အက်တမ်က မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းလ်ဂိမ်းပလက်ဖောင်း Let’s Play Arena ကို စတင် မိတ်ဆက်

အက်တမ် (ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဂိမ်းကစားသူများအားလုံးကို စွဲဆောင်မည့် Let’s Play Arena ဟု အမည်ရသည့် မိုဘိုင်းဂိမ်းပေါ်တယ်ကိုမိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။
Let’s Play Arena သည် ဂိမ်းပြိုင်ပွဲများမှတစ်ဆင့် ဂိမ်းကစားသူများအကြား မျှတသောယှဉ်ပြိုင်မှုကို ပေးစွမ်းနိုင်သည့် Pop Pop Par Par ပေါ့ပေါ့ပါးပါးဂိမ်းပေါင်း ၁၀၀ ကျော် ပါဝင်သည်။ လူကြိုက်အများဆုံး ဂိမ်းများတွင်ပါရှိသည့် နှစ်သက်ဖွယ် ကောင်းသော ပစ္စည်းများစွာကိုလည်း ပလက်ဖောင်းပေါ်တွင် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင်သက်သာ သော နှုန်းထားဖြင့် စိတ်ကြိုက်ဒေတာပက်ကေ့ချ်များကို ဝယ်ယူရရှိနိုင်သည်။
တစ်ကိုယ်တော် ဂိမ်းကစားသူများ၊ အဖွဲ့လိုက်ဂိမ်းကစားသူများ သို့မဟုတ် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူများ နှင့်မြန်မာနိုင်ငံရှိ E-sports ဂိမ်းဝါသနာအိုးများအားလုံးသည် ပြိုင်ပွဲများ၏ ဦးဆောင်သူများစာရင်းသို့ရောက်ရှိနိုင်ရန်အတွက် Let’s Play Arena ၏ ပြိုင်ဆိုင်မှုပြင်းထန်သောစင်မြင့်တွင် ပါဝင်ရန်ကြိုဆိုသည်။ လူတိုင်းအတွက်လည်း သာမန်ပေါ့ပေါ့ပါးပါးဂိမ်းများ၊ MOBA နှင့် Battle Royale ဂိမ်းများ ထည့်သွင်းပေးထားသည်။

Photo Source https://arena.atom.com.mm

ဂိမ်းဈေးကွက် ထိုးထွင်းသိမြင်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဒတ်ခ်ျနိုင်ငံအခြေပြု ကုမ္ပဏီတစ်ခုဖြစ်သည့် Newzoo က အထူးသဖြင့် လူတိုင်း၏လူမှုရေးနှင့် လူနေမှုပုံစံကို ပြောင်းလဲစေသော ကပ်ရောဂါကြောင့် မိုဘိုင်းလ်ဂိမ်းကစားခြင်းသည် ကမ္ဘာတစ်ဝန်းတွင် အလျင်မြန်ဆုံး ကြီးထွားလာနေသည့် နယ်ပယ်များထဲမှ တစ်ခုဖြစ်လာပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အက်တမ် (ATOM) အနေနဲ့ နိုင်ငံတကာဂိမ်းလောကကို စူးစမ်းလေ့လာပြီးနောက် မြန်မာနိုင်ငံမှာရှိတဲ့ ဂိမ်းကစားသူတွေ အတွက် ပိုမိုကောင်းမွန်သောဂိမ်းကစားခြင်းအတွေ့အကြုံကို ပေးစွမ်းဖို့ စိတ်လှုပ်ရှား ရင်ခုန်မိပါတယ်။ ကျွန်တော်တို့မှာ ဂိမ်းကစားသူများအတွက် ဂိမ်းကစားတဲ့အတွေ့အကြုံကို အဆင့်မြှင့်တင်ပြီး ပိုမိုကောင်းမွန်အောင်ဖန်တီးထားရာ ဆန်းသစ် သော ဂိမ်းပက်ခ်များလည်းရှိပါတယ်။ မြန်မာနိုင်ငံက ဂိမ်းကစားသူတွေအတွက် ဂိမ်းပစ္စည်းများ၊ ဂိမ်းပက်ကေ့ချ်များ၊ E-sports နှင့် ပေါ့ပေါ့ပါးပါး ဂိမ်းပြိုင်ပွဲများအတွက် ဆွဲဆောင်မှုရှိသော ဆုလက်ဆောင်များလည်း ပေးလိုပါတယ်” ဟု အက်တမ် (ATOM) ၏ ဈေးကွက်မြှင့်တင်ရေး အရာရှိချုပ် Sudhansu Kumar Sinha က ပြောသည်။

Photo Source https://arena.atom.com.mm

အက်တမ် (ATOM) ၏ 4.5G ကွန်ရက်သည် သုံးစွဲသူများအတွက် အထူးသဖြင့် ဂိမ်းကစားသူများအား ၎င်းတို့၏ စိတ်ကြိုက် မိုဘိုင်းလ်ဂိမ်းများကို အနိမ့်ဆုံး လက်တန်စီ (latency) ဖြင့် ကစားနိုင်ပြီး နှေးကွေးခြင်းမရှိဘဲ တည်ငြိမ်သော ပင် (ping) ကို အသုံးပြုနိုင်မည်ဖြစ်သည်။
Let’s Play Arena သည် အပျော်တမ်းအဆင့်ပြိုင်ပွဲများကို နေ့စဉ်၊ အပတ်စဉ်၊ ဖန်တီးပေးခြင်းဖြင့် မြန်မာနိုင်ငံ E-sports အသိုင်းအဝိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ထို့အပြင် လူကြိုက်အများဆုံးဂိမ်းများအတွက် ဂိမ်းတွင်ပါဝင်သည့် ပစ္စည်းများကို လွယ်ကူ၊ မြန်ဆန်စွာလုံခြုံသောနည်းလမ်းဖြစ်သည့် အက်တမ် (ATOM) ဖုန်းဘေလ်ဖြင့် ဝယ်ယူနိုင်သည်။ ဂိမ်းကစားသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒေတာပက်ခ်များကို စိတ်ကြိုက်ရရှိမည်ဖြစ်ပြီး အရည်အသွေးမြင့် အတွေ့အကြုံကို ပေးဆောင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိဂိမ်းကစားသူများအနေဖြင့် Let’s Play Arena ကို https://arena.atom.com.mm တွင် အလွယ်တကူ ဝင်ရောက်နိုင်ပြီး ပိုမိုကောင်းမွန်သောဂိမ်းကစားခြင်းအတွေ့အကြုံကို စတင်ခံစားနိုင်ပြီဖြစ်သည်။