အက်တမ် (ATOM) သည် ပိုမိုကျန်းမာသော မြန်မာ့လူမှုအသိုင်းအဝန်းအတွက် Trust Oo နှင့် ပူးပေါင်း၍ အွန်လိုင်းမှ တစ်ဆင့်ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုများကို စတင်

အက်တမ် (ATOM) သည် ကဏ္ဍအားလုံးတွင် သုံးစွဲသူများအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း ကျန်းမာရေး စောင့်ရှောက်မှုစင်တာဖြစ် သော Trust Oo Co., Ltd နှင့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြပြီး သုံးစွဲသူများအားလုံးအတွက် ၂၄ နာရီ၊ ၇ ရက် ပတ်လုံး အကန့်အသတ်မရှိ ကျန်းမာရေး ဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေး ဝန်ဆောင်မှုများကို အခမဲ့ ပေးအပ်လျက်ရှိပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံ၏မြို့ပြနှင့်ကျေးလက်ဒေသများကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီမှု ကွာဟ ချက်ကို လျော့နည်းစေပြီး ပိုမိုအကျိုးရှိ၍ မြန်ဆန်သောနည်းလမ်းဖြင့် မရှိမဖြစ်လိုအပ်‌သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို နေရာဒေသမရွေးမှ လက်လှမ်းမီနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤဝန်ဆောင်မှု သည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်းနှင့် သွားလာရခက်ခဲ၍ ဆေးခန်းများသို့ သုံးစွဲသူများ အမှန်တကယ် သွားရောက်ရန်မလိုအပ်ဘဲ ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု အကြံဉာဏ်များကို အဝေးမှ ရယူနိုင်စေမည်ဖြစ် သည်။

Photo source atom.com.mm

“အက်တမ် (ATOM) က မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့ ကတိကဝတ်ပြုထားတဲ့အတိုင်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ လိုအပ်နိုင်တဲ့ ဘယ်လိုကဏ္ဍမျိုးမှာမဆို ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ အထူးသဖြင့် အခုလို ကပ်ရောဂါကာလအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုက ပိုအရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က လူနာတွေအနေနဲ့ Trust Oo Co., Ltd. မှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာ ရှင်တွေနဲ့  ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အခမဲ့၊ အလွယ်တကူ တိုင်ပင်ဆွေးနွေးနိုင်အောင်  ချိတ်ဆက်ပေးလိုပါတယ်။ ဆေးရုံကို သွားစရာ မလိုဘဲ သုံးစွဲသူတွေနဲ့ လူနာတွေက hotline ဝန်ဆောင်မှုကို အဆင်ပြေပြေနဲ့ လွတ်လွတ်လပ်လပ် ဖုန်းခေါ်ဆိုပြီး လိုအပ်တဲ့ အကူအညီတွေကို အမြန်ဆုံး ရယူနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အက်တမ် (ATOM) သုံးစွဲသူများအားလုံးအတွက် သီတင်းကျွတ်လ ကျန်းမာရေး စောင့်ရှောက်မှု လက်ဆောင်ဖြစ်ပါတယ်” ဟု ATOM ၏ ဒုတိယ အမှုဆောင် အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများနှင့် လူနာများသည် ၎င်းတို့၏ အက်တမ် (ATOM) ဖုန်းနံပါတ်ဖြင့် ‘7887’ ကို ခေါ်ဆိုရန် လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် တိုက်ရိုက်ချိတ်ဆက်ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများသည် အလိုအလျောက် အသံတုန့်ပြန်မှုမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ချိတ်ဆက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး ရောဂါလက္ခဏာအခြေခံ တိုင်ပင်ဆွေးနွေးခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေး လူနေမှုပုံစံ၊ ဝေဖန်ပိုင်းခြားမှုမရှိသော ဆွေးနွေးအကြံပေးနားထောင်မှု၊ နေ့စဉ် ကျန်းမာရေး အကြံပြုချက်များ၊ ဆေးရုံနှင့် ဆေးခန်း လမ်းညွှန်များ အစရှိသည်တို့ကို ဆွေးနွေး တိုင်ပင် နိုင်မည်ဖြစ်ပါသည်။ ဆရာဝန်နှင့် လူနာအကြား အချက်အလက်များကို လျှို့ဝှက်ထားမည်ဖြစ်ပြီး သုံးစွဲသူများ၏ ဆေးမှတ်တမ်းနှင့် ဆေးကုသမှုသမိုင်းကြောင်းများကို Trust Oo မှ အကာအကွယ် ပေးထားမည် ဖြစ်သည်။

“ကျန်းမာရေးစောင့်ရှောက်မှု လူမှုရေးလုပ်ငန်းတစ်ခုအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ m-health ဝန်ဆောင်မှုများ ပေးဆောင်ရာမှာ 7887 ကို အမြဲတမ်း အခမဲ့ပြုလုပ်ပေးချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာပြီး ဒီလိုအခွင့်အရေးမျိုးကိုပေးတဲ့ အက်တမ် (ATOM) ကို ကျွန်တော်တို့ အလွန်ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ 7887 အဖွဲ့က မြို့ပြ‌‌ဒေသတွေအပြင် သွားရလာရ ခက်ခဲ့တဲ့ ဒေသတွေက ဆေးရုံဆေးခန်း သွားရောက်ဖို့ အကန့်အသတ်ရှိတဲ့ ကျေးလပ်နေပြည်သူတွေထံ အရည်အသွေးပြည့်မီတဲ့ ၂၄/၇ ဖုန်းနဲ့နဲ့တိုင်ပင် ဆွေးနွေးမှု တွေကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အခုအခါ အက်တမ် (ATOM) အသုံးပြုသူတိုင်းက ၎င်းတို့ရဲ့ မိသားစုဆရာဝန်ကို ခေါ်ဆိုသလိုပဲ 7887 hotline နံပါတ်ကို အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုနိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်မှာပါ” ဟု 7887 Healthcare Call Center ၏ တည်ဆောင်သူ ဒေါက်တာ စွမ်းဆောင်ဦးက သူ၏ သဘောထား မှတ်ချက်ကို မျှဝေခဲ့သည်။

Photo source atom.com.mm

ဒစ်ဂျစ်တယ်ခေတ် လူနေမှုဘဝတွင် ကဏ္ဍအများစုသည် အွန်လိုင်းပေါ်သို့ရောက်ရှိလာပြီး၊ ယခုအခါ လူတိုင်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုအဆင်ပြေ၊ လက်လှမ်းမီနိုင်ပြီး လုံခြုံစွာ ဝန်ဆောင်မှု ပေးလာနိုင်သည်မှာ နည်းပညာ တိုးတက်လာမှု၏ ကောင်းကျိုးများပင်ဖြစ်ပါသည်။  အနာဂတ်တွင် အက်တမ် (ATOM) သည် မြန်မာ့လူ့အဖွဲ့အစည်းကို ဆက်လက်အကျိုးရှိစေမည့် ၎င်း၏ကတိကဝတ်များကို အကောင်အထည် ဖော်ဆောင်မည့် လူမှုအသိုင်းအဝိုင်းကို ဦးစား ပေးသော၊  ရည်ရွယ်ချက်ပြည့်ဝသော၊ တာဝန်ယူမှုတာဝန်ခံမှုရှိသော အမှတ်တံဆိပ်တစ်ခု (People-first, Purpose-led, and responsibility brand) အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုပါသည်။