ဒီဂျစ်တယ်ခေတ်နှင့်Cryptocurrency

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ငွေကြေးသုံးစွဲခြင်း ကွာခြားမှုနှင့် လဲလှယ်မှုတွေဟာ ကမ္ဘာ့စီးပွားရေး ကုန်သွယ်မှုတွေ​အပေါ်များစွာ သက်ရောက်မှု ရှိပြီး နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ e-commerce, digital payment များအတွက် cryptocurrency ကလည်း ဒေါ်လာစျေးကွက်ကဲ့သို့ ရေပန်းစားလာခဲ့ပါတယ်။ ကားများ အဆင့်မြင့်လူသုံးကုန်ပစ္စည်းများ အာမခံလုပ်ငန်းများအတွက် ပေးချေမှုတစ်ခုအဖြစ် cryptocurrency ကိုသုံးစွဲသလို cryptocurrency စျေးကွက်၌ ရင်းနှီးမြှုပ်နှံကြကာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ကွန်ပျူတာ သို့မဟုတ် ဖုန်းထဲမှာ cryptocurrency wallet ကဲ့သို့ software သာ လိုအပ်ပြီး မိမိစိတ်ကြိုက်ယုံကြည်ရသော Bitcon, Ethereum, Litecom, Ripple စသည်ဖြင့် platform များရွေးချယ်နိုင်ပြီး ရရှိသော အကျိုးအမြတ်များကိုလည်း အချိန်နှင့်တပြေးညီရရှိနိုင်လာပါတယ်။

Cryptocurrency နဲ့ဆက်စပ်ပေါ်ပေါက်လာတဲ့ Play to earn, move to earn ဂိမ်းအစီအစဥ်များဟာလည်း cryptocurrency ရင်းနှီးမြှုပ်နှံရာ ကဏ္ဍများအဖြစ် ထင်ရှားလာခဲ့ပါတယ်။စစ်မှန်ပြီး ယုံကြည်စိတ်ချရတဲ့ Non- Fungible Tokens (NFTs) ကုန်သွယ်စနစ် များကြောင့် Crypto ဂိမ်းလုပ်ငန်းများဟာ ဒေါ်လာသန်းပေါင်းများစွာမြှုပ်နှံထားတဲ့ စျေးကွက်တစ်ခုသဖွယ် ရပ်တည်လျက်ရှိပါတယ်။ ဂိမ်းကစားရုံနဲ့ ငွေများရရှိလာနိုင်တဲ့ ဒီဂျစ်တယ်စျေးကွက်အဖြစ် တွင်ကျယ်လာခဲ့ပါတယ်။

ဆော့ရလွယ်ကူပြီး Play to earn cryptocurrency ဂိမ်းများဟာ ဆော့ကစားသူများရဲ့ ဂိမ်းထဲမှရရှိသည့် assets များကို crytocurrency ဖြင့်လဲလှယ်နိုင်ပြီး move to earn ဂိမ်းများကတော့ ကျန်းမာအောင်ရွေ့လျားနေထိုင်ရင်း crytocurrency များကိုယူဆောင်လာပေးတဲ့ projects များဖြစ်ပါတယ်။ Play to earn ဟာ ကစားသူများကို ဂိမ်းဇာတ်ကောင်များနှင့်အတူ တိုက်ပွဲများ ယှဥ်ပြိုင်တိုက်ခိုက်ခြင်း ပြဿနာများဖြေရှင်းဆောင်ရွက်ခြင်း စတဲ့ ဂိမ်းကစားနည်းမှ စိတ်အပန်းဖြေမှုများကို ယူဆောင်လာပေးသလို အနိုင်ရခြင်း တာဝန်များပြီးဆုံးအောင်ဆော့ကစားသည့်အခါမှ ရရှိလာသော ဂိမ်းငွေကြေးများကို NFTs များဝယ်ခြင်း Cryptocurrency wallet သို့ရွေ့ပြောင်းပေးခြင်းများလုပ်ဆောင်ပေးပါတယ်။ ထို digital ငွေကြေးများဟာလည်း လက်တွေ့ ပစ္စည်းအသုံးအဆောင်များဝယ်ယူရာမှာ  ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဂိမ်းအတွင်း လုပ်ဆောင်မှု တက်ကြွစွာဆော့ကစားမှုတိုင်းအတွက်လည်း digital ငွေကြေးများရရှိနေတာကြောင့် play to earn ဂိမ်းများဟာ လူကြိုက်များမှုအလွန်မြင့်မားလာတာပဲ ဖြစ်ပါတယ်။ Plant Vs Undead, Gods unchain, Axie Infinity စတာတွေကတော့ အထင်ရှားဆုံးနဲ့ ကစားသူအများဆုံး play to earn ဂိမ်းများပဲ ဖြစ်ပါတယ်။ 

Play to earn ဂိမ်းများခေတ်စားလာပြီးနောက် cryptocurrency မှာ လှုပ်ရှားမှုပေါ်အ​ခြေခံပြီး ငွေကြေးများရရှိနိုင်တဲ့ Move to earn ကိုလည်း ဖန်တီးခဲ့ကြပါတယ်။ Crypto ဆုလာဒ်များကို ချီးမြှင့်ရင်း ကိုယ်ကာယလှုပ်ရှားမှုများ ဆော့ကစားရုံနဲ့ စီးပွားရေးအခွင့်အလမ်းများကို Move to earn ဂိမ်းများမှာ ထည့်သွင်းထားပါတယ်။ လက်တွေ့ဆန်ပြီး ကိုယ်တိုင်ပါဝင်လှုပ်ရှားနေရသလို ကုန်ပစ္စည်းများ ဖန်တီးရောင်းချ သကဲ့သို့ ဖန်တီးထားတဲ့ Move to earn platform မှာရေပန်းအစားဆုံးဂိမ်းများကတော့ Tamadoge, Battle Infinity, STEPN စတာတွေပဲ ဖြစ်ပါတယ်။ Tamadoge ဂိမ်းဟာဆိုရင် သုံးစွဲသူပေါင်း သန်း ၂၀ နှင့် Token စျေးနှုန်းဟာလည်း ၂၀၂၂ ခုနှစ်အတွင်း $0.2 မှ 0.3 ထိမြင့်တက်လာခဲ့ပါတယ်။ STEPN မှာဆိုရင်တော့ တကယ့်ကျန်းမာရေးအတွက် နေထိုင်သင့်တဲ့လူနေမှုပုံစံများဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း၊ အမြန်ပြေးခြင်းစသည့် လှုပ်ရှားမှုများမှ crypto ဆုလာဒ်များရရှိတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်လည်း Covid ရောဂါပြန့်နှံ့ပြီးနောက် stay home ကာလများတွင် လူငယ်များ အပြင်သို့မထွက်ဘဲ ဝင်ငွေများရရှိနိုင်သော cryptocurrency ရင်းနှီးမြှုပ်နှံမှုများမှာ ခေတ်စားလာခဲ့သည်။ Play to earn၊ Move to earn ဂိမ်းအစီအစဥ်များသည်လည်း free to play အစီအစဥ်များ ပံ့ပိုးထားတဲ့အတွက်ကြောင့် အထူးတလည် ရင်းနှီးမြှပ်နှံမှုမလိုဘဲ လွယ်ကူစွာကစားနိုင်ပြီး games ဆော့ရင်း လိုချင်တဲ့ access များကို invest ရင်း အကျိုးအမြတ်များရ နိုင်တာကြောင့်  လူငယ်များအကြား အထူးရေပန်းစားလှပါတယ်။ ဂိမ်းတစ်ခု ကစားရုံတင်မဟုတ်ဘဲ ရင်းနှီးမြှပ်နှံလိုက်တဲ့ ROI ( return on invest) tokens များစျေးအတက်အကျကိုလည်း တွက်ချက်ခန့်မှန်းကြခြင်းအတွက် စျေးကွက်စီးပွားရေးကိုလည်း မျက်ခြေမပျက် ဖြစ်လာကြပါတယ်။ ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံထားရတဲ့ စီးပွားရေးမဟုတ်ဘဲ ဂိမ်းဆော့ရင်း ဝင်ငွေများရရှိနိုင်တာကြောင့် ဂိမ်းဆော့သလိုအပျော်သဘောထက် စီးပွားရေးအရကော ရင်းနှီးမြှုပ်နှံဆော့ကစားသူများဟာဆိုရင်လည်း မြန်မာနိုင်ငံအဝှမ်းများပြားလာရာ ကြိုက်နှစ်သက်ရာ play to earn ၊ move to earn ဂိမ်းများကို မိမိသုံးနိုင်သော လိုအပ်တဲ့ investment တွေထည့်ပြီး စိတ်ချရတဲ့ NFTs ကွန်ရက်များမှ ငွေလဲလှယ်ကစားခြင်းမျိုး game access ရောင်းဝယ်ခြင်းမျိုးများ လုပ်ဆောင်လျက်ရှိကြပါတယ်။

ယခင်က ကွန်ပျူတာဂိမ်း မိုဘိုင်းဂိမ်းများကို တစ်နေ့တာလုပ်ငန်းဆောင်တာများရဲ့ စိတ်အပန်းဖြေမှုသဖွယ် ဆော့ကစားခဲ့ကြပေမယ့် ယခုဒီဂျစ်တယ်ခေတ်မှာတော့ ဂိမ်းကစားရင်း ငွေကြေးများရရှိလာတဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခု အသက်မွေးဝမ်းကြောင်းတစ်ခုသဖွယ် ဖြစ်လာခဲ့ပါတယ်။ ငွေကြေးသုံးစွဲရာတွင်လည်း digital payment များကိုလွယ်ကူစွာသုံးစွဲလာနိုင်တာကြောင့် Cryptocurrency ရဲ့ play to earn , move to earn games platform များမှ ရရှိလာတဲ့ ငွေကြေးများဟာ digital wallet ထဲတင်မဟုတ်ဘဲ ပစ္စည်းများကိုလည်း စိတ်ကြိုက်ဝယ်ယူနိုင်တာကြောင့် လူကြိုက်မြင့်သထက်မြင့်လာပြီး ပိုမိုခိုင်မာတဲ့ platform အဖြစ် ရပ်တည်လျက်ရှိပါတယ်။ အစိုးရအဖွဲ့အစည်းများရဲ့ ပါဝင်ပတ်သက်မှုများကင်းတဲ့ digital platform ဖြစ်တာ​ကြောင့် ငွေကြေးမသမာသူများ၏ လှည့်ဖျားမှုများ မိမိတို့၏ အကောင့်များ hack ခံခြင်းများ မဖြစ်ရလေအောင် ယုံကြည်စိတ်ချရတဲ့ Blockchain platform များကို ရွေးချယ်မြှုပ်နှံကြရန်မှာလည်း အထူးအရေးကြီးလှပါတယ်။ သို့ပေမယ့် ဒီဂျစ်ခေတ်မှာ  crytocurrency နဲ့ ဆက်စပ် play to earn , move to earn platform များဟာ စျေးကွက်စီးပွားရေးတစ်ခုသဖွယ် ကျယ်ပြန့်နေပြီး ဂိမ်းများဆော့ကစားရင်း ဝင်ငွေများရရှိနေသည်မှာ ကောင်းသော နည်းပညာတိုးတက်မှုများဟူ၍ ကောက်ချက်ချမိပါတော့သည်။