Viber ရဲ့ Lifestyle ချန်နယ်တွေ အပေါ် မြန်မာနိုင်ငံက အသုံးပြုသူတွေ စိတ်ဝင်စားမှု ပိုမိုမြင့်မားလာကြောင်း Viber ထုတ်ပြန်

ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ၊ အပြောင်းအလဲတွေကြားမှာ သင့်တင့်မျှတအောင် နေထိုင်နိုင်ဖို့အတွက် လူတွေဟာ မိမိကိုယ်ကို ခွန်အားပေးနိုင်တဲ့၊ စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ အရာတွေကို ရှာဖွေလေ့ ရှိကြပါတယ်။ လူတိုင်းဟာ ခေတ်မီအောင်မြင်တဲ့ ဘဝနေထိုင်မှုပုံစံနောက်ကို အမီလိုက်နိုင်ဖို့ အတွက် ကြိုးစားနေကြတာနဲ့ တပြိုင်နက်တည်းမှာပဲ မိမိကိုယ်ကို ယုံကြည်မှု မြှင့်တင်ပေးနိုင်တဲ့၊ လတ်ဆတ်သစ်လွင်တဲ့ အကြောင်းအရာတွေ၊ Content တွေကို လိုလားလာကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့ Influencer တွေ၊ Blogger တွေ အနေနဲ့လည်း သူတို့ရဲ့ပရိတ်သတ်တွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံ နိုင်ဖို့အတွက် ဆန်းသစ်ပြီး ခေတ်စားတဲ့ Content တွေကို ကြိုးစားဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး စာတိုပေးပို့မှု အက်ပလီးကေးရှင်း Viber က ချန်နယ် (Channel) မှာ subscriber ပရိသတ် အရေအတွက် ၁.၈ သန်းကျော် ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ စာရေးသူ တစ်ယောက် ဖြစ်တဲ့ သျှင်ယွန်း နဲ့ subscriber ပရိတ်သတ်အရေအတွက် ၄ သိန်းကျော် ပိုင်ဆိုင်ထားတဲ့ ဆန်းသစ်တဲ့ Content တွေကို ဖန်တီးလေ့ရှိတဲ့ Food Blogger ဟိဏ်းသစ် တို့အနေနဲ့ အောင်မြင်တဲ့ Viber ချန်နယ်တစ်ခု ဖြစ်လာအောင် ဘယ်လိုမျိုး စဉ်းစားပြီး စီစဉ်လုပ်ဆောင်ကြလဲဆိုတာကို မျှဝေပေးထားပါတယ်။

Photo Source https://www.facebook.com/viber

“ကျွန်တော့်ရဲ့ Viber ပရိသတ်တွေနဲ့ အမြဲတမ်းထိတွေ့နေတဲ့ အခါမှာ ဆန်းသစ်ပြီး သူတို့ရဲ့ ခံစားချက်နဲ့ ကိုက်ညီမှုရှိဖို့ဆိုတာကတော့ ကျွန်တော့်အတွက် အရေးအကြီးဆုံး သော့ချက်တစ်ခုပါပဲ။ ဒါကြောင့်လည်း ပရီတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေစေဖို့အတွက် ဘဝ ဒါမှမဟုတ် အချစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော့်ရဲ့ Viber ချန်နယ်ကနေ နေ့စဉ် အတတ်နိုင်ဆုံး ကြိုးစားဖန်တီးပေး နေပါတယ်။ ဒီလို ဖန်တီးတဲ့အခါမှာလည်း Content တွေရဲ့ အစပိုင်းမှာ ပရိတ်သတ်တွေရဲ့ ခံစားမှုနဲ့ ကိုက်ညီ သင့်တော်တယ်လို့ ခံစားရစေမယ့် စာသားမျိုးနဲ့ စတင်လေ့ရှိပြီး အဆုံးသတ်ကိုတော့ သူတို့အတွက် စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် စာသားမျိုးနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ဒီလိုမျိုး Content တွေကြောင့်လည်း ကျွန်တော်နဲ့ ကျွန်တော့် စာဖတ် ပရိတ်သတ်တွေကြား အချင်းချင်း ပိုပြီးချိတ်ဆက်မိတယ်လို့ ခံစားမိပါတယ်။ နောက်ပြီး ကျွန်တော်က အပြင်မှာလည်း စာအုပ်တွေ ထုတ်ဝေလေ့ရှိပြီး ဒီလိုအချိန်မျိုးမှာလည်း ကျွန်တော့်ရဲ့ စာအုပ်တွေ အကြောင်း ပရိသတ်တွေ ပိုသိအောင်င် ကျွန်တော်ရဲ့ Viber ချန်နယ်ကနေတဆင့် မျှဝေအသိပေး နိုင်တဲ့အတွက် Viber က ကျွန်တော့်အတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်” လို့ စာရေးသူ သျှင်ယွန်းက ပြောပါတယ်။

Photo Source https://www.facebook.com/viber

“ကျွန်တော်က‌တော့ Content တွေ ဖန်တီးတဲ့အခါမှာ ကိုယ့်ပရိတ်သတ်တွေ ဘာလိုချင်လဲ ဆိုတာကို နားလည်ဖို့က အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပရိသတ်တွေဆီက Comment တွေကို အချိန်ပေး ဖတ်ရှုလေ့ရှိပြီး သူတို့ ဘယ်လိုအကြောင်းအရာတွေကို လိုချင်ကြလဲဆိုတာ ရှာဖွေတတ်ပါတယ်။ ပရိသတ်တွေအနေနဲ့ တစ်ခါတစ်လေ သာမန် အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ချင်ကြတာရှိသလို တစ်ချို့အချိန်တွေမှာတော့ ထူးခြားတဲ့ အစားအသောက် အရသာတွေ ကို စူးစမ်းလေ့လာ ချင်ကြပါတယ်။ ဒါကြောင့်လည်း ဘယ်လိုအကြောင်းအရာသစ်တွေကို ဖန်တီးရမလဲ ဆိုတာ လေ့လာဖို့၊ ပြင်ဆင်ရေးသားဖို့နဲ့ စမ်းသပ်ကြည့်ဖို့ အတွက်ကို ကျွန်တော် အမြဲတမ်း အချိန်တစ်ခု ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။ ပေးလိုက်ရတဲ့ အချိန်နဲ့ အားထုတ်မှုတွေ ရှိတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေကို ဆန်းသစ်တဲ့ အကြောင်းအရာတွေ ပေးအပ်နိုင်ဖို့ ဒီအချက်က အများကြီး ကူညီပေးပါတယ်။” လို့ အချိန်တိုအတွင်း Viber ချန်နယ်မှာ Subscriber အရေအတွက် သိသိသာသာ များပြားလာတဲ့ Food Blogger တစ်ယောက်ဖြစ်တဲ့ ဟိဏ်းသစ်က ပြောကြားခဲ့ပါတယ်။