Photo Source- Screenshot by Myanmar Tech Press
စာရေးသူတို့မြန်မာလူမျိုးတွေဟာ ဘယ်အရပ်ဒေသရောက်ရောက် ဒေသမှာရရှိတဲ့ အစားအစာတွေကိုခဏတာတော့ မြည်းစမ်းလိုကျပင်မဲ့ အချိန်တန် အိမ်ဟင်းအိမ်ထမင်းကို လွမ်းကျတာဟာသဘာဝတစ်ခုပါပဲ။ နောက်ပိုင်း ရုံးသွားရုံးလာ အကြောင်းကိစ္စအမျိုးမျိုး အလုပ်တွေများတာတွေကြောင့် ကိုယ်တိုင်အိမ်မှာဟင်းချက်မစားနိုင်တဲ့အခါ ဆိုင်ကဟင်းအနံ့တွေကို နေ့ဓဒူဝရိုးအီလာပြီး ကျန်းမာရေးနဲ့ မညီညွတ်မှာလဲ စိုးရိမ်လာကြပါတယ်။ အဲ့ဒီလိုအချိန်မျိုးကျရင် ငယ်ငယ်က လူကြီးမိဘတွေချက်ကျွေးတဲ့ ထမင်းဟင်းပူပူလေးတွေကိုလွမ်းမိကျမှာ အမှန်ပါ။ဒီလိုဆိုရင်တော့ ရွှေဗိုက်ကနေ ဟင်းချက်ဝါသနာပါပြီး စေတနာမေတ္တာအပြည့်အဝနဲ့ ချက်ကျွေးမယ့် အိမ်ရှင်မတွေရှိနေပါတယ်။

Photo Source- Screenshot by Myanmar Tech Press
ရွှေဗိုက်(Shwe Bite) application ဟာ အိမ်ဟင်းအိမ်ဟင်းကို တောင်းတသူတွေအဖို့ အိမ်ရှင်မတွေ ကိုယ်တိုင်ချက်ပြုတ်စီမံပြီး အရောက်ပို့ပေးမယ့် စနစ်ပဲဖြစ်ပါတယ်။ မနက်ထမင်းဘူးထည့်ဖို့ စောစောမထချင်သူတွေအဖို့လဲ မှာလိုတဲ့နေရာကို နေ့လယ်စာ စားချိန်မတိုင်မီ အရောက်ပို့ပေးဦးမှာမို့ အဆင်သင့်တာပေါ့။ Shwe Bite မှာ စုံလင်လှတဲ့ ဟင်းအမျိုးအစားပေါင်းများစွာထဲမှ ကြိုက်နှစ်သက်ရာ အဓိကဟင်းနဲ့ အရံဟင်း ကိုရွေးချယ်နိုင်ပြီး ဈေးနှုန်းကလဲ ၂၀၀၀ ကျပ်ဝန်းကျင်ပဲကျသင့်မှာမို့ သက်သာတဲ့ဈေးနှုန်းနဲ့ အရသာရှိတာတွေကို စားသုံးနိုင်မှာပါ။ ဒါမှမဟုတ် ဟင်းများများနဲ့ စုံစုံလင်လင်စားချင်သူတွေအတွက်လဲ သုံးမျိုးရွေးချယ်နိုင်ပါသေးတယ်။ ဒါ့အပြင် လပေးမှာစားတဲ့သူတွေအဖို့ လဲ ပိုသက်သာတဲ့ဈေးနှုန်းတွေနဲ့ ရရှိသွားပိုအဆင်ပြေသွားတာပေါ့။
Photo Source- Screenshot by Myanmar Tech Press
ရွေဗိုက်မှာ အဓိကချက်ပြုတ်စီမံပေးနေတဲ့ အိမ်ရှင်မစားဖိုမှူး ၄ယောက်ရှိပါတယ်။ Applicationရဲ့ အိမ်ရှင်မများ နေရာမှာဝင်ရောက်ကြည့်ရှုနိုင်ပြီး နာမည်၊ ချက်ပြုတ်သောအစားအစာအမျိုးအစား၊ အနည်းဆုံးအော်ဒါတင်ရမယ့် အရေအတွက်၊ ချက်ပေးနိုင်သော ဟင်းများစတာတွေကို ဖြည့်ထားပြီး ဓာတ်ပုံနှင့် အတူမြင်တွေ့ရမှာပါ။ ဒီစားဖိုမှူးစီက စားချင်တယ်ဆိုရင် သူ့ကိုရွေးချယ်ပြီး သူချက်ထားတဲ့ မီနူးတွေကို ဓာတ်ပုံလေးတွေနဲ့ ကြည့်ပြီးရွေးချယ်နိုင်ပါတယ်။ ဒီစားဖိုမှူးတွေအားလုံးက ဟင်းတွေချက်ပြုတ်နေတဲ့ ရည်ရွယ်ချက်တွေက ဟင်းချက်ဝါသနာပါပြီး ဟင်းလျာတွေကိုဖန်တီးပြုလုပ်ရင်း အပိုဝင်ငွေတွေရအောင်ဖန်တီးလိုသူတွေမို့ အားပေးသူတွေအတွက် စေတနာတွေနဲ့ချက်ပြုတ်ထားမယ့် ဟင်းလျာတွေကို မြိန်ယှက်စွာစားသုံးနိုင်မှာကျိန်းသေပါပဲ။စာရေးသူအဖို့ ဒီအကြောင်းအရာက ရွှေဗိုက်ကို ကြိုက်နှစ်သက်ရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါ။ အိမ်ရှင်မတွေ အိမ်မှာနေရင်း အလုပ်အကိုင်တွေရရှိနိုင်ပြီး ဝါသနာကိုလဲအသုံးချနိုင်တာမို့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ခွန်အားတွေကို တွေ့မြင်နိုင်လို့ပါပဲ။
Photo Source- Screenshot by Myanmar Tech Press
အိမ်ထမင်း အိမ်ဟင်းတွေကို မှာယူချင်တယ်ဆိုရင်တော့ Shwe Bite Application လေးကို Download ဆွဲပြီးမှာယူရမှာပါ။
မှာယူနည်း-
(၁) ဟင်းပွဲများ သို့မဟုတ် အိမ်ရှင်မများမှာ မိမိကြိုက်တဲ့ ဟင်းတစ်ခုကိုရွေးရပါမယ်။ရွေးလိုက်ရင် ထမင်းဘူးပုံစံ လေးထောင့်ကွက်လေးကိုတွေ့မြင်ရပါမယ်။ သင်ရွေးချယ်လိုက်တဲ့ဟင်းလေးက အရံဟင်းဆိုရင် အရံဟင်းနေရာမှာ အမှန်ခြစ် အစိမ်းလေးကိုတွေ့မြင်ရမှာပါ။
(၂) ထို့နောက် အနီရောင် အပေါင်းလက္ခဏာလေးကိုရွေးပြီး ကျန်ရှိတဲ့ ဟင်းတစ်မျိုးကိုရွေးပါ။ နှစ်ခုလုံးပြည့်သွားပြီး အောက်ကကျန်တဲ့ အကွက်လေးကတော့ ထမင်းနေရာလေးပါ။
(၃) အောက်မှာသင်ရွေးထားတဲ့ ဟင်းနှစ်မျိုးရဲ့နာမည်ပေါ်လာမယ်။ သေချာလေးစစ်ပြီး မှာယူလိုတဲ့အော်ဒါအရေအတွက်ကိုရွေးချယ်ရပါမယ်။ အော်ဒါမှာမဲ့ အရေအတွက် စုစုပေါင်းနဲ့ပို့ခကို တွက်ချက်ပေးပြီး စုစုပေါင်းကျသင့်ငွေကိုတစ်ခါထဲတွက်ချက်ပေးမှာပါ။
(၄) ပြီးတဲ့နောက် မှန်ကန်တယ်ဆိုရင် အော်ဒါမှာရန် ကို နှိပ်ပါ။အော်ဒါအချက်အလက်မှာ အော်ဒါမှာမည့်ရက် မြို့နယ်၊ နေရာလိပ်စာအပြည့်အစုံ၊ နာမည်၊ ဖုန်းကိုဖြည့်စွက်ပြီး အော်ဒါ အတည်ပြုရန်မှာမှာယူလို့ရပါပြီ။
မှတ်ချက်လေးတွေအနေနဲ့ကတော့ ဒီနေ့ယူမယ့်ထမင်းဘူးကိုဒီနေ့ ရွေးချယ်လို့ရမှာမဟုတ်ပါဘူး။ တစ်ရက်အလိုမှာ ညနေ၄နာရီမတိုင်ခင်ဖြည့်စွက်ပေးရမှာပါ။ ကြားရက်ရုံးတက်ရက်တွေပဲ ရရှိုနိုင်ပြီး စနေတနင်္ဂနွေ မှာလို့မရပါဘူး။ ဒီနေ့မှာလိုက်တယ်ဆိုရင် မနက်၁၁ နာရီနဲ့ ၁၂နာရီကြားမှာ သင့်ဆီရောက်ရှိလာမှာပါ။
ဒီလိုသန့်ရှင်းသပ်ရပ်တဲ့ထမင်းဘူးလေးတွေကို မှာယူလိုချင်တယ်ဆိုရင်
Download link – https://play.google.com/store/apps/details?id=com.bigapps.shwebite&hl=en_US