အွန်လိုင်း စီးပွားရေးအထောက်အကူပြုအဖြစ် Graphic Design Online Class (Batch -2) ကို APN Contents Creation မှဖွင့်လှစ်

အွန်လိုင်းစီးပွားရေးတွေ များပြားလာတာနဲ့အမျှ လုပ်ငန်းတစ်ခုရဲ့ အထောက်အပံ့ဖြစ်စေတဲ့ ဒီဇိုင်းတွေဟာ အလွန်အရေးပါတဲ့ အရာတစ်ခုအဖြစ် လုပ်ငန်းခွင်အများစုမှာ နေရာယူလာပြီဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ တိုးတက်မှုကိုတွန်းတင်ပေးတဲ့ နေရာမှာလည်း ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေဟာ မရှိမဖြစ်လိုအပ်တဲ့အရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် လှပရိုးရှင်းပြီး creative့ဖြစ်တဲ့designs တွေကိုကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်ဖို့အတွက် APN Graphic Designs Online Class ကိုဖွင့်လှစ်လိုက်ပါပြီ။
သင်တန်းကြေး ၅၅၀၀၀ ကျပ်တည်းနဲ့ Professional level အထိကို တတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုဆိုလည်း မမှားပါဘူး။ APN Graphic Design Online Classမှာသင်ခန်းစာတွေကို ယခုမှစတင်လေ့လာမယ့်သူတွေ အတွက်ပါအဆင် ပြေအောင် အခြေခံကစလို့စနစ်တကျနဲ့ သင်ကြားပေးထားပါတယ်။ပါဝင်မယ့် သင်ခန်းစာတွေကိုအကျဉ်းချုံးဖော်ပြ ပေးလိုက်ပါတယ်။
အပိုင်း ၁ အနေဖြင့် Software installationပြုလုပ်ခြင်း၊ Graphic design basics သင်ခန်းစာများ၊ Color theory သင်ခန်းစာများ၊ RGB and CMYK၊ Raster Vs Vector၊ Typography ၊ White Space၊ Rules of thirds အားလေ့လာခြင်း၊ Golden Ratio ဆန်းစစ်ခြင်း တို့ဖြစ်ပါတယ်။
အပိုင်း ၂ အနေဖြင့် Pen Tool ကိုစနစ်တကျအသုံးပြုခြင်း၊Texture အသုံးပြုခြင်း၊ Action File တစ်ခုကိုယ်တိုင် ကိုယ်ကျဖန်တီးခြင်း၊ Smart object တစ်ခုလက်တွေ့ပြုလုပ်ဖန်တီးခြင်း၊ Layers အသုံးပြုပုံသင်ခန်းစာများ၊ Photoshop Tools များအသုံးပြုခြင်း၊ Adjustment layers အသုံးပြုခြင်း၊ Blending modes အသုံးပြုခြင်း၊ Effect Layers အသုံးပြုခြင်း တို့ဖြစ်ပါတယ်။
ဒါ့အပြင် Logo ရေးဆွဲနည်းသင်ခန်းစာ၊ Calendar တစ်ခုဖန်တီးခြင်းသင်ခန်းစာ၊ Business cards ပြုလုပ်ခြင်းသင်ခန်းစာ၊ Flat illustration ရေးဆွဲခြင်းသင်ခန်းစာ၊ Letterheads ပြုလုပ်ခြင်းသင်ခန်းစာ၊ Book Covers ပြုလုပ်ခြင်းသင်ခန်းစာ၊ Social media design ရေးဆွဲခြင်းသင်ခန်းစာ၊ Web templates designs basic သင်ခန်းစာ၊ Mobile UI/UX design basic သင်ခန်းစာ၊ Products visual designs ဖန်တီးခြင်းသင်ခန်းစာ၊ Vinyl and Billboard designs ဖန်တီးခြင်းသင်ခန်းစာ၊ Packaging designs ပြုလုပ်နည်းသင်ခန်းစာ၊ Isometric design ဖန်တီးခြင်းသင်ခန်းစာ တို့ပါဝင်မှာ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/apncontents

Manipulation design course အနေဖြင့် Photo Composition ၊ Color Grading သင်ခန်းစာများ၊ Lighting and shadow ချိန်ညှိခြင်းများ၊ High-end skin retouching သင်ခန်းစာ၊ Camera raw filter အသုံးပြုခြင်း တို့ပါဝင်မှာဖြစ်ပါတယ်။
လက်တွေ့ရေးဆွဲ ရှင်းပြထားသော Photo Manipulation သင်ခန်းစာများအပြင် designer တွေအနေနဲ့သိထားရမယ့် Design process တွေကိုလည်းလက်တွေ့ သင်ခန်းစာ သီအိုရီသင်ခန်းစာပေါင်း များစွာနဲ့ စနစ်တကျသင်ကြားပေးထားပါတယ်။ သင်ခန်းစာ video lessons ပေါင်း ၆၀ကျော်နဲ့ basic to advanced level ထိတကယ်တတ်မြောက်အောင် သင်ပေးထားတာဖြစ်ပြီး သင်တန်းသားတွေ အတွက်လိုအပ်တဲ့ resources တွေကိုလည်းဝေမျှပေးသွားမှာပါ။ဒီသင်တန်းကိုတက်ရောက်ပြီးရင်တော့ ဒီဇိုင်နာကောင်း တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းတစ်ခုကို ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။
APN Graphic Designs Online Class ကိုတက်ရောက်သူများအနေနဲ့ life time လေ့လာလို့ရမယ့်အပြင် သိရှိလိုသမျှမေးမြန်းနိုင်မယ့် Messenger secret groupမှာလည်း ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။ ထို group ထဲတွင် ဒီဇိုင်းနဲ့ပတ်သတ်သော လိုအပ်ချက်များသာမက သင်ခန်းစာထဲတွင် နားမလည်သောအပိုင်းများကို မေးမြန်းလို့ရမှာပဲဖြစ်ပါတယ်။ သင်တန်းတက်ရောက်သူတွေအနေနဲ့ သတ်မှတ်ထားသောသင်ခန်းစာ တစ်ခုခြင်းစီအတွက် လည်း Tutorial,Assignment များကိုပြန်လည်တင်ပေးရမှာဖြစ်ပါတယ်။ လက်တွေ့သင်ခန်းစာပိုင်းအတွက် group မှာ မလုံလောက်ရင်လည်း screen sharing နဲ့ course training ပြန်ပေးမှာ ဖြစ်ပါတယ်။
သင်တန်းသားသင်တန်းသူတွေနဲ့ညှိပြီးလည်း group meeting session လေးတွေကအမြဲရှိနေမှာဖြစ်ပါတယ်။ ထိုsession မှာလည်း live ဖြင့် knowledge sharing အစီအစဉ်လည်း ထပ်မံပါရှိမှာဖြစ်ပါတယ်။ APN မှဝန်ဆောင်မှုများကို အေသးစိတ်သိရှိလိုပါက အောက်ပါ Link မှာဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
https://web.facebook.com/apncontents