Apple Watch အသုံးပြုသူများ သိထားသင့်သည့် အကြောင်းအရာများ

Apple Watch ကို အခုမှစသုံးဖြစ်တယ်ဆိုရင် Apple Watch မှာ စာရိုက်ဖို့ကတော်တော်လေးကို အခက်ကြုံတဲ့အ ချက်ဖြစ်ပါတယ်။ ဒါကြောင့် Message Reply ပြန်ချင်တာပဲဖြစ်ဖြစ်၊ App Store မှာ App ကို ရှာချင်တာပဲဖြစ်ဖြစ် Apple Watch မှာ စာရိုက်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/isuremyanmar/posts/2607312946079656

(1) Apple Watch Series 7 မှာ Qwerty Keyboard အသုံးပြုခြင်း
တကယ်လို့ သင့် Apple Watch က နောက်ဆုံးထွက် Series 7 ဆိုရင်တော့ ပိုကြီးမားတဲ့ Screen ကြောင့် iPhone မှာလိုမျိုး Qwerty Keyboard ကို အသုံးပြုနိုင်ပါတယ်။ ဒါက စာရိုက်ဖို့အလွယ်ကူဆုံးဖြစ်မှာပါ။
(2) Scribble App ကို အသုံးပြုခြင်း
နောက်ထပ် Apple Watch မှာ စာရိုက်ဖို့အတွက် App Store မှာရှိတဲ့ Scribble App ကို အသုံးပြုနိုင်ပါတယ်။ ဒီ Scribble App ကို အသုံးပြုမယ်ဆိုရင် စာလုံးတစ်လုံးချင်းစီ ဆွဲပြရမှာဖြစ်ပြီး တခြားသော Symbol တွေကိုပါ ထောက်ပံ့ပေးထားပါတယ်။ မှားရိုက်မိရင်လည်း Delete နဲ့ပြန်ဖျက်နိုင်ပြီး Cursor ကို Digital Crown ကို အသုံးပြုပြီး ရွေ့နိုင်မှာပါ။
(3) Voice Dictation ကို အသုံးပြုခြင်း
တကယ်လို့ Apple Watch ကနေ စာရိုက်ဖို့ လက်မအားတာမျိုး၊ စာကြောင်းအတိုပဲ Reply ပြန်ချင်တာမျိုးဆိုရင်တော့ Voice Dictation က အမြန်ဆုံးဖြစ်မှာပါ။ ဒီအတွက်ကတော့ Microphone Button ကို နှိပ်ပြီး ပြောလိုက်ရုံပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုပြောဆိုဖို့အတွက် Apple Watch ကို Internet ချိတ်ဆက်ထားဖို့တော့ လိုအပ်ပါတယ်။
(4) Quick Replies ကို အသုံးပြုခြင်း
Notification တွေကို Reply ပြန်ဖို့အတွက်ပဲ Apple Watch ကို အသုံးများတယ်ဆိုရင် Quick Replies Feature ကလည်း အဆင်ပြေစေမှာပါ။ Apple ကနေ Default ပြုလုပ်ပေးထားတဲ့ Quick Replies Message တွေကို မကြိုက်ဘူးဆိုရင်လည်း iPhone မှာရှိတဲ့ Watch App ကနေ တစ်ဆင့်ပြင်ဆင်နိုင်ပါသေးတယ်။
(5) Apple Watch မှာ စာရိုက်ဖို့ iPhone ကို အသုံးပြုခြင်း
နောက်ဆုံးနည်းလမ်းကတော့ Apple Watch မှာ စာရိုက်ဖို့ Cursor ချလိုက်တာနဲ့ အနီးအနားမှာ ချိတ်ဆက်ထားတဲ့ iPhone ရှိနေပြီး ပွင့်နေတယ်ဆိုရင် Apple Watch Keyboard Input အတွက် Notification ရရှိမှာဖြစ်ပါတယ်။ အဆိုပါ Notifcation ကို နှိပ်ပြီး iPhone ကနေလည်း Apple Watch ပေါ်မှာ စာရိုက်လို့ရပါတယ်။
အခုပြောသွားတဲ့ နည်းလမ်းလေးတွေကို မကြိုက်ဘူးဆိုရင်လည်း FlickType ၊ WatchKey နဲ့ Shift Keyboard လိုမျိုး Third-party Keyboard တွေကို အသုံးပြုနိုင်ပါတယ်။
Source – isuremyanmar