YBS ၊ ရုပ်ရှင်၊ အစားအသောက်၊ အိမ်ခြံမြေအကြောင်းအရာများအတွက် လူသုံးများနေတဲ့ HappyGoGo App

ခုတလော Mobile Phone တော်တော်များများမှာထည့်သွင်းအသုံးပြုလာကြတဲ့ Application တစ်ခုရှိပါတယ်။ ဘာကြောင့်လူ သုံးများလာသလဲဆိုတော့ သုံးရလွယ်ကူအဆင်ပြေတဲ့အပြင် လုပ်ဆောင်ချက်တော်တော်များများကလည်း လူတိုင်းအတွက် အကျိုးရှိစေတဲ့အတွက်ကြောင့်ပါပဲ။ ရန်ကုန်မြို့တစ်ခုတည်းသာမက အခြားနယ်မြို့တွေအတွက်လည်းအသုံးဝင်တဲ့ Application တစ်ခုဆိုတော့ သုံးရတဲ့သူလည်း ဘယ်မြို့ရောက်ရောက်အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ရန်ကုန်မြို့တွင်းမှာနေထိုင်တဲ့သူတွေအတွက် YBS ယာဉ်လမ်းကြောင်းမသိတာတွေ၊ ရုပ်ရှင်ဇတ်ကားတွေဘယ်ရုံမှာ ဘာ ကားတင်ထားလဲမသိတာတွေ၊ လျှော့ဈေးပေးထားတဲ့စားသောက်ဆိုင်လိပ်စာတွေကိုသိချင်တာတွေ၊ အိမ်ခြံမြေငှားရမ်း၊ ဝယ် ယူခြင်းများကိုအသေးစိတ်ကြည့်ရှုနိုင်တဲ့အတွက် အမှန်တကယ်အသုံးဝင်တဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာအသုံးပြုလို့ရအောင် App မှာထည့်သွင်းဖော်ပြထားပါတယ်။ ရန်ကုန် မြို့ပေါ်မှာနေပြီးသုံးစွဲတဲ့သူတွေအတွက် ပိုအဆင်ပြေသလို မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့အသုံးပြုလို့ရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ရုပ်ရှင်
Mobile Application တစ်ခုတည်းနဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံကနယ်မြို့တွေမှာရှိတဲ့ ရုံတင်ထားတဲ့ရုပ်ရှင်ဇတ် ကားတွေ ဘယ်ရုံမှာတင်ထားတယ်၊ ဘယ်နှစ်နာရီမှာပြမယ်၊ နောက်ထပ်ပြသမယ့်ရုပ်ရှင်ဇတ်ကားနမူနာကအစ ကြည့်လို့ရပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေရဲ့တည်နေရာကိုရေးပြီးရှာဖွေနိုင်သလို မြေပုံနဲ့တကွရှင်းပြပေးထားပါတယ်။ ရုပ်ရှင်ရုံ ကိုသိတာနဲ့ တင်နေတဲ့ဇတ်ကားကို ဘယ်နှစ်နာရီမှာပြသမယ်ဆိုတာကအစအသေးစိတ်ဖော်ပြထားပါသေးတယ်။ ဒါတင်မက သေးပါဘူး။ ဖုန်းဆက်ပြီး Booking လုပ်လို့ရအောင်ဖုန်းနံပါတ်ပါထည့်သွင်းဖော်ပြထားပါသေးတယ်။

Photo Source- Screenshot by Myanmar Tech Press

စားသောက်ဆိုင်နှင့်အစားအသောက်များ
ရနိုင်တဲ့အစားအသောက်တွေနဲ့စားသောက်ဆိုင်တည်နေရာတွေကို မြေပုံနဲ့တကွဖော်ပြပေးထားပါတယ်။ လျှော့ဈေးပေးထား တဲ့ဆိုင်တွေကို ရှာဖွေကြည့်ရှုနိုင်သလို စားချင်တဲ့အစားအသောက်နဲ့ကိုယ်ရှိနေတဲ့ အနီးဆုံးနေရာကိုဝင်ရောက်ရွေးချယ်နိုင် အောင်ပြုလုပ်ပေးထားပါတယ်။ နယ်မြို့တွေမှာရှိတဲ့စားသောက်ဆိုင်တွေအစားအစာတွေကိုတော့ ခု Version မှာမထည့်သွင်း ရသေးပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့စားသောက်ဆိုင်နဲ့အစားအစာတွေကိုသာ အဓိကထည့်သွင်းဖော်ပြထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အိမ်ခြံမြေ

ရန်ကုန်မြို့ရှိမြို့နယ်များအလိုက် အိမ်ခြံမြေ၊ တိုက်ခန်းများကို ဝယ်ယူ၊ ငှားရမ်း၊ အသစ်ဝယ်လိုသူများ၊ အဆောင်ရှာဖွေနေသူ များအတွက် အသုံးဝင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ တည်နေရာ၊ အမျိုးအစား၊ ဈေးနှုန်း စတဲ့ရှာဖွေချင်တဲ့နေရာကိုရေး သွင်းပြီးရှာဖွေနိုင်ပါတယ်။ မြေပုံကိုအသုံးပြုပြီးလည်း မိမိရှာဖွေလိုသော အိမ်ခြံမြေ၏အနီးအနားတွင် ရှိသောဈေးဆိုင်များ၊ ဘတ်စ်ကားဂိတ်များ ကိုလည်းကြည့်ရှုရ ှာဖွေနိုင်ပါတယ်။ အိမ်ခြံမြေများကိုလည်းစတုရန်းပေအလိုက်ဈေးနှုန်းနှိုင်းယှဉ်ကြည့် နိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

YBS
ရန်ကုန်မြို့တွင်းမှာရှိတဲ့ YBS ယာဉ်လိုင်း နံပါတ် (၁) မှ စ၍ ယာဉ်လိုင်းနံပါတ် (၁၀၀) ယာဉ်လိုင်းများအကုန်ပါရှိပါတယ်။ မြေပုံကိုဖွင့်ပြီးလည်း မိမိနဲ့အနီးဆုံးမှာရှိတဲ့ ကားဂိတ်ကိုလဲရှာဖွေနိုင်ပါတယ်။ မိမိစီးနင်းမည့်မှတ်တိုင်မှ သွားလိုသည့်မှတ်တိုင် တစ်ခုကို ရိုက်ထည့်လိုက်ပါကလည်း စီးနင်းရမည့်ကားလိုင်းနံပါတ်ကအစ အသေးစိတ်ဖော်ပြပေးပါတယ်။

Photo Source- Screenshot by Myanmar Tech Press

ကားနှစ်ဆင့် ပြောင်းစီးရ မယ်ဆိုရင်လည်း စီးရမည့်လမ်းကြောင်းအတိအကျကိုဖော်ပြပေးသလို လမ်းမှာရပ်တန့်မယ့် မှတ်တိုင်အရေအ တွက်၊ ကြာမြင့်ချိန်တွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။
အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.happygogo.consumer