စီးပွားရေးနှင့် စီမံခန့်ခွဲမှု အွန်လိုင်းသင်တန်းကို SFUx တွင်စတင်ဖွင့်လှစ်

Strategy First University Extension (SFUx) မှ စီးပွားရေးနှင့်စီမံခန့်ခွဲမှု Certificate အွန်လိုင်းသင်တန်းများ စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရသည်။
ယနေ့ခေတ် စီးပွားရေးလုပ်ငန်းအတွင်း စီမံခန့်ခွဲမှုဆိုင်ရာစိန်ခေါ်မှုများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်လုပ် ဆောင် ချက်များ၊ နိုင်ငံတကာဈေးကွက်ဆိုင်ရာ သဘောတရားများ၊ ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာပညာရပ်များ၊ ဝန်ထမ်းရေး ရာစီမံခန့်ခွဲသည့်ပညာရပ်များ၊ စွန့်ဦးတီထွင်ခြင်း နှင့် လုပ်ငန်းသစ်ဖန်တီးခြင်းဆိုင်ရာပညာရပ်များသာမက လက်တွေ့အသုံးချ ဒီဂျစ်တယ်မားကတ်တင်းနည်းပညာ၊ လက်တွေ့အသုံးချ စိတ်ပညာ၊ ပွဲအခမ်းအနားစီမံသည့်ပညာ၊ ရုံးလုပ်ငန်းသုံး အသုံးချကွန်ပျူတာသင်တန်းများ အစရှိသည့်ပညာရပ်နယ်ပယ်အမျိုးမျိုးကို အသေးစိတ်လေ့လာသင်ယူနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် စီးပွားရေးခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန် နှင့် စီးပွားရေးနယ်ပယ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရန်အတွက် SFUx မှ အွန်လိုင်းသင်တန်းများကို လေ့လာထားခြင်းဖြင့် များစွာ အထောက်အကူရရှိစေမည် ဖြစ်သည်။

Photo Source https://sfux.strategyfirst.edu.mm/

ဖွင့်လှစ်မည့် သင်တန်းများမှာအောက်ပါအတိုင်းဖြစ်သည်။
(၁) SFU Diploma in-Business Management and Entrepreneurship
(၂) SFUx Certificate in – Business English
(၃) Business Essentials and Employability Skills
(၄) Competing Through Logistics and Supply Chain Management
(၅) Customer Service Excellence
(၆) Entrepreneurship and New Venture Creation
(၇) Financial Management
(၈) General Management
(၉) Human Resources Management
(၁၀) Marketing
(၁၁) Operations Management
(၁၂) Professional Selling Skill
(၁၃) Soft Skills for Leaders တို့ဖြစ်သည်။

Photo Source https://sfux.strategyfirst.edu.mm/

အဆိုပါသင်တန်းများကို ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ နှင့် ဝန်ထမ်းများ။ တက္ကသိုလ်ကျောင်းသား၊ သူများ၊ မိမိတို့သက်ဆိုင်ရာပညာရပ်များ ကိုလေ့လာသင်ယူရင်း ပေါင်းစပ်လေ့လာလိုသူများ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသော လူငယ်များ နှင့် လက်ရှိ လုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ၊ လုပ်ငန်းခွင်မှ အချိန်ရှားပါးပြီး စီပွားရေးနှင့် စီမံခန့်ခွဲမှုကို လေ့လာလိုသူများ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စီမံခန့်ခွဲမှု ပညာရပ်များကိုလေ့လာလိုသူများ အားလုံး တက်ရောက်လေ့လာနိုင်မည်ဖြစ်သည်။
ဘာသာရပ်တစ်ခုချင်းစီအတွက် သင်တန်းကြေး၊ သင်ကြားမည့်အကြောင်းအရာများနှင့် အသေးစိတ်အချက်အလက်များကို လေ့လာနိုင်ပါသည်။
အသေးစိတ်လေ့လာရန် – https://sfux.strategyfirst.edu.mm/
သင်တန်းကြေးမှာ ၁၀,၀၀၀ ကျပ် (For New Student)ဖြစ်ပြီး SFUx တွင်တက်ရောက်နေသော မိမိမိတ်ဆွေ၊ အသိသူငယ်ချင်းများ၏ SFUx Student ID (ကျောင်းသားကဒ် နံပါတ်) ဖြင့် သင်တန်းအပ်နှံပါက Refer Discount ခံစားနိုင်မည်ဖြစ်သည်။
ထို့ပြင် Strategy First University တွင် ဆရာကြီး၊ ဆရာမကြီးများနှင့် ထင်ပေါ်ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များ ဟောပြောပို့ချထားသော Seminar များကိုလည်း တစ်စုတစ်စည်းတည်းအခမဲ့ လေ့လာနိုင်မည်ဖြစ်သည်။ သင်တန်းကာလ အတွင်း သင်တန်း ပြီးစီးမှုမရှိပါက (၁) နှစ်အတွင်းလေ့လာသင်ယူပြီး သင်တန်းပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သင်ကြားမယ့်ပုံစံမှာ ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုများကို SFUx Mobile App နှင့် SFUx Website မှတစ်ဆင့်လေ့လာ သင်ယူနိုင်မည်ဖြစ်သည်။ Certificate တစ်တန်းလျှင် တစ်ပတ်သင်ခန်းစာတစ်ခု လေ့လာနိုင်မည်ဖြစ်ပြီး သင်တန်းကာလ (၁၅) ပတ်ဝန်းကျင်ကြာမြင့်မှာ ဖြစ်သည်။ သင်ခန်းစာပြီးတိုင် Unit End Test ဖြေဆိုရမည် ဖြစ်ပြီး Unit အားလုံးဖြေဆိုအောင်မြင်ပါက Course End Test ထပ်မံဖြေဆိုအောင်မြင်ပြီး Certificate ရယူနိုင်မည်ဖြစ်သည်။ သင်တန်းအပ်နှံရန် အောက်ပါ Link တွင်ဝင်ရောက်အပ်နှံနိုင်မည်ဖြစ်သည်။
https://sfux.strategyfirst.edu.mm/
အသေးစိတ်သိရှိလိုပါက အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://sfux.strategyfirst.edu.mm/