန်းစေရန်အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် မိဘမဲ့ကလေးဂေဟာများသို့ မြန်မာငွေကျပ် သန်း (၁,၀၀၀) ကို ခွဲ‌ဝေလှူဒါန်းခဲ့ပြီးဖြစ်သည်။

Image: ATOM

ထို့အပြင် ယခုနှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အဓိကလိုအပ်နေသော ကျောင်း (၄) ကျောင်းသို့ စုစုပေါင်း မြန်မာငွေ (၅၈,၃၁၉,၂၀၀) ကျပ် တန်ဖိုးရှိသော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံး ပစ္စည်းများ ပါဝင်သည့် စာသင်ခန်းများ (ICT Labs) ကို မတည်လှူဒါန်းခဲ့ပြီး အဆိုပါ စာသင်ခန်းတိုင်းတွင် စွမ်းဆောင်ရည်မြင့်မားသော လက်ပ်တော့ပ်များ၊ ကွန်ပျူတာဆော့ဖ်ဝဲ၊ အများသုံးအင်တာနက်စက်များနှင့် အခြား နည်းပညာသုံးပစ္စည်းများ ပါဝင်သည်။ ထိုသတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုံးပစ္စည်းများပါဝင်သည့် စာသင်ခန်းများ (ICT Labs) သည် ကျောင်းသူကျောင်းသား စုစုပေါင်း (၅,၈၀၀) ကျော်အား ကွန်ပျူတာစနစ်နှင့် နည်းပညာပစ္စည်းများကို အသုံးပြု၍ နည်းပညာများကို လက်လှမ်းမီစွာ လေ့လာသင်ယူနိုင်ရန် အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တတ်မြောက်မှု၊ ပြဿနာများ ဖြေရှင်းနိုင်မှုနှင့် ‌ဝေဖန်တွေးခေါ်နိုင်မှု စွမ်းရည်များ တိုးတက်လာနိုင်စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။