မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထွေထွေကားဝန်ဆောင်မှု Chat Chin Application အကြောင်း

ကားအသုံးပြုသူတိုင်း အဆင်ပြေစေမယ့် CHAT CHIN mobile application တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ CHAT CHIN Application လေးဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အထွေထွေကားဝန်ဆောင်မှု application လေးဖြစ်ပါတယ်။

Photo Source https://web.facebook.com/ChatChinn

Chat Chin App ကို အသုံးပြုခြင်းဖြင့် အောက်ပါအချက်အလက်တွေကို အလွယ်တကူလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
(၁) ကားပျက်မှုများအတွက် အရေးပေါ်အထောက်အပံ့(Roadside Assistance) ချက်ချင်းခေါ်ယူနိုင်ခြင်း။
(၂) နီးစပ်ရာ Car Workshop, Service Center, Car Showroom များကို အလွယ်တကူရှာဖွေနိုင်ခြင်း။
(၃) ကားနှင့်ဆက်စပ်ပစ္စည်း အရောင်းဆိုင်များကို အလွယ်တကူရွေးချယ်နိုင်ခြင်း။
(၄) ကားအသုံးပြုသူအချင်းချင်း၏ အကြံပြုချက်များကို လေ့လာနိုင်ခြင်း။
(၅) နီးစပ်ရာ ဓာတ်ဆီဆိုင်နေရာများကို ဆီကုန်ခံရှာစရာမလိုဘဲ App ထဲတွင် ခဏအတွင်းရှာဖွေနိုင်ခြင်း။
(၆) ကား Showroom များကို ကြည့်ရှုသုံးသပ်နိုင်ခြင်း။
(၇) ကားနဲ့သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများကို အခမဲ့ ကိုယ်တိုင်ထည့်နိုင်ခြင်း စတဲ့ ကားအသုံးပြုသူတို့အတွက် အလွန်အသုံးဝင်တဲ့ features လေးတွေပါဝင်ပြီးတော့ အခမဲ့အကောင့်ဖွင့်နိုင်မှာဖြစ်ပါတယ်။
Car Showroom၊ ကားဝပ်ရှော့၊ Service Center ၊ ကားအပိုပစ္စည်းအရောင်းဆိုင် ဒါမှမဟုတ် ကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှု တွေအနေနဲ့လည်း Chat Chin App နဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ပါသေးတယ်။
CHAT CHIN Application ကို အောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။
Android – https://bit.ly/346tDKN
iOS – https://apple.co/3H7n09K