အပိုပစ္စည်းတွေရောင်းချနိုင်မယ့် Chance

Photo Source- Screenshot by Myanmar Tech Press

Discount တွေ ပမိုရှင်းတွေနဲ့ ကြုံတုန်းက တန်လို့ဝယ်မိရင်း အိမ်ရောက်မှ အသုံးမလို ပိုနေတာတွေဖြစ်နေတက်လား၊ ပစ္စည်းဆိုတာမျိုးက အချိန်ကြာသိမ်းထားလေ ယိုယွင်းပျက်စီးလေမို့ မသုံးဖြစ်ဘဲ ပိုနေတက်တဲ့ ပစ္စည်းတွေကို အချိန်မလွန်ခင် ရောင်းထုတ်ပစ်ရင်း အပိုဝင်ငွေလဲရ အသုံးဝင်တဲ့နေရာတွေမှာ ပြန်လည်အသုံးချနိုင်ဖို့အတွက် Chance application ရှိနေပါတယ်။

 

စာရေးသူတို့ ကိုယ်တိုင်လဲ တစ်ခါတစ်လေ ဈေးဝယ်ထွက်တဲ့နေရာမှာ ပစ္စည်းလဲတန် ဈေးလဲမှန်တဲ့ အချိန်မျိုးနဲ့ ကြုံလာတဲ့ အခါမျိုးကျရင် လိုအပ်တယ်မလိုအပ်ဘူးကို မစဉ်းစားမိတော့ဘဲ စိတ်အလိုလိုက်ပြီး ပိုဝယ်လာတာတွေမျိုးတွေရှိတက်ပါတယ်။ သူများကိုလဲ ပေးပစ်ရမှာနှမြောပြီး ဗီဒိုထဲ ထည့်သိမ်းထားရင်းကနေ အချိန်ကြာလာတဲ့အခါ မသုံးပစ်လိုက်ရဘဲ သက်တမ်းကျော်တာမျိုးတွေနဲ့လဲ ကြုံတွေ့ဖူးတာ အခေါက်ခေါက်အခါခါပါ။ အပိုပစ္စည်းတွေကို အိမ်မှာသိမ်းထားရင်းက အိမ်မှာလဲရှုပ်ပွပြီး အလကားနေရာတစ်ခုကို ပေးထားရတက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် နောင်တမရရစေအောင် ပိုနေတဲ့ပစ္စည်းတွေကို Chance Application မှာရောင်းချနိုင်ပါတယ်။ ထိုသို့ရောင်းချနိုင်ရုံသာမက ဝယ်ယူခြင်းကိုပါပြုလုပ်နိုင်တာမို့ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီး Delivery စနစ်နဲ့လဲ အိမ်အရောက်ပို့ဆောင်ပေးဦးမှာမို့ အွန်လိုင်းမှာ ဈေးသက်သက်သာသာနှင့် ဝယ်ယူနိုင်ဖို့ အဆင်ပြေပါတယ်။

Photo Source- Screenshot by Myanmar Tech Press
Chance Application မှာ အလှကုန်ပစ္စည်းများ၊ အီလက်ထရောစနစ်၊ အားကစားနှင့် ဆက်စပ်ပစ္စည်းများ၊ လက်မှုအနုပညာများ၊ နဲ့ အခြားသော ပစ္စည်းများကို ရောင်းချဝယ်ယူခြင်း နှစ်မျိုးလုံးကိုပြုလုပ်လို့ရပါတယ်။ ဝယ်ယူလိုပါက Search တွင် ပစ္စည်းအမျိုးအစားကိုရှာဖွေပြီး ဝယ်လိုတဲ့ ပစ္စည်းကိုရွေးချယ်ရပါမယ်။ ဥပမာ ယောကျာ်းဝတ် Sweat Shirt ကိုဝယ်ယူလိုပါက- ဝယ်လိုသည့် Sweatshirtကိုရွေးချယ်ပြီး အောက်တွင် ပမာဏနဲ့ဈေးကိုဖော်ပြထားမှာဖြစ်ပါမယ်။ ထိုဈေးနှုန်းအောက်တွင် ပစ္စည်းရဲ့ ကျသင့်ငွေ၊ ပစ္စည်းအကြောင်းအကျဉ်းချုပ်ဖော်ပြချက်၊ အမျိုးအစား၊ အခြေအနေ( အဟောင်း သို့မဟုတ် မသုံးရသေး)၊ ပစ္စည်းပိုပေးမယ့်မြို့နယ်၊ ပို့မည့်ပုံစံ၊ ပို့ဆောင်ခ ကြာချိန်စတာတွေကို အသေးစိတ်ဖော်ပြထားပါတယ်။ မှာယူလိုပါက buy ကိုနှိပ်ပြီး စုစုပေါင်းကြသင့်ငွေ နဲ့ ပို့ပေးရမယ့်လိပ်စာတို့ကို ဖြည့်စွက်ပြီးမှာယူနိုင်ပါတယ်။ ငွေပေးချေသည့်စနစ်တွင် Chance သို့ငွေလွဲပြီးချေနိုင်သလို အိမ်ရောက်မှငွေရှင်းစနစ်နဲ့လဲ ပေးချေနိုင်တာမို့ တကူးတက ဘဏ်သွားစရာတို့မလိုအပ်ပါဘူး။

Photo Source- Screenshot by Myanmar Tech Press

ဒါ့အပြင်ရောင်းချခြင်းကိုလဲပြုလုပ်နိုင်ပြီး ရောင်းချလိုပါက ရောင်းချမယ့်ပစ္စည်းရဲ့ ဓာတ်ပုံနှင့်တကွ ခေါင်းစဉ်ပစ္စည်းအမျိုးအစား၊ ရောင်းချလိုတဲ့ပစ္စည်းရဲ့ အရောင်၊ အသား၊ ဆိုဒ်၊ အလေးချိန်၊ အသုံးပြုထားသည့် အချိန်ပမာဏတွေကို အသေးစိတ်ဖော်ပြပြီးရောင်းချရမှာဖြစ်ပါတယ်။
ရောင်းသူဝယ်သူနှစ်ဦးလုံးအတွက် အဆင်ပြေတဲ့ applicationလေးမို့ရယူချင်တယ်ဆိုရင်https://play.google.com/store/apps/details?id=com.marketplace.chance

Photo Source- Screenshot by Myanmar Tech Press