သားသားမီးမီးတို့အကြိုက်တွေ့စေမယ့် Telenor ရဲ့ ‘D-magic Portal’

တိုးတက်လာတဲ့ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာငယ်ရွယ်တဲ့ ကလေးငယ်တွေအတွက်လဲ ဖျော်ဖြေရေး အစီအစဉ်များက ပေါ်များလာပါတယ်။ ဂိမ်းတွေပဲဆော့မလား ကာတွန်းပဲကြည့်မလား အားလုံးကို အလွယ်တကူပြုလုပ်နိုင်လာကြတာကို မေမေတွေကော သားသားမီးမီးတို့လဲ အသိဖြစ်မှာပါ။ ဥပမာ- Facebook ပေါ်မှာ Keyword တစ်ချို့ကိုရိုက်ထည့်လိုက်တာနဲ့ပဲ ကာတွန်းတွေ ဗီဒီယိုဖိုင်တွေကို မျက်စိတစ်မှိတ်အတွင်းမှာ အလွယ်တကူပဲကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အလွယ်တကူရတဲ့ Content တိုင်းက ကလေးတွေအတွက် သင့်တော်တယ်လို့ပြောလို့မရပါဘူး။ တစ်ချို့ ဗီဒီယိုတွေ ဂိမ်းတွေမှာပါဝင်တဲ့ Content တွေက ငယ်ရွယ်တဲ့ ကလေးသူငယ်များကို အယူအဆမှားတွေ၊ အတွေးအခေါ်တွေမှားတွေ ဝင်ရောက်ပျံ့နှံ့စေပြီး ကလေးများအသက်အရွယ်နဲ့ မကိုက်ညီတဲ့အရာများ ပါဝင်တက်ပါတယ်။ ဒီလိုဆိုရင်တော့မိဘတွေက မိမိကလေးတွေကို စိတ်ချယုံကြည်ရတဲ့ Contentများနှင့်သာ ကန့်သတ်ပြီး ကြည့်ရဆော့ကစားခွင့်ပေးသင့်ပါတယ်။

Photo Source – https://www.telenor.com.mm/

Telenor ကနေပြီး မြန်မာနိုင်ငံကိုပြီးခဲတဲ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး Mobile content portal ကိုယူဆောင်လာခဲ့ပေးပြီဖြစ်ပါတယ်။ ထို Portal က Disney Portal တစ်ခုဖြစ်ပြီး မတူညီတဲ့ရာပေါင်းများစွာသော အကောင်းဆုံး Content တွေကို ဒေါင်းလုပ်လုပ်ခြင်း ဆော့ကစားခြင်းတို့ကိုပြုလုပ်လို့ရရှိနိုင်တဲ့ မြန်မာ့အကြီးဆုံးသော၊ Brand တံဆိပ်ပေါင်းများစွာကိုရွေးချယ်စရာအများဆုံးသော Portal တစ်ခုဖြစ်ပါတယ်။ မြန်မာမှာရှိတဲ့ telenor အသုံးပြုသူများဟာ ထို D-Magic အမည်ရှိတဲ့ Platform မှာ မိမိကြိုက်နှစ်သက်တဲ့ Disneyဇာတ်ကောင်းများရဲ့ အက်ပလီကေးရှင်းများကို အသုံးပြုခြင်း၊ ဂိမ်းများကိုဆော့ကစားခြင်း၊ Live Wallpaper များရယူခြင်း နဲ့ ှStory Book များဖတ်ရှုခြင်းများကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ မြန်မာမှာရှိတဲ့ ပရိသတ်များအနေနဲ့ကတော့ Disney ဆိုတာ အဆန်းတကြယ် မဟုတ်သလိုအားလုံးလဲသိပြီးသားဖြစ်မှာပါ။ အခုမိဘအရွယ်ရောက်နေတဲ့ လူကြီးတွေကိုယ်တိုင် ငယ်ငယ်တုန်းက ကြည့်ရှခဲ့ရတဲ့ Mickey Mouse မှအစ အခု သားသားမီးမီးတို့ကြားခေတ်စားနေတဲ့ Frozen, Ralph Breaks the Internet အထိ ခေတ်အဆက်အဆက် ကလေးတွေရဲ့ စိတ်ကူးအိပ်မက်များကို စတင်အကောင်အထည်ဖော်ပေးခဲ့တဲ့ ကာတွန်းဇာတ်ကောင်များဖြစ်ပါတယ်။ Disneyတင်ပဲလား?မဟုတ်ပါဘူး Disney ရဲ့အခွဲများဖြစ်သော Pixar, Marvels, Starwars တို့လဲပါဝင်တာမို့ သားသားတို့ကိုလဲ Spiderman, Captain America တို့နဲ့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ Disney, Marvel, Star Wars, Pixel တို့မှ Content ပေါင်း ၂၅၀ကျော်နဲ့ အပတ်စဉ် အသစ်သစ်သော Content များကို ပရိသတ်များ လက်ထဲအရောက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။

Photo Source – https://www.telenor.com.mm/

Disney ကိုကြိုက်နှစ်သက်သူများမှာ ကလေးများသာမက အသက်အရွယ်မရွေးပါဝင်ကြပါတယ်။ ထိုအကြောင်းအရာနဲ့ ပက်သက်ပြီး Telenor Myanmar ရဲ့ Chief Marketing Officer ဖြစ်သူ Amaresh Kumar မှ “ အသက်အရွယ်မရွေး Disney ဇာတ်ကောင်များကိုကြိုက်နှစ်သက်ကြပါတယ်။ D-magic platform နဲ့ ချိတ်ဆက်ပြီး မြန်မာမှာရှိတဲ့ တယ်လီနော အသုံးပြုသူများက ကိုယ်ကြိုက်နှစ်သက်တဲ့ Disneyဇာတ်ကောင်တွေကို နေ့စဉ်ဘဝမှာထဲကို ဆွဲခေါ်လာနိုင်ပြီး ငယ်စဉ်ဘဝကို အမှတ်ရစရာတွေကို ပြန်လည်အသက်သွင်းနိုင်မှာပါ” ဟု D magic platform ကို လူကြီးလူငယ်ပါအသုံးပြုနိုင်ကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။

Photo Source – Screenshots by Myanmar Tech Press

ထို D-magic platform ကို မြန်မာနိုင်ငံရှိတယ်လီနော အသုံးပြုသူများက တစ်ပတ်လျှင် ၃၁၅ ကျပ်ထဲနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဧပြီလ ၁၀ရက်နေ့မတိုင်ခင် အသုံးပြုသူများအတွက် စစချင်းအသုံးပြုလျှင် တစ်ပတ်အခမဲ့ရရှိမှာဖြစ်ပြီး ထို့နောက် auto-renewal ပြုလုပ်သွားမှာဖြစ်ပါတယ်။
D-Magic ကို အသုံးပြုခြင်းဖြင့်
• Disney အွန်လိုင်းဂိမ်းတွေကိုအခမဲ့ဆော့ကစားခွင့်ရရှိခြင်း
• အပတ်စဉ် Content Credits ၄ခုရရှိုခြင်း
• ရရှိထားသည့် Credit များနှင့် မိမိကြိုက်နှစ်သက်သည့် Content ကို ဒေါင်းလုပ်ဆွဲခြင်း သို့မဟုတ် စုဆောင်းထားနိုင်ခြင်း
• ရာပေါင်းများစွာသော ဂိမ်းများ၊ အက်ပလီကေးရှင်းများ၊ ဓာတ်ပုံများနှင့် အခြားသော အခန်းကဏ္ဍများကို သင့်မိုဘိုင်းဖုန်းတွင်ရရှိနိုင်ခြင်း
• အပတ်စဉ် အသစ်အသစ်များနှင့် ဒယ်ဒီမှရွေးချယ်ပေးချက်များကိုရရှိနိုင်ခြင်း
• ဒေတာအသုံးပြုမုကိုကောက်ခံခြင်း
• အများစုသော ဖိုင်များသည် ဖိုင်size ၅၀MB နှင့်အောက်တွင်သာ ရှိခြင်း
• မည်သည့်အချိန်မဆို အပိုကောက်ခံကြေးများမပေးရဘဲ ထွက်ခွာနိုင်ခြင်း
• MyAccount page မှာအချိန်မရွေး Unsubscribe ပြုလုပ်နိုင်ခြင်း
• တစ်ပတ်လျှင် ၃၁၅ ကျပ်သာ ကျသင့်ခြင်း
စတဲ့အကျိုးကျေးဇူများကိုရရှိသွားမှာဖြစ်ပါတယ်။

Disney Portal ကိုရယူလိုပါက ဦးစွာဖုန်းက Wifi ကိုပိတ်ပြီးသင့် Mobile Service Network က Clup ကိုဝင်ပါ။ ပြီးရင် အပေါ်ဘက်က Banner၊ သို့မဟုတ် “ Join Now” link, “Join the club” ဒါမှမဟုတ် Any Join ခလုပ်ကိုနှိပ်ပါ။ လမ်းညွှန်မှုအတိုင်းဆက်လုပ်သွားပါ။ ပြီးရင် Join Now, Subscribe and Save, Yes, I want to join D-magic စတဲ့ခလုပ်တစ်ခုခုကိုနှိပ်ပါ။ ပြီးနောက် သင့် ဖုန်းနံပါတ်ကိုပေးထားတဲ့ ကွက်လပ်မှာဖြည့်ပါ။ အတည်ပြုကြောင်း သင့်ဖုန်းကို SMS ပြန်ပို့ပေးပါလိမ့်မယ်။ ပြီးတာနဲ့ Disney Club ရဲ့ အသင်းဝင်ဖြစ်သွားပါပြီ။
အသေးစိတ်သိရှိလိုပါက- https://www.telenor.com.mm/my/personal/disney