ဟင်းချက်ဝါသနာပါသူတွေ ဆောင်ထားရမည့် Mobile Application (၃) ခု

 

ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် တချို့ကဟင်းချက်တာကို အရမ်းကိုဝါသနာပါကြပါတယ်။ အလုပ်နားရပ်အား လပ်ချိန်တွေဆိုရင် အိမ်မှာမိသားစုဝင်တွေကို လက်စွမ်းပြချက်ပြုတ်ပေးတတ်ကြသလို အသစ်အဆန်းဟင်းလျာတွေချက် ပြုတ်ဖို့ ကိုယ်တိုင်ဈေးသွားပြီးလည်း ဝယ်ကြတဲ့သူတွေတောင်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း ကိုယ်ချက်ပြုတ်ချင်တဲ့ ဟင်းလျာ အသစ်အဆန်းတွေကို အမြဲတမ်းလိုလိုစူးစမ်းရှာဖွေနေတတ်တာကလည်း သဘာဝပါပဲ။ ကိုယ်မချက်ဖူးတဲ့ဟင်းလျာတွေကို အရသာရှိအောင်စမ်းသပ်ချက်ပြုတ်ချင်ကြည့်ချင်တဲ့အတွက် ဟင်းချက်နည်းအသစ်အဆန်းတွေကို စာအုပ်တွေဖတ်ပြီးဖြစ်စေ၊ အင်တာနက်အသုံးပြုပြီးဖြစ်စေ ရှာဖွေတတ်ကြပါတယ်။

အိမ်ရှင်မတွေအတွက်လည်း မိသားစုအတွက် နေ့စဉ်ချက်ပြုတ်ပေးနေတဲ့ဟင်းလျာတွေက ရိုးအီလာလို့ဟင်းလျာအသစ် အဆန်းတွေရှာဖွေချက်ပြုတ်စေချင်တဲ့ ဆန္ဒတွေရှိကောင်းရှိကြပါလိမ့်မယ်။ ခင်ပွန်းနဲ့သားသမီးတွေအတွက်မြန်မာမုန့်လုပ် နည်းလေးတွေပါသိထားတော့ အိမ်မှာပဲပြုလုပ်ပြီး သားသား၊ မီးမီးတွေကို ကျွေးမွေးချင်တဲ့ အိမ်ရှင်မတွေလည်းရှိကြပါတယ်။ အဲ့ဒီအတွက်လည်း ဟင်းချက်နည်းအသစ်အဆန်းတွေနဲ့ မုန့်ပြုလုပ်နည်းလေးတွေက သိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အဲ့ ဒါကြောင့် ဟင်းချက်ဝါသနာပါသူတွေ၊ အိမ်ရှင်မတွေအနေနဲ့ဟင်းချက်နည်းအသစ်တွေကို အလွယ်တကူရှာဖွေချက် ပြုတ်နိုင်အောင် တစ်စုံတစ်ခုတော့ ရှိထားဖို့လိုပါတယ်။

ယနေ့ခေတ်မှာ ဖုန်းတွေလူတိုင်းကိုယ်စီကိုင်ဆောင်နိုင်လာတာနဲ့အညီ Mobile Application တွေသုံးပြီး ကျန်းမာရေးဆိုင်ရာ တွေ၊ ဗဟုသုတစာပေဖတ်ရှုခြင်း စတဲ့အရာတွေကို ဆောင်ရွက်လာကြသလို ကောင်းမွန်တဲ့ဟင်းချက်နည်းအသစ်တွေကို လည်း Mobile App တွေကနေသုံးစွဲလာကြပါပြီ။ ဟင်းချက်ဝါသနာပါသူတွေ၊ အိမ်ရှင်မတွေအတွက် သုံးရလွယ်ကူပြီး ဟင်းချက်ပြုတ်ရာမှာ အထောက်အကူဖြစ်စေမယ့် Mobile Application (၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source – Screenshot by Myanmar Tech Press
(၁) စားကြမယ်ဟေ့ ကောင်းကောင်း App
ဒီ Mobile Application မှာတော့ မြန်မာမုန့်မျိုးစုံ၊ မြန်မာအစားအစာ၊ သားသတ်လွတ်ဟင်း၊ အခြားမုန့်မျိုးစုံ၊ အသားဟင်းချက် နည်းများ၊ အသီးအရွက်ကြော်နည်းများ၊ အသုတ်မျိုးစုံတို့ကို ပြုလုပ်ပုံအဆင့်ဆင့်ဖြင့် ဖော်ပြပေးထားပါတယ်။ အိမ်ရှင်မများ၊ ဟင်းချက်ဝါသနာပါသူများ အဓိကဆောင်ထားသင့်တဲ့ App ပဲဖြစ်ပါတယ်။

Photo Source – Screenshot by Myanmar Tech Press
(၂) 101 Myanmar Foods Recipes App
ဒီ Mobile Application ကတော့ ဟင်းချက်နည်းပေါင်း တစ်ရာကျော်ကိုဖော်ပြထားပြီး အသုပ်အမျိုးမျိုး၊ တရုတ်ဟင်းလျာများ၊ ပန်းသေးရိုးရာအစားအစာများ၊ မြန်မာဟင်းများ၊ ဟင်းချိုအမျိုးမျိုး၊ ခေါက်ဆွဲချက်နည်းများ၊ ထောပတ်ပြုလုပ်နည်း၊ ပေါက်စီပြု လုပ်နည်း၊ နွားနို့ခဲပြုလုပ်နည်း၊ နို့ဆီချက်နည်းများကိုပါ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဥရောပ စတဲ့နိုင်ငံတွေရဲ့ အစားအစာတွေကိုလည်း အလွယ်တကူကြည့်ရှုချက်ပြုတ်နိုင်စေရန် ထည့်သွင်း ဖော်ပြထားပါတယ်။ စာဖတ်တဲ့သူတွေအဆင်ပြေစေအောင် Font ကို ပြန်လည်ပြုပြင်ပေးထားတဲ့အတွက် အဆင်ပြေစေ ပါတယ်။

Photo Source – Screenshot by Myanmar Tech Press
(၂) Hinchatmal App
ဒီ Mobile Application ကတော့ Email ဖြင့်ဖြစ်စေ၊ Facebook Account ဖြင့်ဖြစ်စေ ဝင်ရောက်နိုင်ပြီး ဟင်းချက်နည်းများစွာ ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။ ဟင်းချက်ဝါသနာပါတဲ့သူတွေဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပါပြီး မိမိချက်ပြုတ်ထား တဲ့ဟင်းလျာတွေကို ကိုယ်တိုင်ဓာတ်ပုံရိုက်ကာ ဖော်ပြပေးနိုင်ပါသေးတယ်။ အခြားသူများရဲ့ ဟင်းချက်နည်းအစုံအလင်ကို လည်းဝင်ရောက်ဖတ်ရှုနိုင်တဲ့အတွက် အသုံးဝင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
အောက်ပါ Link များမှ Install ပြုလုပ်နိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.myanmardevapps.sarkyamalheykgkg

https://play.google.com/store/apps/details?id=com.myanplaystore.myanmarfood

https://play.google.com/store/apps/details?id=com.nyanwin.hinchatmal