စကားပြောဆိုမှုအေးဂျင့်

Image Source: https://ar.pinterest.com

Conversational Agent ဆိုတာ လူသားများနှင့် ပြောဆို ဆက်သွယ်ဖို ့အတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ အသံ၊ စာသား များ အသုံးပြုပြီး အမိန် ့ပေးခိုင်းစေနိုင်သည့် Computer System တစ်ခု ဖြစ်ပါတယ်။ Conversational Agents များကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားသော ထုတ်ကုန်အများအပြားလဲ ရှိသည်။ ပြည်တွင်းမှာ အသုံးပြုမူ နည်းပါးသေးပေမဲ့ တိုးတတ်လာသော အနာဂတ် တွင် အသုံးပြုပြီးတိုးတတ်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ အသေးစား လုပ်ငန်းများဖြစ်သော ရုပ်ရှုင် လက်မှတ် ရောင်းချခြင်း၊ ကိုယ်တိုင်ယူစနစ် Self Service အသုံးပြုသော ဆိုင်များတွင် လည်း Conversation Agents များဖန်တီး အသုံးပြုနိုင်သည်။ နိုင်ငံတကာမှ ရင်းနှီး မြုပ်နှံ မူများ၀င်ရောက်လာချိန်တွင် တိုးတတ်သော နည်းပညာများအသုံးပြုပြီး သတင်းအချက်အလတ်များလျင်မြန်စွာ ရယူခြင်း Customer Service ဆောင်ရွက် ပေးခြင်းတို ့တွင် အသုံးပြုနိုင်သည်။Siri, Alexa နဲ ့ Cortana တွေလိုမျိူး Conversational Agents တွေ ဟာ ရာသီဥတု အခြေအနေ သတင်းပေးမူကဲ့သို ့ရိုးရှင်းသော ဖြေကြားမူတွေမှာ စွမ်းဆောင်နိုင်မူ ကောင်းပေမဲ့ ပုံမှန် ယေဘူယျ မကျ တဲ့ မေးခွန်းတွေ နဲ ့ ကိုယ့်ရဲ ့နောက်ဆတ်တွဲ မေးခွန်းတွေမှာတော့ စွမ်းဆောင်နိုင်မူ ကို ရူပ်ထွေး ကျဆင်းစေပါတယ်။
Image Source: https://thelowdown.momentum.asia

ပိုမို တိုးတတ်ကောင်းမွန်တဲ့ စနစ်တစ်ခု အဖြစ်ဖန်တီးနိုင်ရန် အမျိူးမျိူးသော နည်းလမ်းများဖြင့် အဆင်ပြေ ချောမွေ ့ဆုံး Conversational Agents များကို ဖန်တီးနေကြသည်။ Amazon က များပြားတဲ့ လုပ်သားများသုံးပြီး မေးခွန်းတစ်ခုစီတိုင်းအတွက် အမှန်အကန် ဆုံးအဖြေကို မဲပေးစနစ်ဖြင့်ရွေးချယ်ကာ စနစ်ကို ပိုပြီး တိုးတတ် ကောင်းမွန် လာစေဖို ့ ကြိုးစားလျက်ရှိကြတယ်။ Conversational Agents တစ်ခုဖြစ်တဲ့ Evorus ကလဲ မူလမေးခွန်းနှင့် နောက်ဆက်တွဲ အမေးများသော မေးခွန်းများကို ခြေရာခံလိုက်ခြင်းဖြင့် ထပ်မံမေးမြန်းနိုင်သည့် မေးခွန်းအကြံပြုချက်များ ထုတ်ပေးသော နည်းလမ်းဖြင့် စွမ်းဆောင်နိုင်မူကျဆင်းခြင်းကို လျော့ချရန်ကြိုးပမ်းနေသည်။

Image Source: https://blog.cibersys.com

အပြည့်အ၀ Auto စနစ်သုံး Conversational Agents များသည် ရိုးရှင်းသော ပုံမှန်မေးခွန်းများ နှင့် စေခိုင်းချက်များကို အပြည့် အ၀ ဆောင်ရွက်နိုင်ပြီး ဘတ်စ်ကားလမ်းကြောင်း မေးမြန်းခြင်း ကဲ့သို ့သော ကျဉ်းမြောင်းသော နယ်ပယ် များအတွက်လဲ ထိထိ ရောက်ရောက် အသုံးချနိုင်သည်။ တချို ့သော Conversational Agents များသည် ပိုမို ကောင်းမွန်စေရန် စနစ်အတွင်း လူသားများကို ပါ ပြန်လည်ဖြေကြားစေသော စနစ်ကို အသုံးပြုသောအခါ ထိရောက်စွာ တိုးတတ်သော်လည်း ငွေကြေး ကုန်ကျမူ များပြားစေသည်။ Conversational Agents များ၏ စနစ်အတွင်း လူသားများထည့်သွင်းပါ၀င်ခြင်းသည် မမှန်ကန် မသင့်လျော်သော အကြောင်းအရာများအတွက် အသုံးပြု သူများကိုလည်း လျော့ကျစေနိုင်သည်။

ယခုအခါတွင် Social Network များတွင် အသုံးပြုနေသော Chatbots များသည်လည်း Conversational Agents များဖြစ်ကြသည်။ သို ့သော် တိကျသေချာသော သတင်း အချက်အလက် မေးမြန်းခြင်းများကို ဖြေကြားနိုင်သော အဆင့်သို ့မရောက်ရှိသေးပဲ ကြိုတင်ပြင်ဆင်ထားသော ရိုးရှင်းသော ပုံမှန်ဖြစ်သည့် မေးခွန်းများအတွက် သာ အဆင်ပြေနိုင်သေးသည်။ အမျိူးမျိူးသော အိုင်တီပစ္စည်းများတွင် Conversational Agents များကို ထည့်သွင်း အသုံးပြုလာကြပြီး ပိုပိုပြီး တိုးတတ်ကောင်းမွန်ပြည့်စုံအောင်ဆောင်ရွက်လာကြသည်။ အသုံးပြုမူ အများဆုံးနှင့် အသုံးပြုသူနှင့်ထိတွေ ့မူအများဆုံး Conversational Agents များမှာ Mobile Phone များတွင် ပါ၀င်သော Siri ကဲ့သို ့သော Agents များဖြစ်ပြီး Internet မှတဆင့် Data များရယူဖြေကြားနိုင်သောကြောင့် အထိရောက်ဆုံး Agents များဖြစ်သည်။
Image Source: http://feber.se

Conversational Agents များ အသုံးပြုခြင်းသည် တဖြည်းဖြည်းတိုးတတ်လာသော အနာဂတ်တွင် မရှိမဖြစ် ဖြစ်လာမှာဖြစ်ပြီး Search Engine များမှတဆင့် သတင်းအချက်အလက် ရယူခြင်းမျိူးကိုလဲ ပိုမို မြန်ဆန်ထိရောက်လာစေနိုင်မှာဖြစ်သည်။ Science fiction ရုပ်ရှင် ဇာတ်လမ်းများတွင် ပါ၀င်သော Conversational Agents များနှင့် ဆက်သွယ်ပြောဆို ဆောင်ရွက်နိုင်မူများသည် အနာဂတ်တွင် အမှန်တကယ်ဖြစ်ပေါ်လာနိုင်ပြီး လူသားတို ့ ကို ပိုမိုပြီး အကျိူးပြုလာနိုင်ပေမည်။
ပြည်တွင်းမှာ အသုံးပြုမူ နည်းပါးသေးပေမဲ့ တိုးတတ်လာသော အနာဂတ် တွင် အသုံးပြုပြီးတိုးတတ်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။ အသေးစား လုပ်ငန်းများဖြစ်သော ရုပ်ရှုင် လက်မှတ် ရောင်းချခြင်း၊ ကိုယ်တိုင်ယူစနစ် Self Service အသုံးပြုသော ဆိုင်များတွင် လည်း Conversional Agents များဖန်တီး အသုံးပြုနိုင်သည်။ မြန်မာနိုင်ငံရှိ Iphone အသုံးပြု သူ Apple User များအနေ ဖြင့် Siri ကို စမ်းသပ် အသုံးပြုနိုင်ပြီး Android အသုံးပြု ဖုန်းများတွင်လည်း Google Search တွင် Voice Command အသုံးပြုပြီး Conversional Agents များကို စမ်းသပ် အသုံးပြုနိုင်သည်။

ဖြူ