ကလေးငယ်လေးအတွက် Computer Science ပညာရပ်ကို လေ့လာနိုင်မည့် Platform များအကြောင်း (၁)

Computer Science နယ်ပယ်ဟာ အရင်ကထက် ပိုမိုကျယ်ပြန့်လာသလို နိုင်ငံတကာမှာ ဆိုရင် လဲ Artificial Intelligence ၊ Machine Learning စတာတွေကို လုပ်ဆောင်နေကြပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့လဲ ငယ်ရွယ်စဉ်တည်းကစတင်ပြီး Computer Science ရဲ့အခြေခံသဘောတရားတွေကို နားလည်ထားပြီး ၊ Programming နဲ့အသားကျထားဖို့လိုအပ်နေပါပြီ။
နိုင်ငံခြားမှာ ဆိုရင်တော့ ကလေးငယ်လေးတွေကို အလယ်တန်းလောက်တည်းကစတင်ပြီး Computer Science ပညာရပ် နဲ့ပတ်သတ်တာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ ကြိုတင် လေ့လာစေပါတယ်။ အထက်တန်းလောက်ရောက်ပြီဆိုတာနဲ့ ကျောင်းသား ကျောင်းသူတွေဟာ HTML , CSS , JavaScript တို့လို ပညာရပ်တွေကို လေ့လာကြနေပြီဖြစ်ပြီး ၊ Website တစ်ခုကို ကောင်းကောင်းမွန်မွန် ဘယ်လိုရေးရမလဲဆိုတာ သိရှိနေကြပြီဖြစ်ပါတယ်။
သို့ပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ပျက်စီး ယိုယွင်းနေတဲ့ ပညာရေး စနစ် ကြောင့် ကလေးငယ်တွေဟာ Computer Science နဲ့ လက်လှမ်း ဝေးနေကြရဆဲဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ Computer Science ပတ်သတ်ပြီး လက်လှမ်းဝေးတာဟာ သိပ်ပြီးပြဿနာမရှိလှပေမယ့် အခုလို 21ရာစုရဲ့ 2021 ခုနှစ်ကို ရောက်နေတဲ့အချိန်မှာတော့ ပြဿနာရှိလာပြီဖြစ်ပါတယ်။

Photo Source https://web.facebook.com/RainbowTechnology.Myanmar/posts/563482335072510

ကျွန်တော်တို့ မြန်မာနိုင်ငံက ကလေးငယ်တွေအနေနဲ့လဲ အခုလို ကျောင်းတွေနားထားရတဲ့အချိန်‌လေးတွေမှာ အကျိုးရှိရှိ Computer Science ပညာရပ်တွေကို Online ပေါ်ကနေ ဖေဖေမေမေတို့နဲ့ အတူတူလေ့လာ နိုင်စေဖို့အတွက် ရိုးရှင်းတဲ့ Online Learning Platforms လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) Code org
ပထမဆုံးပြောပြပေးချင်တာကတော့ Code.org ဆိုတဲ့ Platformလေးပဲဖြစ်ပါတယ်။ အချို့ကလဲ Code org ကို သိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ Code org ဟာ ယနေ့အချိန်မှာတော့ ကလေးငယ်တွေအတွက် free coding classes တွေကို ထောက်ပံ‌့ပေးထားတဲ့ နာမည်အကျော်ကြားဆုံးWebsite တစ်ခုပဲဖြစ်ပါတယ်။ ဒီ Platformလေးမှာဆိုရင် ကလေးငယ်တွေရဲ့ အသက်ရွယ် အလိုက် Course တွေကိုလဲခွဲခြားပေးထားတာဖြစ်တဲ့အတွက်ကြောင့် မိမိတို့နဲ့ သင့်လျော်တဲ့ course တွေကိုရွေးချယ်ပြီးလေ့လာလို့ရပါတယ်။ Course တစ်ခုချင်းစီမှာလဲ Lesson အခွဲလေးတွေပါဝင်ပြီးတော့ ကလေးငယ်တွေစိတ်ဝင်စားအောင် Game လေးနဲ့တကွ Computer Science Basic Knowledge တွေကို ပါလေ့လာနိုင်တာဖြစ်ပါတယ်။ ပြည့်စုံ‌‌ကောင်းမွန်ပြီး နားလည်ရလွယ်ကူတဲ့ Tutorial Video လေးတွေကိုပါထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာ အသေချာပဲ ဖြစ်ပါတယ်ခင်ဗျာ။ Course တစ်ခုချင်းစီတိုင်းအတွက် 15 – 20 hours လောက်ပဲကြာမြင့်မှာဖြစ်ပါတယ်ခင်ဗျာ။ Courseတစ်ခုချင်းစီမှာလဲ မတူညီတဲ့ Game လေးတွေ ( Example Game – Star War ၊ Minecraft Maze Game ၊ Ice Age ၊ Angry Bird etc ) ကို ထည့်သွင်းပေးထားဖြစ်တဲ့အတွက်ကြောင့် ကလေးငယ်တွေအနေနဲ့ မပျင်းရပဲ Gameလေးဆော့ရင်း Computer Science ရဲ့အခြေခံသဘောတရားတွေကို နားလည်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော Tutorial Video လေးတွေမှာလဲ နာမည်ကျော် computer scienctist တွေဖြစ်ကြတဲ့ Bill Gate ၊ Mark Zuckerberg တို့လို့ ပုဂ္ဂိုလ်တွေကိုယ်တိုင် Computer Science နဲ့ပတ်သတ်တာတွေကို သင်ကြားပြထားတာဖြစ်တဲ့အတွက် ကလေးငယ်တွေအနေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကိုပါ လေ့လာပြီးသားဖြစ်မှာပါ။ Code org ရဲ့ Official Website ကတော့ [ https://studio.code.org ] ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ပထမဆုံး Website မှာ Sign Up လုပ်ပြီးသွားပြီဆိုတာနဲ့ Website တည်ဆောက်ပုံတွေ ၊ Games လေးတွေကို စပြီးတွေ့နိုင်ပါပြီ။ Code org မှာဆိုရင် ကလေးသေးသေးလေးတွေ အတွက် Programming Basic တွေကနေစပြီးတော့ နောက်ပိုင်း HTML ၊ CSS ၊ JS တို့ကိုအသုံးပြုပြီး Actual Apps တွေ Websites တွေကို ကိုယ်တိုင် ဖန်တီးလာနိုင်တဲ့အထိ Course တွေပါဝင်ပါတယ်။ နိုင်ငံတကာမှာတော့ Code org ကို အသက် ၄ နှစ်အရွယ် ကလေးငယ်တွေကနေစပြီး လေ့လာနိုင်တယ်လို့ဖော်ပြထားပေမယ့် မြန်မာနိုင်ငံက ကလေးငယ်တွေကတော့ မူလတန်း အရွယ်လောက်ကနေစပြီး လေ့လာနိုင်တယ်လို့ထင်မြင်မိပါတယ်။
(၂) MIT Scratch
ဒီ Learning Platform လေးကိုတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ MIT ကနေပြီးတော့ ဖန်တီးထားတာဖြစ်ပါတယ်။ ကလေးငယ်တွေအနေနဲ့ ဒီ Platformလေးမှာ Scratch နဲ့ပတ်သတ်ပြီး လေ့လာရမှာဖြစ်ပါတယ်ခင်ဗျာ။ Scratch ဆိုတာ ဘာလဲ ဆိုတာကို အရင်ဆုံးအနည်းငယ်ပြောပြချင်ပါတယ်။ Scratchဆိုတာကတော့ Block Based Visual Programming Language တစ်ခုပဲဖြစ်ပါတယ်။ အရိုးရှင်းဆုံးပြော ရမယ်ဆိုရင် အတုံးလေးကို လိုက်ဆက်ရတာပဲဖြစ်ပါတယ်။ Programming Codes တွေကို လေ့လာသင်ယူဖို့ငယ် ရွယ်သေးတဲ့ ကလေးငယ်တွေအတွက် အထူးရည်ရွယ်ထားတဲ့ Programming Languageတစ်ခုပဲဖြစ်ပါတယ်။ အသက် ၇ နှစ်အရွယ်ကလေးငယ်တွေကနေစတင်ပြီး Scratchကိုလေ့လာလို့ရပါတယ်။ ငယ်ရွယ်စဉ်တည်းက Scratchကိုလေ့လာ ထားခြင်းအားဖြင့် ကလေးငယ်တွေရဲ့ Creativity တွေ မြင့်မားလာစေနိုင်သလို Program တစ်ခုရဲ့ Sequence တွေ ကိုနားလည်လာစေပြီး Problem Solving skills တွေကို မြင့်မားလာစေပါတယ်။ ဒါကြောင်မို့လို့လဲ USA လိုနိုင်ငံမျိုးမှာကလေးငယ်တွေကို ငယ်ရွယ်စဉ်တုန်းမှာ Scratchပညာရပ်ကို သင်ကြားစေတာဖြစ်ပါတယ်။ MIT Scratchရဲ့ Official Website လေးကတော့ [ https://scratch.mit.edu ] ပဲဖြစ်ပါတယ်။ MIT Scratch ရဲ့ Scratch Course လေးဟာ 100 ရာခိုင်နှုန်း Free Course ဖြစ်တဲ့အတွက် ပိုက်ဆံပေးစရာမလိုပဲ အိမ်မှာပဲကလေးငယ်တွေကိုလေ့ ကျင့်သင်ကြားပေးလို့ရတဲ့ ရိုးရှင်းတဲ့ Drag And Drop Coding Language လေးပဲဖြစ်ပါတယ်ခင်ဗျာ။ အသေးစိတ်သိရှိချင်ရင်‌တော့ သူတို့ရဲ့ Website ထဲထိ သွားဝင်ကြည့်လို့ရပါတယ်။