OPPO Reno8 T တွင်ပါဝင်သည့် ColorOS 13 က ၂၀၂၃ ခုနှစ် iF Design ဆုပေးပွဲအခမ်းအနားတွင် ဆုပေါင်း ခြောက်ဆုသိမ်းပိုက်ဆွတ်ခူးခဲ့

OPPO ရဲ့ မြန်မာနိုင်ငံဈေးကွက်အတွင်း ပြီးခဲ့တဲ့ မတ်လ ၁၄ နေ့ရက်နေ့က ၈၉၉,၉၀၀ ကျပ်ဖြင့် စတင်ဖြန့်ချိခဲ့တဲ့ Reno8 T မှာ ပါဝင်တဲ့ နောက်ဆုံးပေါ် Operating System တစ်ခုဖြစ်တဲ့ ColorOS 13 ဟာ ၂၀၂၃ ခုနှစ်အတွက် iF Design ဆုပေးပွဲမှာ ဆုပေါင်း ခြောက်ဆု တိတိ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ နိုင်ငံပေါင်း ၅၆ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သူပေါင်း ၁၁,၀၀၀ အနက် ColorOS 13 ဟာ User Experience (UX) အပိုင်းအခန်းကဏ္ဍမှာ Aquamorphic Design၊ Multi-Screen Connect၊ Smart Sidebar Suggestions၊ Game Assistant၊ Smart Wallet တွေနဲ့ ဆု ငါးဆု ချီးမြှင့်ခံခဲ့ရသလို  App အမျိုးအစားပိုင်းဆိုင်ရာ အခန်းကဏ္ဍအတွက် Clone Phone App နဲ့ ဆု တစ်ဆု စုစုပေါင်း ခြောက်ဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။ အဆိုပါ ဆုခြောက်ခုဟာ ColorOS 13 ကို အသိအမှတ်ပြုမှု ပိုမိုကြီးထွားလာစေတဲ့အပြင် ပိုမို ကောင်းမွန်တဲ့ User experience ပိုင်ဆိုင်စေမဲ့ ထုတ်ကုန်တွေကို ဖန်တီးဖို့ဖြစ်တဲ့ OPPO ရဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ ပန်းတိုင်ကို ပိုခိုင်မာလာစေခဲ့ပါတယ်။

iF Design Awards ဟာ ကမ္ဘာပေါ်မှာ လူသိများ အထင်ရှားဆုံး ဒီဇိုင်းဆုများထဲမှ တစ်ခုဖြစ်ပါတယ်။ ColorOS 13 အတွက် ဆုခြောက်ဆု ဆွတ်ခူးရရှိမှုအပြင် OPPO အနေနဲ့  စိတ်လှုပ်ရှားဖွယ်ရာ ပုံစံအသစ်တွေကို ဒီဇိုင်းထုတ်ရာမှာ OPPO ရဲ့ အောင်မြင်မှုတစ်ခုဖြစ်တဲ့ OPPO Find N2 Flip စမတ်ဖုန်းအတွက်လဲ ဆုချီးမြှင့် အသိအမှတ်ပြုခံခဲ့ရပါတယ်။

ColorOS အတွက် ဒီဇိုင်းအသစ်ဖြစ်တဲ့ Aquamorphic Design အနေနဲ့ ယခုနှစ်ဆုပေးပွဲတွင် ကြီးကြီးမားမား အသိအမှတ်ပြုမှု ရရှိခဲ့ပါတယ်။ ရေပြင်ကို Inspiration ယူထားတဲ့ Aquamorphic Design ဟာ တည်ငြိမ်အေးချမ်းမှုနဲ့ စိတ်လှုပ်ရှားတက်ကြွမှု ၂ ခုလုံး ဖော်ပြနိုင်တဲ့ စိတ်ကျေနပ်ဖွယ်ရာ စီးမျောခံစားနိုင်မဲ့ အတွေ့အကြုံကို ပေးစွမ်းဖို့ ရည်ရွယ် ဖန်တီးထားပါတယ်။ ဒီဇိုင်းရေးဆွဲမှုပိုင်းဆိုင်ရာမှာ ပေါ့ပါးကောင်းမွန်တဲ့ System Theme Palettes၊ စာလုံးဖောင့်တွေနဲ့ Polymorphic Texture အသုံးပြုထားတဲ့ Card-style Layout တွေကနေ တစ်ဆင့် လူသားနဲ့ နည်းပညာကြား ဆက်သွယ်မှုကို ပိုမိုသက်သောင့်သက်သာ၊ လိုက်လျောညီထွေရှိစေပြီး နားလည်လွယ်တဲ့ အပြန်အလှန်ဆက်သွယ်မှုကို တိုးမြှင့်စေခဲ့ပါတယ်။

Multi-Screen Connect ဟာ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ဖုန်းတွေ၊ PC တွေနဲ့ Tablet တွေ ကြား ချောမွေ့စွာ လုပ်ဆောင်နိုင်စေသလို ဒေတာအချက်အလက်ပေးပို့နိုင်တဲ့အတွက် မတူညီတဲ့ Smart Device တွေမှာ တွေ့ရတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်စေမှာ ဖြစ်ပါတယ်။ Multi-Screen ချိတ်ဆက်မှုက တစ်ဆင့် သုံးစွဲသူတွေအနေနဲ့ Screen တွေ၊ Device တွေမှာ ပိုမိုအဆင်ပြေ ကောင်းမွန်တဲ့ အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Smart Sidebar Suggestions က ဖုန်းရဲ့ Sidebar မှာရှိတဲ့ Smart Tool Collection ကို လွယ်ကူစွာ အသုံးပြုနိုင် စေသလို အသုံးပြုသူတွေအနေနဲ့ အလုပ်တွေ ပြီးမြောက်ဖို့ ဒါမှမဟုတ် အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ လိုအပ်တဲ့ သက်ဆိုင်ရာ Tools တွေကို လျင်မြန်စွာ ဝင်ရောက်ကြည့်ရှုနိုင်စေပြီး အလုပ်မပျက်စေပဲ လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးပါတယ်။

Game Assistant ဟာ Network အခြေအနေတွေကို ပိုမိုကောင်းမွန်လာစေပြီး ဂိမ်းကစားတဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတဲ့အပြင် ပိုမိုစွဲမက်ဖွယ်ကောင်းတဲ့ ဂိမ်းကစားမှုနဲ့ ပိုမို စီးမျောခံစားနိုင်မဲ့ အာရုံခံအတွေ့အကြုံများစွာကို ပေးစွမ်းဖို့အတွက် Intuitive Control Gestures နဲ့ Multi-window လုပ်ဆောင်မှုကို ပံ့ပိုးပေးပါတယ်။

Smart Wallet ဟာ ငွေပေးချေမှုတွေနဲ့ အခြားငွေကြေးလွှဲပြောင်းမှုများကို စီမံခန့်ခွဲဖို့ လုံခြုံပြီး အဆင်ပြေတဲ့ နည်းလမ်းကို ပေးစွမ်းပါတယ်။ ၎င်းအနေနဲ့ ငွေပေးချေမှုတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ အီလက်ထရွန်းနစ် ကားသော့တွေနဲ့ အသုံးပြုခွင့်ကတ်တွေ၊ ဒစ်ဂျစ်တယ်စာရွက်စာတမ်းတွေအတွက် လုံခြုံတဲ့ ထိန်းသိမ်းမှုနဲ့အတူ ဘက်စုံသုံး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်စေပါတယ်။ Digital wallet ဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေပြီး ဖုန်းကို Unlock လုပ်ခြင်း ဒါမှမဟုတ် App တွေ တစ်ခုနဲ့ တစ်ခုကြား ကူးပြောင်းစရာ မလိုတော့ဘဲ ပိုမို အဆင်ပြေလာစေမှာ ဖြစ်ပါတယ်။

App အမျိုးအစား အခန်းကဏ္ဍတွင် ၂၀၂၃ ခုနှစ် iF ဒီဇိုင်းဆုရရှိခဲ့တဲ့ Clone Phone ဟာ ကေဘယ်ကြိုးတွေ ဒါမှမဟုတ် အခြားစက်ပစ္စည်းတွေ မလိုအပ်ပဲ ဒေတာအချက်အလက် ပြောင်းရွှေ့မှုအတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေပြီး သုံးစွဲသူဒေတာအချက်အလက်ကို ထပ်တိုးထားတဲ့ လုံခြုံရေးကနေ တစ်ဆင့် အကာအကွယ်ပေးကာ ဒေတာလွှဲပြောင်းမှု အတွေ့အကြုံကို မြှင့်တင်ပေးတဲ့ လုံခြုံမှုရှိတဲ့ App တစ်ခုဖြစ်ပါတယ်။

ColorOS 13 ဟာ  OPPO က ထုတ်လုပ်လိုက်တဲ့ Operating System ရဲ့ နောက်ဆုံး Version ဖြစ်ပြီး လက်ရှိတွင် OPPO ရဲ့ သတ်မှတ်ထားတဲ့ စက်ပစ္စည်းအမျိုးမျိုးမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ယင်း Operating system မှာ Mobile Devices တွေ အတွင်း ပါဝင်ရမဲ့ စံနှုန်းအသစ်ကို သတ်မှတ်ပေးတဲ့ Intuitive Interface နဲ့ အဆင့်မြင့် လုပ်ဆောင်နိုင်စွမ်းတွေ ပါရှိသလို လုပ်ဆောင်နိုင်စွမ်းပြည့်ဝပြီး အသုံးပြုရလွယ်ကူပါတယ်။ OPPO အနေနဲ့ ရှေ့ဆက်ပြီး ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေအတွက် နှိုင်းယှဥ်မရတဲ့ အတွေ့အကြုံကို ယူဆောင်လာပေးရင်း သုံးစွဲသူဗဟိုပြုပြီး ဆန်းသစ်သော ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။