ရေဒီယိုနားဆင်လိုသူများအတွက် MI Radio application

ကားသွားနေရင်း ရေဒီယိုမှာလာတဲ့ သီချင်းလေးက သင့်ကို အမှတ်တရတွေဆ ီ ပြန်လည်ခေါ်ဆောင်သွားတာမျိုးကို ကြုံတွေ့ဖူးလား၊၊ သင်ခံစားနေတဲ့ ခံစားချက်နဲ့ လိုက်ဖက်တဲ့ သီချင်းက ရေဒီယိုမှာ လွင်နေ့လိုစာသားတွေက ရင်ထဲရောက်ပြီး ကိုယ်တိုင်တောင်မသိလိုက်ဘဲ လိုက်ညည်းမိတာမျိုးကော ဖြစ်ဖူးလား။ တစ်ခါတစ်လေတော့လဲ စာရေးသူုတို့ဟာ ကိုယ်တိုင်သီချင်းတွေကို ရွေးချယ်ပြီး သီချင်းတွေကို ဖွင့်နားဆင်လို့ရသော်ငြားရေဒီယိုက တင်ဆက်ပေးတာကို အရသာခံကြိုက်နှစ်သက်ကျသူများ ဖြစ်တက်ကြပါတယ်။ လူအများနဲ့ အတူရှိနေတဲ့အချိန်မျိုးကျ သိသာပင်မဲ့ တစ်ယောက်ထဲရှိနေတဲ့ အချိန်မျိုးကျ ဟိုင်းဝေးလမ်းမပေါ်မှာ ကားမောင်းနေရင်ပဲဖြစ်ဖြစ် အိမ်မှာတစ်ယောက်ထဲ ရှိနေတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အားလပ်ရက်မှာ စာအုပ်လေးတစ်အုပ်နဲ့ ကုတင်လေးပေါ်မှာလဲ လှဲနေတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် ရေဒီယိုလေးဖွင့်ထားမယ်ဆိုရင်တော့ လေလှိုင်းပေါ်က အမည်မသိသူတစ်ဦးက သင့်ကို အဖော်ပြုနေသလိုမျိုးခံစားရေစေမှာပါ။ ယခုဆိုရင်တော့ အရင်ကလို ရေဒီယိုစက်ကြီးကိုယူုပြီး အနားထား လိုင်းမိတဲ့နေရာမျိုးကိုပြေးသွားပြီး နားထောင်စရာမလိုတော့ပါဘူး။ အိမ်မှာပဲ application download ဆွဲထားလိုက်မယ်ဆိုရင်တော့ ရေဒီယိုကို ကိုယ်တိုင်နားဆင်နိုင်ပြီဖြစ်ပါတယ်။

Photo Source- https://bit.ly/2Ip8gr8

Myanmar International Radio application မှာဆိုရင် အဓိက DJ 10ယောက်နဲ့အတူ သင့်ရဲ့တစ်နေ့တစ်နေတာကို နားသောတဆင်ရင်း ဖြတ်သန်းသွားဖို့ အစီအစဉ်တွေကို မရပ်မနားတင်ဆက်ပေးသွားမှာပါ။ DJ များကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Supermodel DJ May Myat Noe, ရုပ်လဲချော အသံလဲကောင်းတဲ့ DJ Russell, DJ Mark Griffiths, အရမ်းမိုက်တဲ့ DJ Jessica Dada, DJ Mayzin, Dj Chris, DJ Andros, DJ Sai, DJ HENRY, DJ Neszel, DJ Mas, DJ Chan နဲ့ DJ Loom တို့ပဲဖြစ်ပါတယ်။ Shows တွေအနေနဲ့ကတော့ DJ May Myat Noe နဲ့ အချစ်ဆုံးသူငယ်ချင်း BFF shows, ညနေဘက် ရုံးအဆင်း အိမ်ပြန်ပြေးတဲ့ အချိန်တွေမှာနားဆင်နိုင်ဖို့ DJ Russell ရဲ့ Home Run, DJ Mark Griffiths ရဲ့ မနက်တိုင်းလို တင်ဆက်သွားမယ့် Slow English နဲ့ စနေတနင်္ဂနွေညနေပိုင်းတွေအတွက် MI Gold, မနက်တိုင်းလိုလို သင်နဲ့ အတူနိုးထစေမယ့် DJ Sai နဲ့ DJ Andros ရဲ့ MI Morning, မနက်ကနေ နေ့လည်စားချိန်တွေမှာ နားဆင်နိုင်မယ့် DJ Mayzin ရဲ့ Brunch Time, မြန်မာနိုင်ငံမှာ တစ်နေ့တာဖြစ်ပေါ်သမျှသတင်းတွေကို တင်ဆက်ပေးမယ့် DJ Henry Zin ရဲ့ Myanmar Today, EDM သီချင်းကြိုက်နှစ်သက်သူများအတွက် အမိုက်စား တေးဂီတတွေနဲ့ တစ်နေ့တာ ပင်ပန်းသမျှတွေကို ဖြေဖြောက်နိုင်ပြီး ပျော်ရွင်စရာအချိန်တွေကို ပိုင်ဆင်နိုင်မယ့် DJ Mas ရဲ့ MI MIX, စနေတနင်္ဂနွေအားလပ်ရက်တွေမှာ သောတရှင်တွေရဲ့ တောင်းဆိုသမျှအကြောင်းအရာတွေကို တင်ဆက်ပေးသွားမယ့် DJ Chan ရဲ့ Weekend Request၊ အကြံဉာဏ်ကောင်းများပေးမယ့် DJ Chris ရဲ့ Opinion Leaders, ဘာသာရေးနဲ့ စိတ်နှလုံးအေးချမ်းစေဖို့ DJ Jessica ရဲ့ Footsteps of Buddha, Wisdom of the Dhamma, စီးပွားရေးအတွက် DJ Neszel ရဲ့ Business Trip, Food for thought, MI Backpacker, Topic of the Week, Late lunch, Mi generation နဲ့ Groove Session တို့ကို ရက်သတ္တပတ်လုံး မနက်၆နာရီကနေ ည ၁၂နာရီထိ ဆက်တိုက်တင်ဆက် နားဆင်နိုင်မှာဖြစ်ပါတယ်။

Photo Source- http://miradio.com.mm/

Application မှာဆိုရင် မိမိနှစ်သက်တဲ့ DJ တွေရဲ့ ှ Show တွေကိုမလွတ်တမ်းနားဆင်နိုင်အောင် တစ်ပတ်တာရဲ့အချိန်ဇယားတွေကိုကြိုတင်ကြည်ရှုနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးရသတင်းများနဲ့ ဗီဒီယိုများကိုလဲ ကြည့်ရှုနိုင်ပြီး တစ်နေ့တာရဲ့ မနက်တိုင်းတွေကို ရေဒီယိုနားဆင်နိုးထချင်လိုသူများအတွက်လဲ အလိုလိုဖွင့်လိုရအောင်ဆောင်ရွက်လို့ရတဲ့ Set Alarm လုပ်လို့ရအောင် ထားရှိပေးထားပါတယ်။ MIR radio ကို Free to Air နားဆင်နိုင်ပြီး Application နဲ့ Website အပြင် Radio မှာနားဆင်ချင်တယ်ဆိုရင်တော့ ရန်ကုန်မှာဆိုရင် 96.1 MHZ, မန္တလေးမှာဆိုရင် 96.5 MHZ နဲ့ နေပြည်တော် မှာဆိုရင် 96.7 MHZ မှာနားဆင်နိုင်ပါတယ်။ ဒါ့အပြင် Website မှာဆိုရင် podcasts တွေကိုပါနားဆင်နိုင်ပြီး အစီအစဉ်အားလုံးကို အင်္ဂလိပ်ဘာသာနှင့် တင်ဆက်ခြင်းဖြစ်ပါတယ်။

ဒေါင်းလုပ်ပြုလုပ်လိုပါက
Google Play Store- https://play.google.com/store/apps/details?id=com.monnect.mir&hl=en
Apple Store- https://itunes.apple.com/sg/app/myanmar-intl-radio/id1155425019?mt=8

အသေးစိတ်ကြည့်ရှုရန်
Website Link-http://miradio.com.mm/