လူကြိုက်များသည့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများရောင်းချရာ Online Shopping များအကြောင်း

ခုနောက်ပိုင်း မြန်မာပြည်တွင်းမှာ နည်းပညာပိုင်းဆိုင်ရာပစ္စည်းအသစ်အဆန်းတွေဟာ နေ့စဉ်နဲ့အမျှဆိုသလိုတစ်ခုပြီးတစ်ခု ထွက်ပေါ်နေပါတယ်။ အဲ့ဒီအထဲကမှ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးအသစ်အဆန်းလေးတွေပါလာရင် အပြေးတပိုင်းသွားဝယ် တတ်ကြသလို ဝါသနာအရဝယ်ပြီးသိမ်းထားတတ်ကြတဲ့သူတွေလည်းရှိပါတယ်။ အချို့နည်းပညာပိုင်းဆိုင်ရာပစ္စည်းဆန်း လေးတွေကလည်း ကိုယ့်လုပ်ငန်းကိစ္စတွေမှာ အသုံးဝင်သလို အိမ်အသုံးအဆောင်အတွက်အရေးပါတဲ့ ပစ္စည်းမျိုးတွေဖြစ်နေ တတ်တာမို့ ကိုယ့်အတွက်အသုံးမဝင်ဘူးဆိုတာလည်း မရှိနိုင်ပါဘူး။

Photo Source – https://pxhere.com/en/photo/1445129

သေးငယ်တဲ့အရွယ်အစားနဲ့ပြုလုပ်ထားတဲ့ IT ပစ္စည်းတွေကလည်း ခုနောက်ပိုင်းမှာလူစိတ်ဝင်စားမှုပိုမိုမြင့်တက်လာခဲ့သလို လူကြီး၊ လူငယ်တွေအာလုံးလည်းအကြိုက်တွေ့လာစေပါတယ်။ သေးငယ်ပေါ့ပါးတဲ့အတွက်ကြောင့်လည်း သက်ဆိုင်ရာလုပ် ငန်းနယ်ပယ်တွေမှာ အသုံးဝင်သလို သယ်ယူတဲ့အခါမှလည်း ပေါ့ပါ့းစေတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ နောက်ပြီး လူ ငယ်အချို့အနေနဲ့ နည်းပညာပစ္စည်းအသစ်အဆန်းတွေကို အပျော်တမ်းဝယ်ယူစမ်းသပ်သုံးကြည့်ချင်တဲ့သူတွေရှိသလို ဝါသ နာအရ မိမိသဘောကျတဲ့ နည်းပညာပစ္စည်းအဆန်းအသစ်တွေကို ရှာဖွေဝယ်ယူတတ်ကြတဲ့သူတွေလည်းရှိပါတယ်။

မီးဖိုချောင်ရဲ့ချက်ပြုတ်ရေးကိစ္စတွေကို ပိုမိုမြန်ဆန်စွာပြီးမြောက်အောင်ကူညီပေးနိုင်တဲ့ အသစ်အဆန်းပစ္စည်းလေးတွေကို လည်း အိမ်ရှင်မတွေအကြိုက်တွေ့စေသလို စက်မှုနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကားနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့ သူတွေအတွက်လည်း အသုံးတည့်မယ့်ပစ္စည်းဆန်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။
လူစိတ်ဝင်စားမှုများပြားလာတဲ့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေက အရောင်းဆိုင်တွေမှာရှိတတ်ကြတယ်ဆိုပေမယ့် Social Media ခေတ်စားလာပြီးတဲ့နောက်ပိုင်း Online Shopping တွေကနေအရောင်းပိုသွက်ကြပါတယ်။ Online Shopping တွေက နယ်မြို့တွေက စိတ်ဝင်စားပြီးဝယ်လိုသူတွေအတွက်လည်း အိမ်အရောက်၊ ကားဂိတ်အရောက်အထိ ပို့ဆောင်ရောင်း ချလို့ရတဲ့အတွက် ဝယ်ယူလိုသူအတွက်များစွာအဆင်ပြေစေပါတယ်။

 

ခုဖော်ပြမယ့် Online Shopping Page တွေကတော့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေအပြင် အခြားအသုံးဝင်လွန်းသည့် အထောက်အကူပြုပစ္စည်းများ၊ အိမ်ရှင်မများအကြိုက် မီးဖိုချောင်သုံးပစ္စည်းဆန်းများ၊ လုပ်ငန်းသုံးပစ္စည်းဆန်းများကို ဖော်ပြ ရောင်းချပေးနေတဲ့ လူကြိုက်များတဲ့ Online Shopping Page တွေပဲဖြစ်ပါတယ်။

Photo Source – Screenshot By Myanmar Tech Press

(၁) MAX Online Shopping
MAX Online Shopping Facebook Page ကတော့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ အကြီး၊ အလတ်၊ အသေး စတဲ့အရွယ် အစားမျိုးစုံပစ္စည်းတွေကို တစ်နေရာတည်းမှာတင်စုံလင်စွာနဲ့ ရောင်းချနေတဲ့ Online Shopping Page တစ်ခုလည်းဖြစ်ပါ တယ်။ မမြင်ဖူးမတွေ့ဖူးတဲ့ နည်းပညာဆိုင်ရာပစ္စည်းဆန်းတွေပါဝင်သလို စပိုင်ကင်မရာအသေးစား၊ သေးငယ်တဲ့ CCTV ကင် မရာ၊ ဖုန်းနာရီ၊ ဖုန်းဘော့ပင်၊ Bluetooth ပါတဲ့ဦးထုတ်၊ ကားနဲ့သက်ဆိုင်တဲ့ နည်းပညာပစ္စည်းဆန်းတွေအပြင် အခြား ထူးခြားတဲ့ ပစ္စည်းဆန်းတွေကို ရောင်းချပေးတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာပစ္စည်းအသစ်အဆန်း တွေကိုစိတ်ဝင်စားဝါသနာပါသူတွေအတွက်တော့ သိထားသင့်တဲ့ Page တစ်ခုလည်းဖြစ်ပါတယ်။ ဒီ Page ကို Follow လုပ် ထားသူ (၁၀) သိန်းကျော်အထိရှိနေပြီးလည်းဖြစ်ပါတယ်။
အောက်ပါ Link မှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/maxonline.myanmar/

Photo Source – https://www.facebook.com/yduckonlineshopping/

(၂) Yduck Online Shopping
Yduck Online Shopping ကလည်း အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာပစ္စည်းတွေအပြင် ကင်မရာအသေးစားများ၊ လုပ်ငန်း သုံးရှားပါးပစ္စည်းများ၊ မီးဖိုချောင်သုံး ရှားပါးပစ္စည်းများ၊ အိမ်ခန်းတွင်းသုံးပစ္စည်းများ၊ ကားအလှဆင်ခြင်းနဲ့ပတ်သက်တဲ့ အသုံး ဝင်ပစ္စည်းများကိုပါရောင်းချပေးတဲ့Page တစ်ခုလည်းဖြစ်ပါတယ်။ နည်းပညာပစ္စည်းဝယ်ယူလိုသူတွေအနေနဲ့ ဒုတိယမြောက် သိထားသင့်တဲ့ Page တစ်ခုမှာပါဝင်နေပါတယ်။ဒီ Page ကို Follow လုပ်ထားသူကတော့ (၃)သိန်းကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/yduckonlineshopping/

Photo Source – https://www.facebook.com/bestieonline/?

(၃) Bestie Online Store Myanmar
Bestie Online Store Myanmar Online Shopping Page မှာတော့ လတ်တလောလူကြိုက်များတဲ့ပစ္စည်းတွေအပါအဝင် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများနဲ့ အခြားလူသုံးကုန်ပစ္စည်းဆန်းများကို ဖော်ပြရောင်းချပေးနေတဲ့ Online Shopping Page တစ်ခုလည်းဖြစ်ပါတယ်။ ခေတ်မှီလှပသောနာရီနဲ့ဆန်းသစ်တဲ့လူသုံးကုန်ပစ္စည်း၊ နည်းပညာအသုံးပြုလုပ်ငန်းအထောက်အ ကူပြုပစ္စည်းများစွာရောင်းချပေးလျက်ရှိပါတယ်။ ဒီ Page ကိုတော့ Follow လုပ်ထားသူ (၃) သိန်းနီးပါးရှိနေပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/bestieonline/?

Photo Source – https://www.facebook.com/bcsmyanmarcctv/?

(၄) BCS Myanmar Online Market
BCS Myanmar Online Market မှာတော့ ကင်မရာနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအပြင် အခြားနည်းပညာဆိုင်ရာပစ္စည်းအမျိုးအ စားပေါင်းများစွာထည့်သွင်းရောင်းချပေးတဲ့ Online Shopping Page တစ်ခုလည်းဖြစ်ပါတယ်။ ရာသီအလိုက်လူကြိုက်များ တဲ့ပစ္စည်းတွေအပြင် အခြားဆန်းသစ်တဲ့ပစ္စည်းမျိုးစုံကိုလည်း ဖော်ပြရောင်းချပေးတဲ့ page တစ်ခုလည်းဖြစ်ပါတယ်။ ဒီ Page ကတော့ Follow (၈) သောင်းနီးပါးရှိနေပြီလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/bcsmyanmarcctv/?

Photo Source – https://bit.ly/2R9KAcV

(၅) KZL Online Shopping Mall
KZL Online Shopping Mall ကလည်း နည်းပညာပိုင်းဆိုင်ရာပစ္စည်းအသေးစားလေးတွေဖြစ်တဲ့ ဘော့ပင်ကင်မရာ၊ စပိုင် ကင်မရာ၊ ကားကီးချိန်းကင်မရာ၊ ရေအောက်ရိုက်ကူးရေးကင်မရာအသေးစားများနဲ့ အခြားအိမ်သုံးပစ္စည်းအဆန်းအသစ်များ စွာကို ရောင်းချပေးနေတဲ့ Online Shopping တစ်ခု လည်းဖြစ်ပါတယ်။ နည်းပညာပစ္စည်းကြိုက်နှစ်သက်သူများ၊ အိမ်ရှင်မ များ သိထားသင့်တဲ့ Online Shopping Page တစ်ခုလည်းဖြစ်ပါတယ်။
အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/KZL-Online-Shopping-Mall-803861333129408/